August 2023

ခလယ်တံခွန်တိုင်ရဲစခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

ကြာအင်းဆိပ်ကြီး၊ သြဂုတ်(၁၉) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာမှာ အထိုင်ချထားတဲ့ ရဲစခန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သြဂုတ် ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်နေ့ မနက် ၁၁ နာရီအချိန်က စစ်ကောင်စီတပ်အပြင် ရဲတပ်ဖွဲ့ဝင်အင်အား ၄၀ ကျော် တပ်စွဲနေထိုင်နေရတဲ့…

စစ်အာဏာသိမ်း (၉၂၉)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၉၅၉ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ်(၁၉) AAPP ရဲ့ သြဂုတ်(၁၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၂၉)ရက်အတွင်း ပြည်သူ (၃၉၅၉)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၄၃၅၂ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၅၁၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…

စစ်ကောင်စီလက်ထက် အလုပ်ဖြုတ်ခံရနှုန်း စံချိန်တင်မြင့်တက်

ရန်ကုန်၊ သြဂုတ်(၁၉) အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ မတရားဖိနှိပ်ခံနေရတဲ့ အလုပ်သမားတွေဟာ ဥပဒေအကာ အကွယ်မရဘဲ အကြောင်းအမျိုးမျိုးပြပြီး အလုပ်ဖြုတ်ခံရမှုနှုန်း စံချိန်တင်မြင့်တက်လာတယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေက ပြောပါတယ်။ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ စစ်တမ်းအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်ထုတ်ပယ်ခံရမှုနှုန်း ၄၁ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး အလုပ်အကိုင်ရပ်စဲမှုကလည်း ၂၃ ဒသမ…

ဖူးမြော်ခွင့်အတွက် ဝင်ကြေးကောက်တာဟာ ဘုရားဗန်းပြပြီး စီးပွားရှာတာလို့ ပြည်သူတွေဝေဖန်

နေပြည်တော်၊ သြဂုတ်(၁၉) ဘုရားဒကာဘွဲ့ခံ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တည်ထားတဲ့ နေပြည်တော်က မာရဝိဇယကျောက်ဆင်းတုတော် ဖူးမျှော်ခွင့်အတွက် ဝင်ကြေးကောက်ခံတာဟာ ဘုရားဗန်းပြပြီး စီးပွားရှာတာလို့ ပြည်သူတွေက ဝေဖန်လိုက်ပါတယ်။ မာရဝိဇယဘုရားထံ အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေ စိတ်ချမ်းသာစွာနဲ့ လာရောက်ဖူးမြော်နိုင်ဖို့ ဩဂုတ် ၂၀ ရက်နေ့ နောက်ပိုင်း ဘုရားနဲ့ ဥယျာဉ်တော်ကြီး ရေရည်တည်တံ့ရေး လိုအပ်တဲ့ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းတွေအတွက် ပါဝင်နိုင်ဖို့…

KNU သထုံခရိုင်ထံ စစ်ကောင်စီဒုတပ်ကြပ်တစ်ဦး လက်နက်နဲ့အတူအလင်းဝင်

သထုံ၊ သြဂုတ်(၁၉) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်ထံ စစ်ကောင်စီတပ်က ဒုတပ်ကြပ်တစ်ဦး လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ KNLA ပူးပေါင်း စစ်ကြောင်းဖြစ်တဲ့ တပင်ရွှေထီးစစ်ကြောင်းက သြဂုတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ ဒုတပ်ကြပ်စောအိုင်ဇက်ဟာ သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီ ပိန္နဲတောတပ်စခန်းကနေ MA1 သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ခု၊ ကျည်တောင့်…

ပလမြို့မှာ မိုင်းဆွဲခံရတဲ့ စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်လို့ အရပ်သား၂ ဦး ဒဏ်ရာရ

