ယင်းမာပင်မှာ သစ်ထုတ်ယူနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ (၇) ဦးသေဆုံး
ယင်းမာပင် – ဩဂုတ်(၃၀) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် စည်သူသစ်ကွင်းက သစ်ထုတ်ယူနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၇) ဦးသေဆုံးခဲ့တယ်လို့ KLG တပ်မဟာက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လ(၂၉) ရက်နေ့ကမနက်ပိုင်းက သစ်ထုတ်ယူနေတဲ့ စစ်ကောင်စီတပ်ရဲ့ အင်အား (၃၅) ဦးပါ ရှေ့ပြေးစစ်ကြောင်းဟာ ပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်ရှာဖွေနေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲမှာ (၁၅) မိနစ်ဝန်းကျင်ကြာမြင့်ခဲ့ပြီး…