November 1, 2023

ဂါဇာဒုက္ခသည်စခန်း တိုက်ခိုက်ခံရလို့ ဟားမတ်စ်ကွန်မန်ဒါအပါအဝင် လူပေါင်း ၅၀ သေဆုံး

ဂျေရုဆလင်၊ နိုဝင်ဘာ ၂ဂါဇာကမ်းမြောင်ဒေသရှိ လူနေထူထပ်တဲ့ ဂျာဘာလီယာ ဒုက္ခသည်စခန်း လေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမတ်စ်ကွန်မန်ဒါ တစ်ဦးဖြစ်တဲ့ အီဘရာဟင်ဘိုင်ရာရီ အပါအဝင် လူပေါင်း ၅၀ ဦးသေဆုံးခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF)က သတင်းထုတ်ပြန်ပါတယ်။ သေဆုံးခဲ့တဲ့ ဟားမတ်စ်ကွန်မန်ဒါ အီဘရာဟင်ဘိုင်ရာရီဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးတို့ အထိနာခဲ့တဲ့ တိုက်ခိုက်မှုကို စီစဉ်သူတစ်ဦးလို့ စွပ်စွဲခံထားရတဲ့သူလည်း ဖြစ်ပါတယ်။…

ဘင်္ဂလားဒေ့ရှ်အစိုးရ ဖြုတ်ချရေး ဆန္ဒပြပွဲမှာ အရပ်သား ၂ ဦးသေဆုံး

ဒါကာ၊ နိုဝင်ဘာ ၂ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ပြုတ်ကျရေး ဆန္ဒထုတ်ဖော်ခဲ့တဲ့ ၃ ရက်တာအတွင်း ရဲတပ်ဖွဲ့နဲ့ စုဝေးသူတွေကြား ဖြစ်ပေါ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုတွေကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အတိုက်အခံပါတီ ထောက်ခံသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကို တုံ့ပြန်ဖို့ လမ်းတွေကို သုံးရက်တာ ပိတ်ဆို့ဖို့ လုပ်ဆောင်ခဲ့ရာကနေ အောက်တိုဘာ ၃၁…

စစ်ကောင်စီကို အမေရိကန်အပါအဝင်အနောက်အုပ်စု ပိတ်ဆို့အရေးယူမှုထပ်ချ

ဝါရှင်တန်၊နိုဝင်ဘာ ၂ အာဏာသိမ်းစစ်ကောင်စီရဲ့ တစ်ခုတည်းသော နိုင်ငံခြားဝင်ငွေ အများဆုံးရနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE အပါအဝင် စစ်ကောင်စီ အရာရှိကြီးတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူမှု ထပ်မံချမှတ်လိုက်တယ်လို့ အမေရိကန်အပါအဝင် အနောက်အုပ်စုက ထုတ်ပြန်ပါတယ်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုရဲ့ လက်နက်ဝယ်ယူမှုတွေ ကျဆင်းစေဖို့အတွက် ပိတ်ဆို့အရေးယူခဲ့တာဖြစ်တယ်လို့ အသိပေးထားတာပါ။ ဒီပိတ်ဆို့အရေးယူမှုဟာ လာမယ့် ဒီဇင်ဘာ…

၁၀၂၇ စစ်ဆင်ရေးမှာ BPLA ရဲဘော် ၄ ဦး ကျဆုံး

မော်လမြိုင် – နိုဝင်ဘာ ၁ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့အတူ ၁၀၂၇ စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်တိုက်ခိုက်နေတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်( BPLA) ရဲ့ ကျဆုံးသွားသော ရဲဘော် ၄ ဦးကို အာဇာနည် အလေးပြုပြီးသေနတ်ပစ်ဖောက်ဂုဏ်ပြုခဲ့တယ်လို့ ကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်ရဲဘော်တွေဟာ BPLA အလံတော် ကိုအလေးပြုတာ၊ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်တွေနဲ့…

မြန်မာအလုပ်သမားများ ထိုင်းတွင်ဖမ်းမိမှုကို PDF များဖမ်းမိခြင်းဟု စစ်တပ်လော်ဘီများ သတင်းမှားဖြန့် (အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “ဘုရားသုံးဆူ-ကန်ချနဘူရီနယ် စပ်မှာ ဝရမ်း‌ပြေး PDF ၁၇ဦး ကိုဖမ်းဆီး “ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။…

နယ်မြေကျော်လာရင် တိုက်ထုတ်သွားမယ်လို့ UWSA အသိပေး

ပန်ဆန်း – နိုဝင်ဘာ ၁ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကြည်းကြောင်း၊လေကြောင်းတွေက စစ်ရေးဆိုင်ရာ နယ်မြေကျူးကျော်မှုတွေ ရှိလာရင် တုံ့ပြန်တိုက်ထုတ်သွားမှာဖြစ်တယ်လို့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ “ဝ” တပ်ဖွဲ့အနေနဲ့ ဘက်မလိုက်ရေးမူကို ကျင့်သုံးပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတိုက်ပွဲတွေမှာ ဘယ်ဘက်ကမှာ ပါဝင်မှာ မဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးလုပ်ဆောင်ကြဖို့သာ တိုက်တွန်းထားတာပါ။…

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ တသားတည်းရပ်တည်တယ်လို့ NUG ယာယီသမ္မတပြော

မော်လမြိုင် – နိုဝင်ဘာ ၁ ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲနေကြတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့အတူ တသားတည်းရပ်တည်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃၄ ကြိမ်မြောက် အစိုးရ အဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတက အခုလိုပြောခဲ့တာပါ။ “တိုက်ပွဲဝင်နေကြတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့အပါအဝင်…

CDM လေတပ် ဗိုလ်ကြီး ဇေသူအောင်နဲ့ ဆက်သွယ်မေးမြန်းချက်

“စစ်တပ်ထဲမှာ တိုင်းရင်းသားတွေအကုန်လုံးသာ တိုက်ကြမယ်ဆိုရင် စစ်တပ်ကထိန်းနိုင်ဖို့ ခက်တယ်ဆိုတာ စစ်သားတိုင်းသိပါတယ်” ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)၊တအာင်းအမျိုးသားတပ်မတော် (TNLA) နဲ့ ကိုးကန့်အ ဖွဲ့ (MNDAA)တို့ဟာ ၁၀၂၇ လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေး ကြေညာပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှိတဲ့ စစ်ကောင်စီတပ်ကို တပြိုင်နက်တည်း အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ အဲဒီစစ်ဆင်ရေးစတင်ကြေညာတဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကနေ ၃၀…