ပုလော၊ သြဂုတ်(၁၉) တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့အထွက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁)နဲ့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့ ည ၇ နာရီအချိန်က စစ်ကား ၂ စီးနဲ့ ကင်းလှည့်လာတဲ့ တပ်အင်အား ၃၀ နီးပါးပါ…

ပစိဖိတ်ကျွန်းရဲ့ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုဟာ ကမ္ဘာ့မျှခြေထက်ပိုမိုမြန်လာနေပြီလို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ သတိပေး

ဆစ်ဒနီ၊ သြဂုတ်(၁၉) အနောက်တောင်ပစိဖိတ်ဒေသရှိ ပင်လယ်ရေမျက်နှာပြင်ရေချိန်ဟာ ကမ္ဘာ့ပျမ်းမျှနှုန်းထက် မြင့်တက်လာနေပြီး အပူရှိန်ကြောင့် ပင်လယ်ဂေဟစနစ်ကို ပျက်စီးစေကာ မြေနိမ့်ကျွန်းတွေဟာ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေ ရပြီဖြစ်ကြောင်း ကုလသမဂ္ဂ မိုးလေဝသအေဂျင်စီက ဩဂုတ်လ (၁၈) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ပစိဖိတ်ဒေသရှိ ရာသီဥတုအခြေအနေနဲ့ ပတ်သက်ပြီး ၂၀၂၂ ခုနှစ် အစီရင်ခံစာမှာ အချို့သော ဒေသတွေမှာ တစ်နှစ်လျှင် ရေပမာဏ(၄) မီလီမီတာခန့်…

အလုပ်သမားတွေကို ဖိနှိပ်မှုတွေရှိတဲ့ မြန်မာနိုင်ငံက H&M ထွက်ခွာတော့မယ်

ရန်ကုန် – ဩဂုတ်(၁၉) ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်လက်လီအရောင်းလုပ်ငန်း H&M ဟာ နိုင်ငံအတွင်းမှာရှိတဲ့ အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားတွေကို ဖိနှိပ်မှုတွေမြင့်တက်နေတာကြောင့် မြန်မာ နိုင်ငံက ထွက်ခွာတော့မှာဖြစ်တယ်လို့ ရိုက်တာကိုပြောပါတယ်။ H&M ဟာ မြန်မာနိုင်ငံအတွင်းက Suppliers တွေနဲ့ သဘောတူညီချက်တွေကို ဖျက်သိမ်းတော့ မှာဖြစ်သလို နောက်ဆုံးပေါ် Fashion Brand ဖြစ်ပြီး အဲဒီလိုလုပ်ဆောင်ချက်ဟာ နိုင်ငံအတွင်းက အလုပ်သမားတွေကို…

ပါကစ္စတန်မှာ ဘာသာရေးစော်ကားမှုနဲ့ ခရစ်ယာန်နှစ်ဦး ဖမ်းဆီးခံရ

ကရာချီ – ဩဂုတ်(၁၉) ပါကစ္စတန်နိုင်ငံအရှေ့ပိုင်းမှာ ခရစ်ယာန်ဘာသာဝင်နှစ်ဦးက ကိုရမ်ကျမ်းစာကို ပုတ်ခတ်စော် ကားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မွတ်စလင်လူအုပ်ကြီးက ဘုရားကျောင်းနဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ဘာသာရေးစော်ကားတယ်ဆိုသူနှစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဒေါသထွက်နေတဲ့လူအုပ်ကြီးဟာ ခရစ်ယာန်ဘုရားကျောင်း (၄)ကျောင်းကို ဖျက်ဆီးခဲ့ကာ နေအိမ် အများအပြားကို မီးရှို့ခဲ့တဲ့အတွက် နိုင်ငံအရှေ့ပိုင်းက နေရာတွေကို ပါကစ္စတန်အရံ တပ်ဖွဲ့ဝင်တွေ စောင့်ကြပ်နေရတယ်လို့ သိရပါတယ်။…