August 20, 2023

ထိုင်း-မြန်မာ နယ်စပ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကရင်ရိုးရာချည်ဖြူပွဲ မင်္ဂလာအခမ်းအနား ပုံရိပ်များ

မဲဆောက် – ဩဂုတ် (၂၀) ကရင်လူမျိုးတွေရဲ့ ရိုးရာဓလေ့တခုအဖြစ် နှစ်စဉ်ဝါခေါင်လတိုင်း ကျင်းပပြုလုပ်လေ့ရှိတဲ့ ကရင်ရိုးရာချည်ဖြူပွဲ အခမ်းအနား (လက်ချည်ပွဲ) ကို ဒီကနေ့ ဩဂုတ်လ (၂၀) ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ထိုင်း- မြန်မာ နယ်စပ်မှာ ရွေ့ပြောင်းအခြေချနေထိုင်ကြတဲ့ ကရင်လူမျိုးတွေက ဦးဆောင်ကြီးမှူး ကျင်းပခဲ့တာဖြစ်ပါတယ်။ လက်ချည်ပွဲအခမ်းအနားမှာ ကရင်လူငယ်တွေက ဒုံးယိမ်းအကများ၊ ကရင်ရိုးရာယဥ်ကျေးမှု တေးသီချင်း…

တနင်္သာရီမှာ အရပ်သားတစ်ဦးကို စစ်တပ်အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်

တနင်္သာရီ၊ သြဂုတ်(၂၀) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံကျေးရွာမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူတစ်ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်ဟာ သြဂုတ် ၁၇ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ကျေးရွာလမ်းအတိုင်း လမ်းလျှောက်လာတဲ့ အသက် ၃၅ နှစ်အရွယ် ကိုထွန်းဝင်းနိုင်ကို အကြောင်းမဲ့ ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်…

စစ်ကောင်စီ ဘုရားမဲစစ်ဆေးရေးဂိတ် စနိုက်ပါနဲ့ပစ်ခံရလို့ ၁ ဦး သေဆုံး

ထားဝယ်၊ သြဂုတ်(၂၀) တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးရှိ ဘုရားမဲစစ်ဆေးရေးဂိတ် စနိုက်ပါနဲ့ ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ထံကနေ စုံစမ်းသိရှိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ ကျော်တပ်စွဲနေထိုင်တဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သြဂုတ် ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က စနိုက်ပါနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။ စနိုက်ပါနဲ့ ပစ်ခတ်ခံရတာကြောင့်…

ဘတ်ငွေဈေးဂယက်ကြောင့် အကျပ်အတည်း ထပ်ဆိုက်လာနိုင်

မော်လမြိုင်၊ သြဂုတ်(၂၀) တစ်ဘတ်ကို ကျပ် ၁၁၀ ကျော်အထိ ပေါက်ဈေးရှိလာတဲ့ ထိုင်းဘတ်ငွေဈေး ဂယက်ကြောင့် ပြည်သူတွေဟာ စားဝတ်နေရေး အကျပ်အတည်းကို ထပ်မံခံစားလာရနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်းကာလအတွင်း တရိပ်ရိပ်တက်လာတဲ့ ထိုင်းဘတ်ငွေဈေးဟာ စစ်ကောင်စီရဲ့ ကျပ် ၂၀၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေမှုကြောင့် ချက်ချင်းဆိုသလို တစ်ဘတ်ကို ကျပ် ၉၀ ဝန်းကျင်အထိ…

မြန်မာစစ်တပ်ဟာ လက်နက်ကိုင်နဲ့အရပ်သား မခွဲခြားဘဲ စစ်ဆင်တိုက်ခိုက်မှု ပိုမိုကျူးလွန်လာ

စစ်ကိုင်း၊ သြဂုတ်(၂၀) အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံအနှံနီးပါး စစ်မျက်နှာဖွင့်ထားတဲ့ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေကို စစ်ဆင်တိုက်ခိုက်ရာမှာ ပစ်မှတ်မခွဲခြားတဲ့ စစ်ဆင်ရေးတွေ ပြုလုပ်လာတယ်လို့ ISP-Myanmar က ဩဂုတ် ၁၈ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ အစီရင်ခံစာအရ စစ်တပ်အနေနဲ့ စစ်အင်အား လျော့ပါးနေပြီလားဆိုတဲ့ သုံးသပ်ချက်တွေနဲ့အတူ တစ်ဖက်မှာ စစ်ရေးအရအသာစီးရနိုင်တဲ့ လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးနဲ့ အတွဲလိုက်ပစ် ဒုံးလက်နက်တွေ၊ ဗျူဟာမြောက် စစ်ဆင်ရေးတွေနဲ့…

ပေါင်မှာ ဆိုင်ကယ်မရပ်ပေးလို့ဆိုပြီး ဒေသခံ ၂ ဦး ပစ်ခတ်ဖမ်းဆီးခံရ

ပေါင်၊ သြဂုတ်(၂၀) မွန်ပြည်နယ်၊ ပေါင်မြို့၊ ကဒုံစီးရပ်ကွက်၊ မြို့ဝင်ကြေးဘီးခွန်ကောက်ခံရေးဂိတ်အနီးမှာ သြဂုတ် ၁၈ ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်မရပ်ပေးလို့ဆိုပြီး အရပ်သားပြည်သူ ၂ ဦး ပစ်ခတ်ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ ညနေ ၃ နာရီအချိန်လောက်မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ခရီးသွားမော်တော် ယာဉ်တွေကို စစ်ဆေးနေစဉ် ကျွဲခြံကျေးရွာကနေ ပေါင်မြို့ထဲ မောင်းဝင်လာတဲ့…

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့မှာ ခိုးဆိုးလုယက်မှုတွေ ပိုဆိုးလာ

ရေး၊ သြဂုတ်(၂၀) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ် ရေးမြို့နယ်အတွင်းမှာ အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်း ခိုးဆိုးလုယက်မှုတွေ ပိုမိုဆိုးဝါးလားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ခိုးဆိုးလုယက်မှုတွေဟာ ညပိုင်းသာမက နေ့ခင်းကြောင်တောင် အချိန်တွေမှာလည်း နေအိမ်တွေထဲ ဝင်ရောက်ဖောက်ထွင်းခိုးယူတာ၊ သေနတ်ထောက်ပြီး ဆိုင်ကယ်လုယက်မှုတွေလည်း နေ့စဉ်ဆိုသလို ဖြစ်ပွားနေပါတယ်။ အဲဒီခိုးဆိုးလုယက်မှုတွေဟာ ပြီးခဲ့တဲ့ဇူလိုင်လကစပြီး အဖြစ်များလာသလို ဆိုင်ကယ်ခိုးယူလုယက်မှုတွေအပါအဝင် စာသင်ကျောင်း၊ လူမှုရေးအဖွဲ့ အစည်းတွေနဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို…