This handout photo taken on May 4, 2023 and received from the Philippine National Police anti-Cybercrime group on May 6 shows rescued trafficked people from Asian countries standing outside a building after a police raid inside a freeport zone in Mabalacat City, in Pampanga province, north of Manila. - Philippine authorities have rescued over a thousand people from several Asian countries who were trafficked into the country and forced to run online scams, an official said on May 6. (Photo by Handout / Philippine National Police Anti-Cybercrime Group / AFP) / -----EDITORS NOTE --- RESTRICTED TO EDITORIAL USE - MANDATORY CREDIT "AFP PHOTO / PHILIPPINE NATIONAL POLICE ANTI-CYBERCRIME GROUP" - NO MARKETING - NO ADVERTISING CAMPAIGNS - DISTRIBUTED AS A SERVICE TO CLIENTS

ဝါရှင်တန် – ဩဂုတ်(၃၀) 

အရှေ့တောင်အာရှနိုင်ငံတွေက ရာဇဝတ်ဂိုဏ်းတွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုနဲ့ ခြိမ်းခြောက်မှုတွေထဲ မှာ အွန်လိုင်းလိမ်လည်လှည့်ဖြားမှုတွေ လုပ်ဆောင်ဖို့ သိန်းနဲ့ချီတ့ လူတွေဟာ အတင်းအကြပ် ဖိအားပေးခံနေရတယ်လို့ ကုလသမဂ္ဂက ဩဂုတ်လ(၂၉) ရက်နေ့မှာ ပြောခဲ့ပါတယ်။

လူအများအပြားဟာ အွန်လိုင်းရာဇဝတ်မှုတွေမှာ အသုံးချခံရဖို့အတွက် လူကုန်ကူးခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရတာအပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလို ပြင်းထန်တဲ့ အခွင့် အရေးချိုးဖောက်ခံနေရတယ်လို့ ကုလအစီရင်ခံစာမှာဖော်ပြထားတာပါ။ 

“ဒီလို လိမ်လည်လှည့်ဖျားတဲ့ အလုပ်တွေမှာ ရာဇ၀တ်မှုတွေ ကျူးလွန်ဖို့ အတင်းအကြပ် ဖိအားပေးခံရစဉ် လူမဆန်တဲ့ ဆက်ဆံမှုတွေကို ခံကြရတယ်” လို့ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဗော်ကာတာခ်က ပြောခဲ့ပါတယ်။ 

ဒါ့အပြင် လူကုန်ကူးခံရသူတွေဟာ ကျူးလွန်ခံရတဲ့ သားကောင်တွေဖြစ်ပြီး သူတို့ဟာ ရာဇဝတ် သားတွေမဟုတ်ဘူးလို့ သူက ပြောပါသေးတယ်။

လျှို့ဝှက်လုပ်ကိုင်တဲ့ သဘာဝနဲ့ အာဏာပိုင်တွေရဲ့ တုံ့ပြန်မှု ကွာဟချက်တွေကြောင့် အရှေ့ တောင်အာရှမှာ ကျူးလွန်မှုရဲ့ အချိုးကျကို တိုင်းတာဖို့ ခက်ခဲတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံတဝှမ်းမှာ အနည်းဆုံးလူ(၁၂၀၀၀၀) ဟာအွန်လိုင်းလိမ်လည်မှုတွေကို အတင်းအကြပ် လုပ်ဆောင်ဖို့ ဖိအားပေးခံနေရတဲ့ အခြေအနေမှာရှိနေသလို ကမ္ဘောဒီးယားမှာ ခန့်မှန်းခြေ(၁)သိန်းလောက်ရှိတယ်လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားဖော်ပြထား ပါတယ်။

ဒေသတွင်းက တခြားနိုင်ငံတွေထဲမှာ လာအို၊ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့ဟာ ဦးတည်လုပ်ကိုင်ရာ ဒါမှမဟုတ် ဖြတ်သန်းသွားလာမှုအတွက် သတ်မှတ်ထားတဲ့ အဓိက နိုင်ငံအဖြစ် ပါဝင်တယ်လို့ ဆိုထားပါတယ်။

လိမ်လည်မှုတွေလုပ်ကိုင်တဲ့ စင်တာတွေဟာ တစ်နှစ်ကို ဒေါ်လာဘီလျံနဲ့ ချီဝင်ငွေရရှိကြတာဖြစ် ပြီး သားကောင်တွေဟာ အာဆီယံဒေသတစ်ဝှမ်းရှိ တရုတ်ပြည်မကြီး၊ဟောင်ကောင်၊ထိုင်ဝမ်၊ တောင်အာရှအပြင် အာဖရိကနဲ့ လက်တင်အမေရိက တို့က ရောက်ရှိလာကြတာဖြစ်တယ်လို့ သိရပါတယ်။

အွန်လိုင်းလ်ိမ်လည်မှုလုပ်ငန်းမှာ လူကုန်ကူးခံရသူအများစုဟာ အမျိုးသားတွေဖြစ်ကြပေမယ့် အမျိုးသမီးနဲ့ဆယ်ကျော်သက်တွေဟာလည်း သားကောင်တွေဖြစ်ကြတယ်လို့ ဆိုထားပါတယ်။

တချို့သော နိုင်ငံတွေမှာ ကိုဗစ်ကြောင့် ကျန်းမာရေးအစီအမံတွေအောက်မှာ ကာစီနိုတွေကို ပိတ်ထားရပေမယ့် တရားမဝင်လုပ်ကိုင်တွေသူကတော့ ပိတ်ဆို့မှုတွေအောက်မှာ အကျိုးအမြတ် များစွာရရှိခဲ့ကြတယ်လို့ သိရပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.