ကော်သူးလေနယ်မြေမှာ စစ်ကောင်စီတပ် ထိုးစစ်မဆင်နိုင်တော့ဘူးလို့ KNU ပြော
ကော်သူးလေ၊ အောက်တိုဘာ(၁၄) ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်ဟာ အရင်ကလို စစ်ရေးထိုးစစ်ဆင်လှုပ်ရှားမှုမျိုး မလုပ်ဆောင်နိုင်တော့သလို နယ်မြေဆုံးရှုံးမှုလည်း ပိုများလာခဲ့တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်းကာလအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDOတို့ကြား တိုက်ပွဲအကြိမ်တစ်သောင်းနီးပါး ဖြစ်ပွားထားတာပါ။ အဲဒီထဲမှာ အခုနှစ်ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ၉ လအတွင်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား…