Radio Than Lwin Times(20/10)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
https://youtu.be/smnlwxaZnIM
ဒါကာ၊ အောက်တိုဘာ(၂၅) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အောက်တိုဘာ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရထားနှစ်စင်းတိုက်မိတာ ကြောင့် လူ ၁၇ ဦးသေဆုံးပြီး ၁၀၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးမှုနှုန်း မြင့်တက်လာ ဖွယ်ရှိနေတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ အာဏာပိုင်တွေအဆိုအရ ဘဟာရအရှေ့ပိုင်းမြို့မှာ ကုန်တင်ရထားဟာ ဆန့်ကျင်ဘက်က လာနေတဲ့ ခရီးသည်တင်ရထားကို ဝင်တိုက်ခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် ခရီးသည်တင် ရထားနှစ်စင်းကလည်း လမ်းချော်ခဲ့တာတယ်လို့…
ဘေဂျင်း၊ အောက်တိုဘာ(၂၅) အစ္စရေး-ဟားမတ်စ်ရဲ့ ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း တရုတ်နဲ့ အစ္စရေးထိပ်တန်းသံတမန်တွေ အကြား ပထမ ဆုံးအကြိမ် ဖုန်းခေါ်ဆို ဆွေးနွေးမှုပြုလုပ်စဉ် နိုင်ငံအားလုံးဟာ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ “နိုင်ငံအားလုံးမှာ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိပါတယ်”လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက အစ္စ ရေးနိုင်ငံခြားရေးဝန်ကြီး အယ်လီခိုဟန်ကို ပြောခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ ဒါပေမယ့်လည်း…
ဘန်ကောက်၊ အောက်တိုဘာ (၂၅) ထိုင်းတော်ဝင်ရေတပ်ဟာ တရုတ်ထံကနေ ရေငုပ်သင်္ဘော နှစ်စီး ဝယ်ယူဖို့ ပြင်ဆင်ခဲ့ပေမယ့် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် တိုက်သင်္ဘော ပြောင်းလဲဝယ်ယူဖို့ ဆုံးဖြတ်တယ်လို့ ထိုင်း ကာကွယ်ရေးဝန်ကြီး ဆူတင်ကလူဆန်က အောက်တိုဘာ ၂၁ ရက်နေ့မှာ ပြောကြားလိုက် ပါတယ်။ ထိုင်းနိုင်ငံဟာ ပြင်ပပေါက်ဈေး ၁၃ ဒသမ ၅ ဘီလီယမ်တန်ဖိုးရှိတဲ့ S26T Yuan…
“လက်ရှိကိုယ့်တိုင်းပြည်ထဲမှာ မငြိမ်မသက်တွေဖြစ်လို့၊ မတည်ငြိမ်မှုတွေဖြစ်လို့၊ အန္တရာယ်တွေ မကင်းရှင်းလို့ဆို ပြီး တိုင်းတပါးကို လာတော့မယ်ဆိုရင် မိမိသွားမယ့်နိုင်ငံရဲ့ လက်ရှိပကတိ အခြေအနေကိုလည်း စနစ်တကျ လေ့လာစုံစမ်းပြီးမှ လာစေချင်တယ်” ထိုင်းနိုင်ငံမှာ အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ၉ လတာအတွင်း အထောက်အထားမဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သား ၂၀၀၀ နီးပါး ဖမ်းဆီးခံနေရသလို တရားမဝင် နယ်စပ်ကျော်ဖြတ်ဝင်ရောက်မှုကြောင့် နေ့စဉ်နဲ့အမျှ ဖမ်းဆီးခံရမှုတွေ…
သိုင်ငင်း – အောက်တိုဘာ(၂၄) ချင်းပြည်နယ်၊ သိုင်ငင်းစခန်းမှ စစ်ကောင်စီတပ်သား စိုင်းဇော်ထွေးဆိုသူဟာ ချင်းကာကွယ်ရေး တပ်ဖွဲ့ (CDM-Siyin) ထံသို့ လက်နက်နဲ့ အလင်းဝင်ရောက်လာတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၂၀) ရက်နေ့က အလင်းဝင်ရောက်လာတာဖြစ်ပြီး (CDM-Siyin) အနေနဲ့ သူနေထိုင်နိုင်ဖို့ကိစ္စတွေကို စီစဉ်ပေးပြီး လွတ်မြောက်နယ်မြေ ရောက်ရှိတဲ့အထိ ဆောင်ရွက်ပေးခဲ့ တယ်လို့ ဆိုထားပါတယ်။ နွေဦးတော်လှန်ရေး အဆုံးသတ်ဖို့ နီးကပ်လာတာနဲ့အမျှ…
ဒီးမော့ဆို၊ အောက်တိုဘာ(၂၄) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စစ်ဘေးရှောင်စခန်းမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မွေးကင်းစကလေးငယ်တစ်ဦး သွေးလန့်သေဆုံးခဲ့ရတယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေထံကနေ သိရပါတယ်။ လွိုင်ကော်အမြောက်တပ်နဲ့ ဒီးမော့ဆိုအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ ပြီးခဲ့တဲ့အောက်တိုဘာ တတိယအပတ်အတွင်း လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့တဲ့အတွက် ဆီးသူ့တော် စစ်ရှောင်စခန်းအနီးမှာ ကျရောက်ပေါက်ကွဲခဲ့တာပါ။ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ၇ ရက်သား မွေးကင်းစ ကလေးငယ်တစ်ဦးဟာ…
မော်လမြိုင်၊ အောက်တိုဘာ(၂၄) AAPP ရဲ့ အောက်တိုဘာ(၂၃)နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၉၅)ရက်အတွင်း ပြည်သူ (၄၁၅၄)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၃၃၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၂၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…
ရန်ကုန်၊ အောက်တိုဘာ(၂၄) နိုင်ငံတဝန်းမှာရှိတဲ့ အကျဉ်းထောင်အားလုံးကို စစ်ကောင်စီက ထောင်ဝင်စာတွေ့ခွင့် ကန့်သတ်ချက်နဲ့ ခွင့်ပြုပေးလိုက်တာဟာ သက်ဆိုင်ရာအာဏာပိုင်တွေအတွက် ဝင်ငွေရလမ်းဖြစ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါဖြစ်ပွားချိန်ကစပြီး အကျဉ်းထောင်တွေမှာ ထောင်ဝင်စာတွေ့ခွင့်ကို ဆိုင်းငံ့ပိတ်ပင်ထားခဲ့ပြီး စစ်တပ်အာဏာသိမ်းမှု နှစ်နှစ်ခွဲကျော်ကြာလာတဲ့အခါမှာတော့ စစ်ကောင်စီက ကန့်သတ်ချက်တွေနဲ့ ပြန်လည်ခွင့်ပြုပေးခဲ့တာပါ။ ထောင်ဝင်စာတွေ့ခွင့်ရက်ကို အောက်တိုဘာ ၂၄ ရက်နေ့ကစပြီး တွေ့ခွင့်ပြုမှာဖြစ်ကာ ကနဦးအနေနဲ့ သာယာဝတီအကျဉ်းထောင်၊ သရက်အကျဉ်းထောင်၊…