August 17, 2023

နိုင်ငံခြားသား ၁၀ ဦးကိုဖမ်းဆီးပြီး စင်္ကာပူဒေါ်လာသန်းထောင်ချီ ပိုင်ဆိုင်မှုတွေကို ရဲတပ်ဖွဲ့သိမ်း ဆည်း

စင်ကာပူ၊ သြဂုတ်(၁၈) စင်ကာပူနိုင်ငံမှာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးစီးနင်းရှာဖွေမှုတွေအတွင်း နိုင်ငံခြား ၁၀ ဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ငွေသား၊ အိမ်ခြံမြေများ၊ ဇိမ်ခံကားတွေနဲ့ အခြားသော ပိုင်ဆိုင် မှုတွေအပါအဝင် စင်ကာပူဒေါ်လာ ၁ ဘီလီယမ်တန်ဖိုးရှိ ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်။ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ နိုင်ငံ့မြို့တော်တစ်လျှောက်မှာ တစ်ပြိုက်နက်တည်း ဝင်ရောက်စီးနင်း မှုတွေ ပြုလုပ်ခဲ့ပြီး သံသယတရားခံတွေကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ စုစုပေါင်း…

ဆူဒန်ပြည်တွင်း စစ်ကြောင့် လူဦးရေတစ်သန်းကျော် ထွက်ပြေးနေရ

ခါတွမ်း – ဩဂုတ်(၁၈) ဆူဒန်နိုင်ငံမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဧပြီလကစပြီး အရပ်သား(၁)သန်းကျော်ဟာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံအတွင်းက လူ(၃.၄)သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM)ရဲ့ဩဂုတ်လ(၁၅) ရက်နေ့ မှာထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ပြည်တွင်းစစ်ဆိုးရွားစွာဖြစ်နေတဲ့ ဆူဒန်နိုင်ငံက လွတ်မြောက်သွားသူတွေဟာ အီဂျစ်၊လစ်ဗျား၊ ချဒ်၊အလယ်အာဖရိကသမ္မတနိုင်ငံ၊ တောင်ဆူဒန်နဲ့ အီသီယိုးပီးယား…

ကမ္ဘာလုံးဆိုင်ရာ တိုင်းရင်းဆေး ထိပ်သီးအစည်းအဝေးကို WHO ဦးဆောင်ကျင်းပ

နယူးဒေလီ၊ သြဂုတ်(၁၈) ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုင်းရင်းဆေးဝါးတွေနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ်အဖြစ် ထိပ်သီးအစည်းအဝေး တစ်ရပ်ကို သြဂုတ်(၁၇)ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဒီတိုင်းရင်းဆေးဝါးတွေကို သိပ္ပံနည်းကျ သက်သေပြနိုင်ပါက သဘာဝထွက်ကုန်တွေအပေါ် အခြေခံထားတဲ့ ကုသမှုတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အကျိုးရှိတဲ့ အသွင်ကူးပြောင်းမှုတစ်ရပ် ဖြစ်လာနိုင် တယ်လို့ WHO ကပြောကြားထားပါတယ်။ တိုင်းရင်းဆေးနဲ့ ကုထုံးတွေကို နိုင်ငံရေးကတိကဝတ်နဲ့ သက်သေအခြေပြုလုပ်ဆောင်ချက်တွေ ဆီ ဦးတည် တွန်းပို့နိုင်ဖို့ အိန္ဒိယနိုင်ငံမှာ…

မော်လမြိုင်-ရေး-ထားဝယ် လမ်းမကြီးကို PDF ပူးပေါင်းတပ်တွေ နေ့စဉ်လုံခြုံရေးယူစစ်ဆေးနေ

မော်လမြိုင် – ဩဂုတ်(၁၇) မွန်ပြည်နယ်၊ မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ KNLA/PDF ပူးပေါင်းတပ်တွေဟာ ခရီးသွားပြည်သူတွေအတွက် နေ့စဉ်လုံခြုံရေးယူပြီး စစ်ဆေးနေတယ်လို့ ဒုစစ်ဒေသခွဲမှူးရုံး၊စစ်ဒေသခွဲအမှတ်-၃၊ တောင်ပိုင်းတိုင်းက ဩဂုတ်လ(၁၆) ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ နယ်မြေလုံခြုံရေးနဲ့ ဒေသစိုးမိုးရေးအတွက် စစ်ဆေးမှုတွေကို ပြည်သူတွေအနေနဲ့ ကြည်ဖြူစွာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့အတွက် ကျေးဇူးတင်ရှိတယ်လို့ မြေပြင်တပ်မှူးတွေက ဆိုထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၁၆) ရက်နေ့က ရေးမြို့နယ်အတွင်းမှာရှိတဲ့…

“NCA ကပျက်ပြယ်တဲ့စာချုပ်မဟုတ်ပါဘူး။ လွှတ်တော်က အတည်ပြုပြီးသားဖြစ်တဲ့ တရားဝင်တဲ့ နိုင်ငံရေးစာတမ်းဖြစ်ပါတယ်။ ဒါပါတဲ့အဖွဲ့တစ်ခုခု၊ လူတစ်ယောက်က ပြောတာနဲ့ ပျက်တယ် ဘာညာမဟုတ်ပါဘူး။ နိုင်ငံရေးအရ အမြတ်ထုတ်ချင်လို့ နိုင်ငံရေးအရ အသုံးချလိုက်တဲ့သဘောပါပဲ”

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA အပေါ် နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ EAO တွေ နဲ့ စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေး တက်ရောက်ဆွေးနွေးနေတဲ့ EAO တွေကြား သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။ ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ကတော့ NCA စာချုပ်ကို စစ်ကောင်စီက ချိုးဖောက်ခဲ့တဲ့အတွက်…

ဖမ်းဆီးစစ်ဆေးခံနေရတဲ့ တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ရာထူးကဖြုတ်ချခံရ

တနင်္သာရီ၊ သြဂုတ်(၁၇) အဂတိလိုက်စားမှုစွပ်စွဲချက်နဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ တနင်္သာရီတိုင်းတိုင်းဒေသကြီး စစ်ကောင်စီအစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းနေရာမှာ ဗိုလ်မှူးကြီး နောက်တစ်ဦးကို အစားထိုးခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းနေရာမှာကို စစ်တက္ကသိုလ်က နည်းပြအရာရှိ ဗိုလ်မှူးကြီးမင်းမင်းလတ်ကို အစားထိုးခန့်အပ်လိုက်တယ်လို့ ဆိုပါတယ်။ နယ်လုံဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ရတဲ့ ဗိုလ်မှူးကြီး မင်းမင်းလတ်ဟာ…

ဖရူဆိုတိုက်ပွဲမှာ စစ်ကောင်စီတပ်အထိနာပြီး တပ်ပြန်ဆုတ်သွား

ဖရူဆို၊ သြဂုတ်(၁၇) ကယားပြည်နယ်၊ ဖရူဆိုမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် အထိအခိုက်အကျဆုံး များပြားပြီးနောက် တပ်ပြန်ဆုတ်သွားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်ကစပြီး စစ်ကောင်စီတပ်ဟာ ဒီးမော့ဆိုကနေ ဖရူဆိုဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ထီးသော်ကူကျေးရွာအနီးမှာ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲတွေဟာ ဩဂုတ် ၁၅ ရက်နေ့အထိ…

စစ်အာဏာသိမ်း (၉၂၇)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၉၃၈ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ်(၁၇) AAPP ရဲ့ သြဂုတ်(၁၆)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၂၇)ရက်အတွင်း ပြည်သူ (၃၉၃၈)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၄၃၀၁ ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၅၀၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…