October 2023

PDF တွေ လုံခြုံရေးစစ်ဆေးတာကို ဓားပြတိုက်တာလို့ ပုံမှားရိုက် သတင်းအမှားဖြန့်နေ (အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊ အမှားအစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “ကရင်နီပြည်မှ PDF များသည် ခရီးသွားပြည်သူများကို လက်နက်ပြ၍ ခြိမ်းခြောက်ကာ ဓားပြတိုက်”ဆိုတဲ့ တပ်လော်ဘီတွေ ဖြန့်ချိနေတဲ့ အကြောင်းအရာကို…

အုတ်ဖိုမှာ စစ်သင်တန်းတက်ဖို့ထွက်လာတဲ့ စစ်ကောင်စီရာအိမ်မှူးပျူစောထီးခေါင်းဆောင် ရှင်းလင်းခံရ

အုတ်ဖို – အောက်တိုဘာ(၂) ပဲခူးတိုင်း၊သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာအုပ်စု ကြယ်နီကုန်းရွာက စစ်ကောင်စီထောက်တိုင်ရာအိမ်မှူး ဦးအောင်ဝင်းလေးဟာ (ခ.မ.ရ-၆) တိမ်မြုတ်တပ်ကို စစ်သင်တန်းသွားရောက်ဖို့ ထွက်လာစဉ် သာယာဝတီခရိုင် PDF က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ အောက်တိုဘာလ(၂) ရက်နေ့ မနက်အစောပိုင်းက သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၄(မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို) က ပစ်ခတ်ရှင်းလင်းခဲ့တာပါ။ စစ်ကောင်စီထောက်တိုင်ရာအိမ်မှူး…

(ABSDF) ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်ဆလိုင်းယောအောင် နဲ့ ဆက်သွယ်မေးမြန်းချက်

“NCA နှစ်ပတ်လည်ဖိတ်ကြားမှုက ငြိမ်းချမ်းရေးလုပ်တာမှ မဟုတ်ပဲ။ တကယ့်ငြိမ်းချမ်းရေးကို လုပ်ချင်ရင် သူ့တပ် တွေကိုရုပ်ပါ။ ဒီနေ့အဖမ်းခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းသားအားလုံးကို လွှတ်ပါ။ အပြုသဘောဆောင်တဲ့ အလုပ်တွေလုပ်ပါ” အာဏသိမ်း စစ်ခေါင်းဆောင်က အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်မယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ရဲ့ ၈ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ EAO…

ထိုင်းမှာ ၉ လအတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၂,၀၀၀ နီးပါး ဖမ်းဆီးခံရ

မြဝတီ၊ အောက်တိုဘာ(၁) ထိုင်းနိုင်ငံမှာ အခုနှစ်ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ၉ လအတွင်း အထောက်အထားမဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ထိုင်းအလုပ်သမားဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ အခုနှစ်စက်တင်ဘာ ၂၅ ရက်အထိ ထိုင်းနိုင်ငံထဲက လုပ်ငန်းခွင်ပေါင်း ၅၃,၀၀၀ ကျော် ကျပန်းစနစ်နဲ့ ဝင်ရောက်စစ်ဆေးခဲ့တာပါ။ အဲဒီလို…

အပစ်ရပ်အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့် နဲ့ ဆက်သွယ်မေးမြန်းချက်

“လောလောဆယ်ကတော့ NCA အကောင်အထည်ဖော်မှုတွေကတော့ ကျွန်တော်တို့မလုပ်နိုင်ဘူး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းဆိုရင် ကျွန်တော်တို့ NCA လမ်းကြောင်းမှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေလည်း ရပ်တန့်သွားတယ်” နိုင်ငံအနှံ့နီးပါး စစ်မျက်နှာဖွင့်ပြီး ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်မယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ၈ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို အကြီးအကျယ်ကျင်းပဖို့ စီစဉ်နေပါတယ်။ အခမ်းအနားကျင်းပနိုင်ဖို့ စစ်ကောင်စီ ငြိမ်းချမ်း…

ရေးမှာ စစ်ကောင်စီ ဒုတပ်ရင်းမှူးအပါအဝင် ၃ ဦး တိုက်ခိုက်ခံရပြီးသေဆုံး

ရေး၊ အောက်တိုဘာ(၁) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် စစ်ကောင်စီ အမှတ်(၅၉၁) ခြေမြန်တပ်ရင်း ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ တောင်ပိုင်းတိုင်း၊ အမှတ် ၃ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူးရုံးက ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၃၀ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်က တပ်ပြင်ထွက်လာတဲ့ စစ်ကောင်စီဒုတပ်ရင်းမှူးနဲ့အတူ စစ်သား၂ ဦး…

အရန်ဆန်တွေ ထုတ်ရောင်းနေပေမယ့် ဆန်ဈေးနှုန်း အမြင့်ဈေးမှာပဲဆက်ရှိနေ

မော်လမြိုင်၊ အောက်တိုဘာ(၁) မြန်မာနိုင်ငံဆန်းစပါးအသင်းချုပ်က ဆန်ဈေးနှုန်းကျဆင်းစေဖို့အတွက်ဆိုပြီး အရန်ဆန်တွေကို ထုတ်ရောင်းနေပေမယ့် ဆန်ဈေးကွက်အတွင်းမှာတော့ ဆန်ဈေးနှုန်းအမြင့်ဈေးပဲ ဆက်ရှိနေတယ်လို့ ဆန်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဆန်ဈေးနှုန်းကျဆင်းစေဖို့နဲ့ ဆန်ဈေးနှုန်းတည်ငြိမ်စေဖို့အတွက်ဆိုကာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်နေ့မှစပြီး ဆန်တွေကို သက်သာတဲ့ဈေးနှုန်းတွေနဲ့ ရောင်းချပေးနေပေမယ့် ဆန်ဈေးနှုန်းတွေ ကျဆင်းလာခြင်း မရှိသေးပါဘူး။ ဆန်ဈေးနှုန်းဟာ ပြီးခဲ့တဲ့သြဂုတ်ပထမအပတ်က ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ် ၁၃၀,၀၀၀…