September 2023

ရေးမှာလက်နက်ကြီးကျလို့ အရပ်သား ၅ ဦး ဒဏ်ရာရ

ရေး၊ စက်တင်ဘာ(၁၄) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီး ၄ ဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ ကျောင်းရွာအခြေစိုက် စစ်ကောင်စီ အမှတ် (၅၉၁) ခြေမြန်တပ်ရင်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့…

ခလယ်တံခွန်တိုင်မှာ စစ်ကြောင်းဝင်လာလို့ ဒေသခံတွေထပ်မံထွက်ပြေးနေရ

ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာ(၁၄) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံပြည်သူလူထုတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ စစ်ကောင်စီ စစ်ကြောင်းဟာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တောင်ကလေကျေးရွာနဲ့ မုဒုံမြို့နယ် တောင်ညိုတောင်တန်းကနေတစ်ဆင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုဘက်ခြမ်းကို စက်တင်ဘာ ၁၂ ရက်နေ့ကစပြီး စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ မြို့ဟောင်း၊ ခလယ်ရွာလေးနဲ့ ခလယ်ကျေးရွာထဲက…

CDM လေတပ် တပ်ကြပ်ကြီးဇေယျ နဲ့ ဆက်သွယ်မေးမြန်းချက်

“Su-30SME ဖိုက်တာဂျက်ရဲ့အားသာချက်က နေပြည်တော်ကနေ ကြိုက်တဲ့နေရာ ဗုံးကြဲတိုက်ခိုက်လို့ရတယ်။ ဗုံးပမာဏကို အရေအတွက်တွေ အများကြီးထည့်သုံးလို့ရတယ်” ရုရှားနိုင်ငံက မှာထားတဲ့ Su 30 SME ဖိုက်တာဂျက် တိုက်လေယာဉ်နှစ်စင်း ပထမဆုံးအသုတ်အနေနဲ့ မြန်မာ နိုင်ငံကို ရောက်ရှိလာပြီး စစ်ကောင်စီစက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အတည် ပြုပြောကြားကြောင်း ရုရှားအစိုးရပိုင် RIA သတင်းမှာ ဖော်ပြပါတယ်။ Su-30SME ဖိုက်တာဂျက်…

ပိုးဖလံနှင့် မီးသီး (ခေတ်သစ် ဒဏ္ဏာရီတစ်ပုဒ်)

တစ်ခါက လူငယ်လေးတစ်ယောက်သည် အရှေ့ တောင်အာရှရှိ မြို့ကြီးတစ်မြို့တွင် နေ့စားအလုပ်သမားဘဝဖြင့် နေထိုင်လေသည်။ ကွန်ကရစ်နံရံလေးခု၊ ကွန်ကရစ်မျက်နှာကျက်တို့ဖြင့် ပြုလုပ်ထားသည့် တိုက်ခန်းကျဉ်းလေးတွင် သူ တစ်ယောက်တည်း နေထိုင်ခဲ့သည်။ အခန်းကြမ်းပြင်ကို ကွန်ကရစ်နှင့်အရောင်တူ မီးခိုးရောင် စတုရန်းကြွေပြားခင်းထားသည့်အတွက် ထိုတိုက်ခန်းသည် အတိုင်းအတာ မရှိသကဲ့သို့ ခံစားရစေသည်။ တံခါးအထက်တွင် လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်ငယ်တစ်ခုရှိသည်။ သီးခြားဖြစ်သော ရေချိုးခန်းငယ်လေးအတွင်း ဆောင့်ကြောင့်ထိုင် အိမ်သာတစ်ခုပါရှိပြီး အိမ်သာဘေးရှိ…

လစ်ဗျားမှာ မိုးရွာသွန်းမှုကြောင့် ရေကာတာ ၂ ခုပျက်စီးပြီးနောက် သေဆုံးသူ (၅၀၀၀) ကျော်အထိ မြင့်တက်လာ

