August 16, 2023

ထိုင်ဝမ်ရဲ့ပဋိပက္ခဖြစ်နိုင်ခြေကို အဓိကစိုးရိမ်စရာအဖြစ် ဖိလစ်ပိုင်ရှူမြင်

မနီလာ၊ သြဂုတ်(၁၇) ဖိလစ်ပိုင်နိုင်ငံဟာ ဩဂုတ်လ (၁၅) ရက်နေ့မှာ ထုတ်ပြန်တဲ့ခြောက်နှစ်ကြာ အမျိုးသားလုံခြုံရေး မူဝါဒအရ လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒကို လိုက်နာကာ မဟာမိတ်တွေနဲ့ဆက်ဆံရေးကို ခိုင်မာစေဖို့လိုအပ်နေတယ် လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံအနေနဲ့လည်း ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မြှင့်တင်ဖို့ ကြိုးပမ်းနေတာပါ။ သမ္မ တဖာဒီနန်မားကို့စ်ဂျူနီယာက မကြာသေးမီက အတည်ပြုခဲ့တဲ့စာမျက်နှာ (၄၈) မျက်နှာပါ အမျိုးသားလုံခြုံရေး မူဝါဒ…

Pheu Thai ပါတီရဲ့ ပြည်သူတွေကို ဘတ်တစ်သောင်းပေးမယ့် မူဝါဒ ပြန်သုံးသပ်ဖို့ တောင်းဆို နေ

ဘန်ကောက် – ဩဂုတ်(၁၇) Pheu Thai ပါတီအဆိုပြုထားတဲ့ ပြည်သူတွေကို ဘတ်တစ်သောင်း ပေးမယ့်မူဝါဒ အကောင် အထည်မဖော်ခင် စီးပွားရေးဆိုင်ရာ အကဲဖြတ်ဆန်းစစ်သင့်တယ်လို့ ထိုင်းနိုင်ငံကုန်သည်ကြီး များအသင်းက ပါတီအစိုးရသစ်ကို တောင်းဆိုလိုက်ပါတယ်။ ထိုင်းကုန်သည်ကြီးများအသင်းက များပြားလှတဲ့ အသုံးစရိတ်လိုအပ်တဲ့ အဲဒီမူဝါဒဟာ စီးပွားရေးအရ အောင်မြင်မှုအတွက် အထူးဂရုပြုပြီး ဆန်းစစ်သင့်တယ်လို့ ဆိုခဲ့တာပါ။ အဲဲဒီမူဝါဒဟာ အလားလာရှိပေမယ့် ပေးအပ်မယ့် ရန်ပုံငွေ…

သီရီလင်္ကာမှာ ထရပ်ကားအပါအဝင် အကြီးစားယာဉ်တင်သွင်းခွင့်ပိတ်ပင်ထားတာကို ရုပ်သိမ်း

ကိုလံဘို – ဩဂုတ်(၁၇) သီရိလင်္ကာနိုင်ငံမှာ ထရပ်ကားနဲ့ အကြီးစားယာဉ်တင်သွင်းတာတွေကိုပြီးခဲ့တဲ့ ဩဂုတ်လ(၁၅) ရက်နေ့မှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်တယ်လို့ ဂေဇက်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒေါ်လာငွေရှားပါးလာတာနဲ့အတူ နိုင်ငံရဲ့စီးပွားရေး ဆိုးရွားစွာပြတ်တောက်သွားတဲ့ ဘဏ္ဍာရေး အကျပ်အတည်ကြောင့် ချမှတ်ထားတဲ့ သွင်းကုန်ကန့်သတ်ချက်တွေကို တဖြည်းဖြည်း ဖြေလျှော့ ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ ဒီဖြေလျှော့မှုဟာ လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လက ချမှတ်ထားတဲ့ မော်တော်ယာဉ်များဆိုင်ရာ ကန့်သတ်ချက်တချို့ကို…

မိုးဗြဲ-PDF တပ်ရင်း-၁(၁၀၀၁)ရဲ့ အထူးမွမ်းမံသင်တန်းဆင်းပွဲကျင်းပ

မိုးဗြဲ – ဩဂုတ်(၁၆) ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်စပ် မိုးဗြဲဒေသအခြေစိုက် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MBPDF) တပ်ရင်း-၁ (၁၀၀၁) ရဲ့ အထူးမွမ်းမံသင်တန်း ပြီးစီးခဲ့ပြီဖြစ်တယ်လို့ ဩဂုတ်လ (၁၅) ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၂၂) ရက်နေ့ကနေ ဩဂုတ်လ(၁၂) ရက်နေ့အထိ အထူးမွမ်းမံသင်တန်း ပြုလုပ်ခဲ့တာဖြစ်ပြီး သင်တန်းသား(၃၂) ဦးကို လေ့ကျင့်သင်ကြားပေးထားတယ်လို့ သိရပါတယ်။ ဓာတ်ပုံ –…

PDF များ လုံခြုံရေးယူသည်ကို ဆက်ကြေးကောက်ဟု စစ်လော်ဘီများ သတင်းအမှားဖြန့်(အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာ ဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “မော်လမြိုင်-ရေး-ထားဝယ် ပြည် ထောင်စုကားလမ်းပေါ်မှာ ဖြတ်သန်းသွားလာနေကြသည့် ခရီးသွားယာဉ်များကိုPDF တွေက လက်နက်ပြဆက်ကြေးတောင်းနေ” ဆိုတဲ့ အကြောင်းအရာကို…

အရန်ဆန်ထုတ်ရောင်းနေပေမယ့် ဆန်ဈေးအတက်ကြမ်း

ရန်ကုန်၊ သြဂုတ်(၁၆) ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်ဖို့အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အရန်ဆန်တွေ ထုတ်ရောင်းပေးနေပေမယ့် ဈေးကွက်အတွင်းဆန်ဈေးနှုန်း အတက်ကြမ်းနေတယ်လို့ ဆန်ကုန်သည်တွေနဲ့ အိမ်ရှင်မတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်ဈေးနှုန်းတည်ငြိမ်ဖို့နဲ့ စားသုံးသူပြည်သူတွေအတွက် ပစ္စည်းမှန် ဈေးနှုန်းမှန်ဖြစ်စေဖို့ ပုဂ္ဂလိကအခန်းကဏ္ဍကနေ အရန်ဆန်အိတ် ၅၀,၀၀၀ ကို ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်နေ့ကစပြီး ရောင်းချပေးနေတာ ဖြစ်ပါတယ်။ အရန်ဆန်ထုတ်ရောင်းပေးရာမှာ ရွှေဘိုပေါ်ဆန်းမွှေး…

ရေဖြူမြို့နယ် ဧကနီရွာကို စစ်ကောင်စီတပ်မီးရှို့၊ ဒေသခံပြည်သူတွေလည်း ဖမ်းဆီးခံထားရ

ရေဖြူ၊ သြဂုတ်(၁၆) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဧကနိကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် အလုံး ၄၀ ထက်မနည်း မီးလောင်ပျက်စီးထားတယ်လို့ ဒေသခံတွေနဲ့ မြို့နယ်ပကဖ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်နေ့မှာ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက ထိုးစစ်ဆင် ဝင်ရောက်လာတဲ့အတွက် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ ဧကနိကျေးရွာထဲမှာ…

စစ်အာဏာသိမ်း (၉၂၆)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၉၃၃ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ်(၁၆) AAPP ရဲ့ သြဂုတ်(၁၅)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၂၆)ရက်အတွင်း ပြည်သူ (၃၉၃၃)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၄၂၆၅ ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၅၀၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…