August 2023

မိုးဗြဲ-PDF တပ်ရင်း-၁(၁၀၀၁)ရဲ့ အထူးမွမ်းမံသင်တန်းဆင်းပွဲကျင်းပ

မိုးဗြဲ – ဩဂုတ်(၁၆) ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်စပ် မိုးဗြဲဒေသအခြေစိုက် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MBPDF) တပ်ရင်း-၁ (၁၀၀၁) ရဲ့ အထူးမွမ်းမံသင်တန်း ပြီးစီးခဲ့ပြီဖြစ်တယ်လို့ ဩဂုတ်လ (၁၅) ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၂၂) ရက်နေ့ကနေ ဩဂုတ်လ(၁၂) ရက်နေ့အထိ အထူးမွမ်းမံသင်တန်း ပြုလုပ်ခဲ့တာဖြစ်ပြီး သင်တန်းသား(၃၂) ဦးကို လေ့ကျင့်သင်ကြားပေးထားတယ်လို့ သိရပါတယ်။ ဓာတ်ပုံ –…

PDF များ လုံခြုံရေးယူသည်ကို ဆက်ကြေးကောက်ဟု စစ်လော်ဘီများ သတင်းအမှားဖြန့်(အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာ ဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “မော်လမြိုင်-ရေး-ထားဝယ် ပြည် ထောင်စုကားလမ်းပေါ်မှာ ဖြတ်သန်းသွားလာနေကြသည့် ခရီးသွားယာဉ်များကိုPDF တွေက လက်နက်ပြဆက်ကြေးတောင်းနေ” ဆိုတဲ့ အကြောင်းအရာကို…

အရန်ဆန်ထုတ်ရောင်းနေပေမယ့် ဆန်ဈေးအတက်ကြမ်း

ရန်ကုန်၊ သြဂုတ်(၁၆) ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်ဖို့အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အရန်ဆန်တွေ ထုတ်ရောင်းပေးနေပေမယ့် ဈေးကွက်အတွင်းဆန်ဈေးနှုန်း အတက်ကြမ်းနေတယ်လို့ ဆန်ကုန်သည်တွေနဲ့ အိမ်ရှင်မတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်ဈေးနှုန်းတည်ငြိမ်ဖို့နဲ့ စားသုံးသူပြည်သူတွေအတွက် ပစ္စည်းမှန် ဈေးနှုန်းမှန်ဖြစ်စေဖို့ ပုဂ္ဂလိကအခန်းကဏ္ဍကနေ အရန်ဆန်အိတ် ၅၀,၀၀၀ ကို ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်နေ့ကစပြီး ရောင်းချပေးနေတာ ဖြစ်ပါတယ်။ အရန်ဆန်ထုတ်ရောင်းပေးရာမှာ ရွှေဘိုပေါ်ဆန်းမွှေး…

ရေဖြူမြို့နယ် ဧကနီရွာကို စစ်ကောင်စီတပ်မီးရှို့၊ ဒေသခံပြည်သူတွေလည်း ဖမ်းဆီးခံထားရ

ရေဖြူ၊ သြဂုတ်(၁၆) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဧကနိကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် အလုံး ၄၀ ထက်မနည်း မီးလောင်ပျက်စီးထားတယ်လို့ ဒေသခံတွေနဲ့ မြို့နယ်ပကဖ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်နေ့မှာ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက ထိုးစစ်ဆင် ဝင်ရောက်လာတဲ့အတွက် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ ဧကနိကျေးရွာထဲမှာ…

စစ်အာဏာသိမ်း (၉၂၆)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၉၃၃ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ်(၁၆) AAPP ရဲ့ သြဂုတ်(၁၅)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၂၆)ရက်အတွင်း ပြည်သူ (၃၉၃၃)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၄၂၆၅ ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၅၀၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

“လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ သွားလာခွင့်ကို NCA မှာ ဘယ်လို ကန့်သတ်ထားလဲ”

