August 10, 2023

မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုကြောင့် မဏိပူရပြည်နယ်မှာ ပဋိပက္ခတွေဖြစ်ပွားစေတယ်လို့ဆို

နယူးဒေလီ – ဩဂုတ်(၁၁) အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းက မဏိပူရပြည်နယ်ရှိ တိုင်းရင်းသား ပဋိပက္ခတွေဟာ အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုတွေကြောင့် ဖြစ်ပေါ်နေတာလို့ အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ မဏိပူရပဋိပက္ခရှိ နှစ်ဘက်လုံးကို ဆွေးနွေးအဖြေရှာပြီး တွေ့ဆုံဖြေရှင်းကြဖို့ သူကတောင်းဆိုခဲ့ တာပါ။ မြန်မာနိုင်ငံဟာ မဏိပူရပြည်နယ်လို အိန္ဒိယအရှေ့မြောက်ဘက်မှာရှိတဲ့ နယ်စပ်တွေနဲ့ ဆက်စပ် နေတာဖြစ်ပါတယ်။ လက်တလော မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ထောင်နဲ့ချီတဲ့…

ဘီလာရုစ်နယ်စပ်ကို စစ်သားတစ်သောင်းအထိ စေလွှတ်ဖို့ ပိုလန်စီစဉ်နေ

ဝါဆော – ဩဂုတ်(၁၁) ပိုလန်နိုင်ငံရဲ့ နယ်ခြားစောင့်တပ်ကို အထောက်အကူပံ့ပိုးပေးဖို့အတွက် ဘီလာရုစ်နယ်စပ်ကို နောက်ထပ်တပ်ဖွဲ့ဝင် တစ်သောင်းအထိ ပြောင်းရွှေ့ဖို့ စီစဉ်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ “နယ်စပ်မှာ စစ်သား တစ်သောင်းလောက်ရှိမယ်၊ အဲဒီထဲက လေးထောင်လောက်က နယ်ခြား စောင့်တပ်ကို တိုက်ရိုက် ထောက်ပံ့မှာဖြစ်ပြီး ခြောက်ထောင်လောက်က အရန်တပ်ထဲမှာရှိနေ မယ်” လို့ ဝန်ကြီး ဘလက်ဇ်ဇတ်က ပြည်သူ့ရေဒီယိုနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ…

တရုတ်နိုင်ငံရဲ့ CellX မှ ဓာတ်ခွဲခန်းထုတ် အသားတွေကို စမ်းသပ်စီမံကိန်းအဖြစ် စတင် မိတ်ဆက်

ပေကျင်း – ဩဂုတ်(၁၁) ရှန်ဟိုင်းစက်မှုဇုန်အတွင်း မထင်မှတ်ထားတဲ့ စမ်းသပ်မှုနောက်မှာ CellX ကုမ္ပဏီဟာ တိရိစ္ဆာန် တွေရဲ့ ဆဲလ်းတွေကတဆင့် ဓာတ်ခွဲခန်းအတွင်းထုတ်လုပ်တဲ့ အသားကို ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ခွဲခန်းက ထုတ်လုပ်တဲ့ အဲဒီအသားတွေကို တစ်ပွဲစာထုတ်လုပ်ဖို့ အမေရိကန်ဒေါ်လာ (၁၃.၈၇) ဒေါ်လာထက်နည်းတဲ့ ပမာဏ ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၀ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ကုမ္ပဏီဟာ…

စစ်ကောင်စီ ခံစစ်အနေအထားကိုရောက်ရှိသွားပြီလို့ KNLA ဗိုလ်မှူးချုပ်ပြော

ကော်သူးလေ – ဩဂုတ်(၁၀) အာဏာသိမ်းစစ်ကောင်စီဟာ ထိုးစစ်ဆင်တာတွေလုပ်ဆောင်နိုင်စွမ်းမရှိတော့ဘဲ ခံစစ် အနေအထားကိုရောက်ရှိနေပြီး KNLA ဘက်က နယ်မြေတွေပိုမိုထိန်းချုပ်လာနိုင်တယ်လို့ KNLA စစ်ဦးစီး မှူး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသောက ပြောပါတယ်။ ဒီနေ့ သြဂုတ်လ(၁၀) ရက်နေ့က အွန်လိုင်းကနေ ပြုလုပ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောခဲ့တာပါ။ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေထဲမှာ မြောက်ဘက်ခြမ်းက…

ပြည်သူတွေကို နိုင့်ထက်စီးနင်းလုပ်တဲ့ PDF ရဲဘော်တွေကို ပြတ်ပြတ်သားသား ဖယ်ရှားပစ်မယ် လို့ ဦးရည်မွန်ပြော

မော်လမြိုင် – ဩဂုတ်(၁၀) PDF ကသာ အသက်စွန့်တိုက်ပွဲဝင်နေရတာ ဖြစ်တဲ့အတွက် PDF တွေဟာ ပြည်သူထက် ခေါင်းတလုံးပိုမြင့်တယ်ဆိုတဲ့ အတွေးအခေါ်ကို ဖယ်ထားကြပြီး လက်နက်ကိုင်ကာ ပြည်သူတွေ အပေါ် နိုင့်ထက်စီးနင်းလုပ်တဲ့ ရဲဘော်တွေကို ပြတ်ပြတ်သားသားဖယ်ရှားပစ်မယ်လို့ NUG ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ခွဲမှူး သင်တန်း အပတ်စဉ်(၂) သင်တန်းသားရဲဘော်တွေကို ဝန်ကြီးရဲ့…

ဖမ်းဆီးခံ ပညစ်ဒေသခံ ၁၀ ဦး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ

လောင်းလုံး၊ သြဂုတ်(၁၀) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပညစ်ကျေးရွာကနေ ထားဝယ်ကိုဆေးကုသဖို့သွားတဲ့ ဒေသခံ ၁၀ ဦးဟာ ဖမ်းဆီးခံရပြီး ၆ ရက်အကြာတဲ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပညစ်ကျေးရွာနေဦးမြင့်နဲ့ မိသားစုဝင်တွေအပါအဝင် ဒေသခံ ၁၀ ဦးဟာ ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်နေ့က ပညစ်ကျေးရွာကနေ ထားဝယ်မြို့ပေါ်သို့ ဆေးကုသဖို့သွားစဉ် စစ်ကောင်စီတပ်ရဲ့…

စစ်အာဏာသိမ်း (၉၂၀)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၉၀၈ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ်(၁၀) AAPP ရဲ့ သြဂုတ်(၉)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၂၀)ရက်အတွင်း ပြည်သူ (၃၉၀၈)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၄၂၃၈ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၅၀၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…

မွန်ပြည်နယ်မှာ လျှပ်စစ်မီး ပိုမိုပြတ်တောက်လာ

မော်လမြိုင်၊ သြဂုတ်(၁၀) မွန်ပြည်နယ်အတွင်းမှာ နွေရာသီကာလထက် လက်ရှိမိုးတွင်းကာလအတွင်း လျှပ်စစ်မီး ဆိုးရွားစွာ ပြတ်တောက်မှုနဲ့ ကြုံနေရတယ်လို့ SME လုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့နွေရာသီကာလတုန်းက စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းကနေ ရပ်ကွက်၊ ကျေးရွာတွေကို အုပ်စုတွေခွဲကာ တစ်ကြိမ်လျှင် ၂ နာရီ တစ်ရက်ကို လျှပ်စစ်မီး ၈ နာရီလောက် ဖြန့်ဝေပေးခဲ့တာပါ။ ဒါပေမယ့်…