တရုတ်နိုင်ငံရဲ့ ဒုဝန်ကြီးချုပ် လီဂူဈောင် ဦးဆောင်တဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မြောက်ကိုရီးယားနိုင်ငံ ထူထောင်ခြင်းနေ့ အခမ်းအနားကို တက်ရောက်ဖို့ အခုသီတင်းပ တ်နှောင်းပိုင်းမှာ သွားရောက်မယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းစာဖြစ်တဲ့ KCNA မှာ ဖော်ပြခဲ့ပါတယ်။ 

ဒီအလည်အပတ်ခရီးစဉ်ဟာ မြောက်ကိုရီးယားရဲ့ လုပ်သားပါတီနဲ့ မြောက်ကိုရီးယားအစိုးရမှ တိုက်ရိုက် ဖိတ်ကြားမှုကြောင့် ဖြစ်ပေါ်လာတာလို့ သတင်းအစီရင်ခံမှုထဲမှာ ပြောကြားထား တာပါ။ 

မြောက်ကိုရီးယားရဲ့ အာဏာရလုပ်သားပါတီကို ကင်ဂျုံအန်ဦးဆောင်ပြီး သူ့ရဲ့မိသားစုဟာ မြောက်ကိုရီးယား နိုင်ငံကို ထူထောင်ပြီး ၁၉၄၈ ခုနှစ်ကတည်းက တိုင်းပြည်ကို ထိန်းချုပ်ထား ခဲ့ခြင်းဖြစ်ပါတယ်။ 

မြောက်ကိုရီးယား ပြည်သူ့သမ္မတနိုင်ငံရဲ့ အခြေခံအုတ်မြစ်ကို စက်တင်ဘာလ ၉ ရက်နေ့မှာ စတင်တည် ထောင်ခဲ့တာဖြစ်ပြီး ဂျပန်သိမ်းပိုက်မှုမှ လွတ်မြောက်လာစဉ်ကတည်းက အခြေတည်လာခဲ့တာ ၇၅ နှစ် တိတိရှိပြီ လည်း ဖြစ်ပါတယ်။ 

အမေရိကန် အာဏာပိုင်တွေကတော့ မြောက်ကိုရီးယားအနေနဲ့လည်း များမကြာခင်ကာလတွေမှာ ရုရှားသို့ လည်ပတ်သွားနိုင်ချေရှိတယ်လို့ သုံးသပ်ထားပါတယ်။ 

ဒီခရီးစဉ်ဟာ ကိုဗစ်ကာလပြီး ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ပြည်ပခရီးစဉ်ဖြစ်ကာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ လက်နက်အပေးအရောင်းအဝယ်ကိစ္စတွေ ဆွေးနွေးဖို့ ဖြစ်နိုင်တယ်လို့ လည်း ခန့်မှန်းထားပါတယ်။ 

New York Times က အမည်မဖော်ပြသော သတင်းရင်းမြစ်ရဲ့ ပြောကြားချက်ထဲမှာတော့ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ အဲဒီခရီးစဉ်ဟာလည်း နောက်သီတင်းပတ်ထဲမှာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

 ရုရှားဘက်ကတော့ ဒီအခြေအနေကို သတင်းတွေမှာ အစီရင်ခံထားခြင်းမရှိသလို မြောက်ကိုရီးယားနိုင်ငံ ပိုင်သတင်းစာမှာလည်း အဲဒီအကြောင်းကို ထုတ်ပြန်ရေးသားထားတာ မရှိသေးပါဘူး။ 

ဂျူလိုင်လအတွင်း တရုတ်ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုဟာ ပြုံယမ်းသို့ သွားရောက်လည်ပတ်ခဲ့ပြီး ကိုရီးယား စစ်ပွဲအဆုံးသတ်မှု နှစ် ၇၀ ပြည့်သို့ သွားရောက်ခဲ့ပါသေးတယ်။

 ဒါ့အပြင် မြောက်ကိုရီးယားဟာ ၂၀၂၀ ကပ်ဘေးကာလကတည်း နယ်စပ်ကို ပိတ်ပင်ထားခဲ့ပြီး အခုအခါမှာတော့ နိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက်လိုသော သူ့ရဲ့ နိုင်ငံသားတွေကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည် ခွင့်ပြု ခဲ့ပါတယ်။

 Ref:Reuters/fh

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.