လစ်ဗျားမှာ မိုးရွာသွန်းမှုကြောင့် ရေကာတာ ၂ ခုပျက်စီးပြီးနောက် သေဆုံးသူ (၅၀၀၀) ကျော်အထိ မြင့်တက်လာ လစ်ဗျား၊ စက်တင်ဘာ(၁၄) လစ်ဗျားမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကာတာနှစ်ခု ပျက်စီးပြီးနောက် သေဆုံးသူဦးရေ(၅၀၀၀) ကျော်အထိ မြင့်တက်လာခဲ့တယ်လို့ တာဝန်ရှိသူတွေက စက်တင်ဘာလ (၁၂) ရက်နေ့က ပြောကြားခဲ့ပါတယ်။ လစ်ဗျားကို ပြိုင်ဖက်အစိုးရနှစ်ခုက အုပ်ချုပ်နေပြီး နိုင်ငံအရှေ့ပိုင်းရှိ အစိုးရပြည်ထဲရေး ဝန်ကြီးဌာန ပြောရေးဆို…

ရုရှားနဲ့ ဆက်ဆံရေးဟာ မဟာဗျူဟာမြောက် အရေးကြီးတယ်လို့ မြောက်ကိုရီးယားခေါင်း ဆောင် ပြော

ပြုံယမ်း – စက်တင်ဘာ(၁၄) မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်ဟာ (၂) နိုင်ငံကြား မဟာဗျူဟာကျ မိတ်ဖက် ဖြစ်တာကို ဖော်ပြတာဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ နှစ်နိုင်ငံကြား လက်နက်ကုန်သွယ်ရေးဆိုင်ရာ သတိပေးချက်တွေ ရှိပေမယ့် သမ္မတပူတင်နဲ့ ဆွေးနွေးမှုတွေပြုလုပ်နိုင်ဖို့ မစ္စတာကင်ဟာ ကိုယ်ပိုင်ရထားနဲ့ သွား ရောက်ခဲ့တာပါ။ “ကင်ဂျုံအန်း၏ ပြောကြားချက်အရ ရုရှားဖက်ဒရေးရှင်းသို့…

မြန်မာစစ်ကောင်စီ ပြုလုပ်မယ့် အစည်းအဝေးကို အာဆီယံလေတပ်ခေါင်းဆောင်တွေ မတက်ရောက်ဘူးလို့ ငြင်းဆို

နေပြည်တော် – စက်တင်ဘာ(၁၄) အရှေ့တောင်အာရှမှ လေတပ်အကြီးအကဲအများစုဟာ မြန်မာစစ်ကောင်စီဦးဆောင်ပြုလုပ်မယ့် အစည်းအဝေးကို မတက်ရောက်ဖို့ စီစဉ်ထားတယ်လို့ သတင်းရင်းမြစ်တွေက ဆိုထားပြီး ထိုင်း နိုင်ငံကတော့ တက်ရောက်ဖို့ရှိနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြထားပါတယ်။ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ အာဆီယံလေတပ်ဦးစီးချုပ်များညီလာခံဟာ ကာကွယ်ရေး၊ အစွန်း ရောက်ဝါဒတိုက်ဖျက်ရေးနဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးတွေမှာ ပူးပေါင်းဆောင်ရွက် ရေးတို့ကို ဆွေးနွေးဖို့ နိုင်ငံ(၁၀) နိုင်ငံက ထိပ်တန်းလေတပ်ခေါင်းဆောင်တွေဟာ စုစည်းလေ့…

ရေးမြို့နယ်က ပြည်သူတွေကို PDF ဒေါနစစ်ကြောင်း ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး

ရေး – စက်တင်ဘာ(၁၃) အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဒေါနစစ်ကြောင်းရဲ့ ဆေးတပ်ဖွဲ့က မွန်ပြည်နယ်၊ရေးမြို့နယ်အတွင်းက ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကနေ ဩဂုတ်လအထိ ရေးမြို့နယ်အတွင်းက ကျေးရွာ(၆) ရွာမျာ အမျိုးသား (၆၇)ဦး၊ အမျိုးသမီး(၅၁) ဦးနဲ့ ငါးနှစ်အောက်ကလေးငယ်(၅) ဦးစုစုပေါင်း (၁၂၃) ဦးကို ဆေးဝါး…