KNU မုန်းမြို့နယ်ထဲ စစ်တပ်လက်နက်ကြီး ပစ်ခတ်နေလို့ ကျေးရွာ ၁၁ ရွာ စစ်ဘေးရှောင်နေရ
မုန်း၊ သြဂုတ်(၂၃) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃) မုန်းမြို့နယ်ထဲကို စစ်ကောင်စီတပ်ကနေ လက်နက်ကြီးအပြင် ဒရုန်းတွေအဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် ကျေးရွာ ၁၁ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက သြဂုတ် ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မုန်းမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ(၃၀၇) နဲ့ ခမရ(၄၃၉) တပ်ရင်းတွေဟာ သြဂုတ် ၁၉…