ဝါရှင်တန် – ဩဂုတ်(၂၆)
ယူကရိန်းလေယာဉ်မှူးတွေရဲ့ လေ့ကျင့်ရေးအစီအစဉ်ကို အမေရိကန်မှာ လာမယ့်စက်တင်ဘာလ မှာ စတင်မှာဖြစ်ပြီး သူတို့ဟာ ရုရှားတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့အတွက် အဆင့်မြင့်လေယာဉ်တွေ ကို အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောခဲ့ပါတယ်။
ရုရှားကျူးကျော်စစ်ကို ပိုမိုထိရောက်စွာ တိုကခိုက်ဖို့အတွက် ယူကရိန်ဟာ ခေတ်မီဆန်းသစ်တဲ့ တိုက်လေယာဉ်တွေကို အချိန်အတော်ကြာရှာဖွေနေသလို ရုရှားတပ်တွေထိန်းချုပ်ထားတဲ့ နယ် မြေတွေကိုလည်း ပြန်လည်ရယူဖို့ တန်ပြန်ထိုးစစ်လုပ်ဆောင်နေတာပါ။
အမေရိကန်လေ့ကျင့်ရေးမှာ လေယာဉ်မှူးအများအပြားနဲ့ လေယာဉ်ကို ထိန်းသိမ်းဖို့ ဝန်ထမ်း ဒါဇင်ပေါင်းများစွာ ပါဝင်မှာဖြစ်တယ်လို့ ပင်တဂွန်ပြောခွင့်ရ ပတ်ရိုက်ဒါက ပြောခဲ့ပါတယ်။
“ဒီလေယာဉ်မှူးတွေဟာ အရီဇိုးနားမှာ F-16 ပျံသန်းလေ့ကျင့်မှု မတက်ရောက်ခင် စက်တင်ဘာလ မှာ တက္ကဆက်မှာရှိတဲ့ လက်ခ်လန်းလေတပ်အခြေစိုက်စခန်းမှာအင်္ဂလိပ်ဘာသာစကားလေ့ကျင့် မှုတွေ ပြုလုပ်သွားမှာပါ” လို့သူကပြောပါတယ်။
သမ္မတဂျိုးဘိုင်ဒန်နဲ့ ယူကရိန်းသမ္မတ ဇယ်လန်းစကီးတိုကလည်း ပြီးခဲ့တဲ့ ဩဂုတ်လ(၂၄) ရက်နေ့မှာ လေ့ကျင့်ရေးအစီအစဉ်ကို ဆွေးနွေးခဲ့ကြတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထား ပါတယ်။
“ရုရှားရဲ့ရန်လိုမှုကို ဆန့်ကျင်တဲ့ ယူကရိန်း၏ခုခံကာကွယ်မှုအတွက် ထောက်ခံဖို့နဲ့ ရုရှားရဲ့ လုပ်ရပ်တွေအတွက် ရုရှားကို တာဝန်ယူဖို့ သမ္မတ ဘိုင်ဒန်က ထပ်လောင်းပြောကြားလိုက်ပါ တယ်” လို့အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယူကရိန်းတပ်ဖွဲ့ဝင်တွေကို အမေရိကန်လုပ် F-16 လေ့ကျင့်ပေးဖို့အတွက် ဥရောပ မဟာမိတ် တွေက ကြေညာထားတဲ့အစီအစဉ်တွေကို အမေရိကန်ရဲ့ အစီအစဉ်နဲ့ တိုးချဲ့ဆောင်ရွက်ခဲ့တာပါ။
ပြီးခဲ့တဲ့ ဿီတင်းပတ်က ဒိန်းမတ်နဲ့ နယ်သာလန်တို့ရဲ့ F-16 တိုက်လေယာဉ်တွေကို ယူကရိန်း လေယာဉ်မှူးတွေရဲ့ လေ့ကျင့်ရေးမှာအသုံးပြုဖို့ လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။
နော်ဝေးနိုင်ငံကလည်း ဩဂုတ်လ(၂၄) ရက်နေ့က ယူကရိန်းကို F-16 လေယာဉ်ပေးမယ်လို့ ဆိုထားပြီး လှူဒါန်းမှုဟာ လေယာဉ်(၅)စင်းကနေ (၁၀)စင်းကြားရှိတယ်လို့ NTB သတင်း ဌာနက ဖော်ပြထားပါတယ်။
လေယာဉ်မှူးတွေရဲ့ ကျွမ်းကျင်မှုအပေါ်မူတည်ပြီး လေ့ကျင့်ရေးဟာ ပုံမှန်(၅) လကနေ (၈) လအထိ ကြာမြင့်နိုင်တယ်လို့လည်း ပင်တဂွန်က အသိပေးထားပါတယ်။
ဒိန်းမတ်နဲ့ နယ်သာလန်တို့ဟာ ယူကရိန်းလိုအပ်တဲ့ လေယာဉ်းမှူးပြင်ဆင်မှုအားလုံးကို မကိုင်တွယ်နိုင်တာ နားလည်ထားတဲ့အတွက် အမေရိကန်ဟာ သူတို့ရဲ့ ကိုယ်ပိုင်လေ့ကျင့်ရေး အစီအစဉ်ကို ဆက်လက်လုပ်ကိုင်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။
Ref:CNA