မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “ဘာသာမဲ့ PDFများက လတ်ခတ်တောင်ရှိ ဘုရားများကို ပျက်စီးအောင်ဖောက်ခွဲခြင်း၊ ဌာပနာများကို ‌ဖောက်ထွင်း” ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Oo AUNG AUNG Oo, Ko Thet , Han Nyein Oo တယ်လီဂရမ်ချန်နယ်နဲ့ မျိုးချစ်စတဲ့ အကောင့်တွေက ဩဂုတ်လ(၁၉)ရက်နေ့မှာ အွန်လိုင်းမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ ကရင်ပြည်နယ် မြဝတီမြို့နယ်အနီး လက်ခတ်တောင် တာဝါတိုင်ကုန်းစခန်းကို စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ် နှစ်စီးနဲ့ ၃ ကြိမ် ဗုံးကြဲခဲ့တာကြောင့် လက်ခတ်တောင်ပေါ်ရှိ သာသနာအဆောက်အအုံများ ဆိုးရွားစွာပျက်စီးခဲ့တာ ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

Cobra Column နဲ့ ပူးပေါင်းအဖွဲ့တို့ သိမ်းယူထားတဲ့ လက်ခတ်တောင် တာဝါတိုင်စခန်းကို ဩဂုတ် ၁၈ ရက် နေ့လည် ၂ နာရီဝန်းကျင်က စစ်ကောင်စီ နေပြည်တော် လေတပ်မှ Yak – 130 (Jet Fighter) လေယာဉ်နှစ်စီးနဲ့ ၃ ကြိမ်တိုင် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်ခတ်တောင်ပေါ်ရှိ လက်ခတ်တောင်ကျောင်းတိုက် သာသနာ့အဆောက်အအုံတွေ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့တာလို့ Cobra Columnတပ်ခွဲ-၃အဖွဲ့နဲ့ Burma vjသတင်းဌာနက ရေးသားဖော်ပြထားတာကိုလည်း စိစစ်တွေ့ရှိရပါတယ်။

စစ်တပ်ထောက်ခံသူ အကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံတွေဟာ Cobra Column တပ် ခွဲ -၃ က ထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းနဲ့ဓာတ်ပုံတွေကို လိုသလိုအသုံးပြုကာ ဝါဒဖြန့်သတင်းအမှားတွေ ဖြန့်ချိနေတာကို စိစစ်တွေ့ရှိရပါတယ်။

Cobra Columnတပ်ခွဲ-၃အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်လင့်

https://shorturl.at/osNT8

Burma vj သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/huTV3

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ ” ဘာသာမဲ့ PDFများက လတ်ခတ်တောင်ရှိ ဘုရားများကို ပျက်စီးအောင်ဖောက်ခွဲခြင်း၊ ဌာပနာများကို ဖောက်ထွင်း” ဆိုတဲ့အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.