မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “NUG အစိုးရ၏ တာဝန်ရှိသူများနှင့် သံအ မတ်ဦးကျော်မိုးထွန်းတို့အား ကုလသမဂ္ဂ အဆောက်အအုံအတွင်းသို့ ဝင်ခွင့်မပြုတော့ခြင်းကြောင့် အပြင်ဘက် လက်ဖက်ရည်ဆိုင်တွင် အစည်းအဝေးပြုလုပ်နေရ” ဆိုတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စက်တင်ဘာလ၂၄ ရက်နေ့ကBa nyunt, မှိုင်းဝေ၊ Han Nyein Oo၊ Saw Ba Maung၊ တပ်ကြပ်ကြီးဖိုးစီ၊ မှိုင်းဝေစတဲ့ တယ်လီဂရမ်ချန်နယ်တွေနဲ့ Tiktok တွေမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်မှာတော့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ဖို့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ကို ရောက်နေကြတဲ့ အရှေ့တီမောသမ္မတ Jose Ramos Horta နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင်တွေ စက်တင်ဘာလ ၂၁ ရက်နေ့ ဒေသစံတော်ချိန်ညနေပိုင်းက ကုလညီလာခံပြင်ပမှာ တွေ့ဆုံဆွေးနွေးခဲ့နေတဲ့ ဓာတ်ပုံမှတ်တမ်းတွေဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

အရှေ့တီမောနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့်ကိစ္စတွေ၊ နိုင်ငံတကာ ထောက်ခံမှုရရှိရေးကိစ္စတွေကို ဆွေးနွေးနေတာဖြစ်ပြီး NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ လူ့အခွင့်အရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့လည်း ဆွေးနွေးပွဲမှာ ပါဝင်ပါတယ်လို့ RFA သ တင်းဌာနမှာ ဖော်ပြထားတာကို စိစစ်တွေ့ရှိရပါတယ်။

လက်ရှိအချိန်ထိ ကုလကိုယ်စားလှယ်စိစစ်ရေးအဖွဲ့က အစည်းအဝေးမလုပ်သေးတာကြောင့် ဦးကျော်မိုးထွန်းပဲ ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြုအဖြစ် ဆက်ရှိနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားထားတာကို စိစစ်တွေ့ရှိရပါတယ်။

RFAသတင်းဌာနကဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/kqDO7

NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ထုတ်ပြန်ထားတဲ့ သတင်းလင့်

https://shorturl.at/dgy04

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ ” NUG အစိုး ရ၏ တာဝန်ရှိသူများနှင့် သံအမတ်ဦးကျော်မိုးထွန်းတို့အား ကုလသမဂ္ဂ အဆောက်အအုံအတွင်းသို့ ဝင်ခွင့်မပြုတော့ခြင်းကြောင့် အပြင်ဘက် လက်ဖက်ရည်ဆိုင်တွင် အစည်းအဝေးပြုလုပ်နေရ ” ဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.