ရန်ကုန်၊ သြဂုတ်(၁၆) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) မှာ စစ်တပ်နဲ့ EAO တပ် ဖွဲ့ဝင်တွေ လွတ်လပ်စွာသွားလာခွင့်နဲ့ပတ်သက်ပြီး ကန့်သတ်ချက်တွေ ရှိနေတယ်လို့ အပစ်ရပ်ထိုး EAO ခေါင်းဆောင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ NCA စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့က လက်မှတ်ရေးထိုး အစပျိုးခဲ့တာပါ။ အဲဒီနောက်ပိုင်း…

မွန်ပြည်နယ် သဘာဝဘေး ပြန်လည်ထူထောင်ရေး စစ်ကောင်စီ မကူညီ

မော်လမြိုင်၊ သြဂုတ်(၁၆) မွန်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုသဘာဝဘေးဖြစ်စဉ်ရဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေအတွက် စစ်ကောင်စီဘက်က ကူညီဆောင်ရွက်ပေးတာမရှိဘူးလို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သြဂုတ်လဆန်းပိုင်းကစပြီး မွန်ပြည်နယ်ရဲ့ ဘီးလင်း၊ ကျိုက်ထို၊ ကျိုက်မရောမြို့နယ်တို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး လူဦးရေသောင်းနဲ့ချီ ရေဘေးဒုက္ခကြုံခဲ့ရတာပါ။ ရေကြီးမှုဒဏ်ကို ဘီးလင်းမြို့နယ်က အဆိုးဝါးဆုံးခံစားခဲ့ရတာဖြစ်ပြီး မြို့ပေါ်ရပ်ကွက်နဲ့ ရေအနိမ့်ပိုင်း ရပ်ကွက်တွေက အိမ်ထောင်စု…

ကျိုက်ထိုမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်

ကျိုက်ထို၊ သြဂုတ်(၁၆) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သရက်ကုန်းကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ သြဂုတ် ၁၅ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာ စစ်ကောင်စီရိက္ခာယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျိုက်ထိုမြို့နယ်ကနေ ဘီးလင်းမြို့နယ် မောင်းဝင်လာတဲ့ ကား ၅ စီးပါ စစ်ကောင်စီ ရိက္ခာယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA…

မြဝတီမြို့အနီးရှိ လက်ခတ်တောင်မှာ တိုက်ပွဲပြင်းထန်နေ

မြဝတီ၊ သြဂုတ်(၁၆) ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပြန်လည်သိမ်းပိုက်ရရှိနိုင်ဖို့အတွက် စစ်ကောင်စီတပ်က ဝေဟင်အပြင်မြေပြင်ကပါ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် ဩဂုတ် ၁၅ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိတယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။ စစ်ကောင်စီနဲ့ BGF တပ်တို့ဟာ မြဝတီမြို့အနီးရှိ လက်ခတ်တောင်တာဝါတိုင်စခန်းကို လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေ အသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား…

တိုင်ဖွန်းမုန်တိုင်း “လန်” ကြောင့် ဂျပန်လေကြောင်းလိုင်း ၈၀၀ ကျော် ဖျက်သိမ်းခဲ့ရ

တိုကျို၊ သြဂုတ်(၁၆) ဂျပန်နိုင်ငံရဲ့ အနောက်ဘက်မှာ တိုင်ဖွန်းမုန်တိုင်းကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လျှပ်စစ်မီ းပြတ်တောက်ခဲ့ကာ လေကြောင်းလိုင်း ၈၀၀ ကျော် ရပ်နားခဲ့ရပါတယ်။ သက်ဆိုင်ရာအာဏာ ပိုင်တွေကတော့ ရေလွှမ်းမိုးမှုနဲ့ မြေပြိုမှုသတိပေးချက်တွေကို သတိပေးချက် တွေထုတ် ပြန် ထားခဲ့ကြောင်း NHK သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ဝင်ရောက်လာတဲ့ တိုင်ဖွန်းမုန်တိုင်းဟာ တိုကျိုမြို့အနောက်တောင် ဘက် ကီလိုမီတာ ၄၀၀…