ဂျာကာတာ – စက်တင်ဘာ(၈)
ကမ္ဘာကြီးရဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးစနစ်တွေမှာ ကြီးမားတဲ့ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်နေ တယ်လို့ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ၊တရုတ်နဲ့အမေရိကန်တို့ရဲ့ထိပ်သီးအစည်း အဝေးမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။
ကုလအတွင်းရေးမှူးချုပ်ရဲ့ မိန့်ခွန်းမှာ ဘူမိနိုင်ငံရေးတင်းအား၊ ဘဏ္ဍာရေးဆိုင်ရာ ကဏ္ဍစုံ ဖွံ့ဖြိုး တိုးတက်မှုနဲ့ ရာသီဥတုအပြောင်းအလဲတွေလည်းပါဝင်ပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ ငြိမ်း ချမ်းပြီး အားလုံးအကျုံးဝင်တဲ့ ဖြေရှင်းနည်းတွေကို ရှာဖွေသွားဖို့လည်း ဆိုခဲ့တာပါ။
“အကြီးမားဆုံး အက်ကွဲကြောင်းတစ်ရပ်လို့ခေါ် တဲ့ ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်တွေဟာ ကမ္ဘာ့ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာစနစ်များတွင် ဖြစ်ပေါ်လာနေပါတယ်” လို့ သူက ပြောခဲ့ပါ တယ်။
ကြွေးမြီးသင့်နေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွားရေးအတွက် ပေးချေမှုတွေကို ရွှေ့ဆိုင်းပေးရေး၊ နှစ်ကြာချေးငွေသတ်မှတ်ချက်တွေနဲ့ နည်းပါတဲ့ အတိုးနှုန်းစသဖြင့် လျော့ပါးသက်သာစေရေး အတွက်လည်း တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လိုအပ်ချက်ကို ပံ့ပိုးပေးနိုင်ဖို့ ကဏ္ဍာစုံတိုးတက်ရေးဆောင်ရွက်တဲ့ ဘဏ်တွေကတဆင့် IMF ရဲ့ Special Drawing Rights အစီအစဥ်အောက်မှာ ထပ်ဆောင်းချေး ငွေ အမေရိကန်ဒေါ်လာ (၁၀၀) ဘီလျံ ပြန်လည်ပေးအပ်နိုင်ဖို့အတွက်လည်း ကုလအကြီးအကဲက ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ချမ်းသာသော နိုင်ငံတွေ မသုံးစွဲတဲ့ ရန်ပုံငွေတွေနဲ့ နိုင်ငံတကာအရန်ငွေ ကြေးတွေကို ဆင်းရဲတဲ့ နိုင်ငံတွေအတွက် လွှဲပြောင်းပေးဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါ တယ်။
မစ္စတာဂူတာရက်စ်က မြန်မာနိုင်ငံအတွင်း ဆိုးရွားစွာဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ လူသားချင်းစာနာ ထောက်ထားမှုအရေး၊လူ့အခွင့်အရေး အခြေအနေတွေကိုလည်း အလေးအနက်စိုးရိမ်ပူပန်မှုရှိနေ တယ်လို့ ဆိုခဲ့ပါတယ်။
“ကျွန်ုပ်အနေဖြင့် မြန်မာနိုင်ငံ၏ စစ်ခေါင်းဆောင်များကို လူထု၏ အသံများကို နားထောင်ရန်၊ နိုင်ငံရေး အကျဥ်းသားများကို လွှတ်ပေးရန်နှင့် ဒီမိုကရက်တစ် အုပ်ချုပ်ရေးကို ဦးတည်နိုင်သော တံခါးကို ဖွင့်လှစ်ပေးရန် အရေးတကြီး တောင်းဆိုလိုက်ပါတယ်” လို့ ကုလအထွေထွေအတွင်း ရေးမှူးချုပ်က ပြောခဲ့ပါတယ်။
အာဆီယံခေါင်းဆောင်တွေကတော့ မြန်မာ့အရေးကို ကုလသမဂ္ဂနဲ့ စက်တင်ဘာလ(၇) ရက်နေ့ မှာဆွေးနွေးသွားဖို့ ရှိနေတယ်လို့ ဆိုထားပါတယ်။
Ref:Reuters