ပင်လယ်နက်ဆိပ်ကမ်းတွေမှာ ပိတ်မိနေတဲ့ သင်္ဘောတွေအတွက် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ စင်္ကြံကို ယူကရိန်းကြေညာ
ကိဗ်၊ သြဂုတ်(၁၂) ယူကရိန်းနိုင်ငံဟာ ပြီးခဲ့တဲ့နှစ် စစ်ပွဲဖြစ်ပွားကတည်းက နိုင်ငံရဲ့ဆိပ်ကမ်းတွေမှာ ပိတ်မိနေတဲ့ ပင်လယ်နက် ထဲသို့ ရွက်လွှင့်မယ့် ကုန်တင်သင်္ဘော ဒါဇင်ပေါင်းများစွာကိုခွင့်ပြုပေးနိုင်ဖို့ အတွက် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာစင်္ကြံကို သြဂုတ်လ (၁၀)ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ယူအန်နဲ့တူရကီတို့က ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ စပါးတင်ပို့မှုခွင့်ပြုဖို့ သဘောတူညီချက်မှ ရုရှားနိုင်ငံ နုတ်ထွက်ပြီး ကတည်းက အဲဒီဆိပ်ကမ်းတွေက သင်္ဘောလမ်းကြောင်းတွေကို စိစစ်နေဆဲဖြစ်ပါတယ်။ အနည်းဆုံးအစကနဦးမှာ အဲဒီစင်္ကြံဟာ…