October 29, 2023

ချောင်းဆုံမြို့နယ်ကို ညမထွက်ရအမိန့်ရုပ်သိမ်း

ချောင်းဆုံ၊ အောက်တိုဘာ(၂၉) မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်အတွင်း စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ စစ်ကောင်စီဟာ အာဏာသိမ်းကာလအတွင်း နယ်မြေလုံခြုံရေးအကြောင်းပြချက်နဲ့ ချောင်းဆုံမြို့နယ်ကို ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာပါ။ အဲဒီညမထွက်ရအမိန့်ကို အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး…

လောင်းလုံးမှာ NLD ပါတီဝင်တစ်ဦးအပါအဝင် ဒေသခံ ၂ ဦး ဖမ်းဆီးခံရ

လောင်းလုံး၊ အောက်တိုဘာ(၂၉) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တစ်ဦးအပါအဝင် ဒေသခံ ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ တပ်အင်အား ၅၀ နီးပါးပါတဲ့ စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၂၆ ရက်နေ့က မင်းရပ်ကျေးရွာထဲ ဝင်ရောက်လာပြီးနောက် ဒေသခံတွေကို ဖမ်းဆီးသွားခဲ့တာပါ။ စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်း ဝင်ရောက်လာစဉ် လမ်းသွားနေတဲ့…

ကိုးကန့်ဒေသက စစ်ကောင်စီတပ်တွေ လက်နက်ချအလင်းဝင်ဖို့ MNDAA သတိပေး

ကိုးကန့်၊ အောက်တိုဘာ(၂၉)ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသမှာရှိတဲ့ စစ်သားနဲ့ ရဲတွေအနေနဲ့ လက်နက်ချအလင်းဝင်ကြဖို့နဲ့ အလင်းဝင်လာသူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးမယ်လို့ ရှမ်းပြည်အထူးဒေသ (၁) စစ်ရေးအုပ်ချုပ်မှုကော်မတီက အောက်တိုဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကိုးကန့်ရုပ်သေးအဖွဲ့ရဲ့ အဆင့်ဆင့်သော အုပ်ချုပ်ရေးနဲ့ ဌာနဝန်ထမ်းတွေအနေနဲ့ မိမိလုပ်ငန်း တာ ဝန်ရဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်း၊ ဓာတ်ပုံ၊စာရင်းဇယား၊ဘောက်ချာနဲ့ ငွေကြေးတွေကို ကောင်း မွန်စွာ ထိန်းသိမ်းထားဖို့လည်း…

တော်လှန်ရေးအင်အားစုတွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီအထိနာ

နေလားရှိုး၊ အောက်တိုဘာ(၂၉) နိုင်ငံတဝန်းမှာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် တော်လှန်ရေးအင်အားစုတွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်ကအထိနာနေပြီး စစ်မျက်နှာများစွာ ဖြန့်ကျက်ရင်ဆိုင်ထားရတယ်လို့ စစ်ရေး၊ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ အစည်းတွေကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေတပ်တွေနဲ့ အင်အားသုံးတိုက်ခိုက်နေရတာပါ။ နာမည်ကျော်စောနေတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇…

ထားဝယ်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးသေဆုံး

ထားဝယ်၊ အောက်တိုဘာ(၂၉) တနင်္သာတိုင်းဒေသကြီး၊ ထားဝယ်အကျဉ်းထောင်မှာ ထောင်ဒဏ် ၁၃ နှစ် ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးသွားတယ်လို့ ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ယက် (DPPN)က ထုတ်ပြန်ပါတယ်။ အသက် ၄၄ အရွယ် နိုင်ငံရေးအကျဉ်းသား ဦးကျော်သိန်းဟာ အောက်တိုဘာ ၂၇ ရက်နေ့ မနက် ၁၀ နာရီအ ချိန်လောက်မှာ ရုတ်တရက် အမောဖောက်လာတဲ့အတွက် ထောင်တွင်းဆေးခန်းကနေ ပြင်ပဆေးရုံသို့ပို့ဆောင်စဉ်…

သက်ဆင်သမီး ထိုင်းအာဏာရပါတီ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရ

ဘန်ကောက်၊ အောက်တိုဘာ(၂၉) ထောင်နန်းစံနေတဲ့ ဘီလျံနာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာရဲ့သမီးဖြစ်သူဟာ ထိုင်းအာဏာရပါတီ Pheu Thai ရဲ့ ခေါင်းဆောင်အဖြစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ ရွေးချယ်ခံလိုက်ရတယ်လို့ သိရပါတယ်။ နိုင်ငံရေးလောကသို့ ဝင်ရောက်ပြီး နှစ်နှစ်အကြာမှာပဲ သက်ဆင်ရဲ့ အငယ်ဆုံးသမီး ဖယ်တုံတန်ရှင်နာဝါထရာကို Pheu Thai ပါတီက ခေါင်းဆောင်အသစ်အဖြစ် မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ “Pheu Thai ရဲ့…

အစ္စရေးထိုးစစ်ကြောင့် ဂါဇာဒေသ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်တောက်

ဂါဇာ၊အောက်တိုဘာ (၂၉) အစ္စရေးထိုးစစ်ကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက် သွားပြီး ပြင်ပကမ္ဘာကို ဆက်သွယ်လို့ မရတော့တာဟာ ရက်စက်ကြမ်းကြုတ်မှုတွေကို ဖုံးကွယ် နိုင်တယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ မီဒီယာအဖွဲ့အစည်းတွေက သတိပေး လိုက်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး အစ္စရေးတပ်ဖွဲ့ရဲ့ မြေပြင်ထိုးစစ်ဆင်မှုနဲ့ ဗုံးကြဲတိုက်ခိုက်တွေအပြီးမှာတော့ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းသားတွေဟာ နယ်မြေအပြင် ဘက်ကို ဆက်သွယ်လို့ မရတော့တာပါ။…

မော်လ်ဒိုက်မှာ တပ်စွဲထားတဲ့ အိန္ဒိယတပ်သားတွေ ဖယ်ရှားဖို့ စတင်ဆွေးနွေး

မော်လ်ဒိုက်၊အောက်တိုဘာ(၂၉) မော်လ်ဒိုက်ဒေသမှာ တပ်စွဲထားတဲ့ အိန္ဒိယစစ်တပ်ဖယ်ရှားပေးဖို့ သက်ဆိုင်ရာအစိုးရနဲ့ ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ မော်လ်ဒိုက်သမ္မတ မိုဟာမက်မာဇီက ပြောကြားလိုက်ပါတယ်။ အိန္ဒိယတပ်တွေကို ဖယ်ရှားရေးအစီအစဉ်ဟာ ပြီးခဲ့တဲ့လက သမ္မတဟောင်း အီဘရာဟမ်ကိုဆိုလစ်ကို ဖြုတ်ချခဲ့တဲ့ သမ္မတမာဇီရဲ့ ရွေးကောက်ပွဲ ကတိကဝတ်တစ်ခုလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက ထောက်ပံ့ထားတဲ့ ရေဒါစနစ်နဲ့ ထောက်လှမ်းရေယာဉ်တွေမှာ အိန္ဒိယစစ်ဘက်အရာရှိ ၇၀ လောက်ဟာ မော်လ်ဒိုက်ဒေသရဲ့ အထူးစီးပွားရေးဇုန်ကို စောင့်ကြပ်နေခဲ့တာပါ။…