ဘန်ကောက် – ဩဂုတ်(၂၂)
ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ လာမယ့်ရက်ပိုင်းအတွင်း ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ဒွန်မောင်းလေဆိပ်ကို ပြန်လည်ရောက်ရှိချိန်မှာ ဖမ်းဆီးခံရဖို့ ရှိနေတယ်လို့ ထိုင်းနိုင်ငံရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောခဲ့ပါတယ်။
သက်ဆင်ရဲ့ သမီးဖြစ်သူ ဖယ်တုံတန်ရှင်နာဝါထရာရဲ့ အင်စတာဂရမ် ပို့စ်တစ်ခုမှာ သူမရဲ့ အဖေကို ဩဂုတ်လ(၂၂) ရက်နေ့ မနက်(၉) နာရီ ဒွန်မောင်လေဆိပ်မှာသွားရောက်တွေ့ဆု့ဖို့ ရှိတယ်လို့ အသိပေးထားတာပါ။
ဝန်ကြီးချုပ်ဟောင်းအနေနဲ့ ရုံးတော်အချိန်ပြင်ပမှာ ရောက်ရှိခဲ့ပါက သက်ဆိုင်ရာ ဌာနတွေအနေနဲ့ အရေးပေါ်အစီအစဉ်တစ်ခုကို အသင့်ပြင်ထားတယ်လို့လည်း သတင်းရင်းမြစ်တွေက ဆိုထားပါ တယ်။
လေယာဉ်ဆိုက်ရောက်ချိန်ဟာ ရုံးချိန်အတွင်းဖြစ်ပါက ဘန်ကောက်ရမန်အချုပ်ကို မပို့ဆောင်ခင် သူ့ကို အမြင့်ဆုံးရုံးတော်ရဲ့ မှုခင်းဌာနခွဲကိုပို့ဆောင်သွားမှာဖြစ်ပြီး ရုံးချိန်ပြင်ပရောက်ရှိလာရင် တော့ရဲဌာနကို ခေါ်ဆောင်သွားမှာဖြစ်ကာနောက်တစ်နေ့ မနက်မှာ အမြင့်ဆုံးရုံးတော်ကို မပို့ဆောင်ခင် တစ်ညတာ ထိန်းသိမ်းထားမှာဖြစ်တယ်လို့ သိရပါတယ်။
သက်ဆင်ရောက်ရှိလာတာနဲ့ တပြိုင်နက် လ.ဝ.ကရဲတွေက ဖမ်းဆီးထားမှာဖြစ်ပြီး ဒွန်မောင်းလေ ဆိပ်ရဲစခန်းမှာ ဖမ်းဆီးမှုကို မှတ်တမ်းမှုဖို့ ခေါ်ဆောင်သွားမှာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေ ကဆိုထားပါတယ်။
အာဏာပိုင်တော့ကတော့ သက်ဆင်ကို အကျဉ်းသားအဖြစ် မှတ်တမ်းတင်ပြီးချိန်မှာ ဘန်ကောက် ရမန်အချုပ်ထောင်ကို လွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ သက်ဆင်ဟာ ထိုင်းနိုင်ငံကိုပြန်ရောက်ချိန်မှာ ကွာရန်တင်း (၁၀) ရက်ကြာ နေထိုင်ရမှာဖြစ်သလို ဆရာဝန်တွေရဲ့ အနီးကပ်စောင့်ရှောက်မှုလိုအပ်တာ ရှိမရှိ ကိုလည်း အကျဉ်းထောင်ဆရာဝန်တွေက ဆုံးဖြတ်ချက်ချမှတ်ပြီး လိုအပ်ရင် အကျဉ်းထောင် ဆေးရုံမှာ ထိန်းသိမ်းသွားမှာဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ ဥပဒေအရ အကျဉ်းထောင်အတွင်းကနဦးထိန်းသိမ်းခံထားရသူတွေရဲ့ ဆွေမျိုးတွေ လာရောက်လည်ပတ်နိုင်မှာဖြစ်ပေမယ့် ကူးစက်ရောဂါမရှိမှသာ ခွင့်ပြုပေးဖို့ရှိတယ်လို့ သိရပါ တယ်။
Ref:The Nation