ဝါရှင်တန် – ဩဂုတ်(၁၀)
တရုတ်နိုင်ငံမှာ အမေရိကန်ရဲ့ နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေကို တားမြစ်မယ့် အစီအစဉ် အပါအဝင် တခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး အစိုးရကို အသိပေးဖို့ အကြီးတန်းအစိုးရ အရာရှိတစ်ဦးက ဩဂုတ်လ(၉) ရက်နေမှာ ပြောခဲ့ပါတယ်။
အဲဒီအစီအစဉ်တါေဟာ တရုတ်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ ခေတ်မှီဖွံ့ဖြိုးမှုနဲ့ အမေရိကန် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့ နည်းပညာတွေ ဖွံ့ဖြိုးအောင် အမေရိကန်ရဲ့ အရင်းအနီးနဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ ကူညီတာက တားဆီးဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။
သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဒီသီတင်းပတ်အတွင်း တရုတ်နိုင်ငံကို ပြင်ပမှ ရင်းနှီးမြှုပ်နှံမှုတွေကို စစ်ဆေးဖို့ အချိန်အတော်ကြာ စောင့်မျော်နေတဲ့ စီရင်ဆုံးဖြတ်ခွင့်အမိန့်ကို မကြာခင်ထုတ်ပြန်ဖို့ မျှော်လင့်နေတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီအမိန့်ကို လာမယ့်ရက်ပိုင်းအတွင်း ထုတ်ပြန်ဖို့ မျှော်မှန်းထားတယ်လို့ အစိုးရအကြီးတန်း သတင်းရင်းမြစ်က ဆိုထားပါတယ်။
ဘိုင်ဒန်အုပ်ချုပ်ရေးတာဝန်ရှိသူတွေက လနဲ့ချီပြီး ဖိအားတွေပေးခဲ့တဲ့ တရုတ်နိုင်ငံအတွင်း အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ် ကန့်သတ်ချက်မှန်သမျှကို စေ့စေ့စပ်စပ် ပစ်မှတ်ထားဖို့ ရှိတယ်လို့ အလေးအနက်ပြောဆိုခဲ့ပါတယ်။
ဒါတွေက အံဝင်ခွင်ကျတဲ့ ဆောင်ရွက်မှုတွေဖြစ်သလို တရုတ်ပြောတဲ့ နည်းပညာပိတ်ဆို့မှု မဟုတ်ဘူးလို့ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က လွန်ခဲ့တဲ့ ဧပြီလက ပြောခဲ့ ပါတယ်။
“အလွန်အမင်း ကျယ်ကျယ်ပြန့်ပြန့် မဖြစ်စေချင်ဘူး၊ အလွန်အကျွံလုပ်မိတဲ့အရာတွေက အမေရိကန် အလုပ်သမားများနှင့် စီးပွားရေးကို ထိခိုက်စေမယ်” လို့ အမေရိကန် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးက ပြီးခဲ့တဲ့ မတ်လမှာ ပြောခဲ့ပါတယ်။
အမေရိကန် ပုဂ္ဂလိကရှယ်ယာများ၊ဖက်စပ်မတည်ရင်းနှီးမြှုပ်နှံမှုနဲ့ ဆီမီးကွန်ဒတ်တာတွေ၊ ကွမ်တပ်ကွန်ပျူတာနဲ့ ဉာဏ်ရည်တုဆိုင်ရာတွေကို တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ထိရောက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပစ်မှတ်ထားဖို့ရှိတယ်လို့ အုပ်ချုပ်ရေးအဖွဲ့က မျှော်လင့် ထားတာဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီအမိန့်နဲ့ ဖမ်းမိခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု အများစုကို အစိုးရထံ အသိပေးဖို့ လိုအပ်တယ် လို့ သတင်းရင်းမြစ်တွေက ဆိုခဲ့ပြီး တချို့သောအရောင်းအဝယ်တွေကို တားမြစ်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီလုပ်ဆောင်ချက်ကို အစီရင်ခံဖို့အတွက် ဘိုင်ဒန်အစိုးရဟာ တရုတ်စက်မှုလုပ်ငန်းတွေမှာ ကျယ်ပြန့်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ နယူးရော့တိုင်းမ် သတင်းစာက ဩဂုတ်လ(၈) ရက်နေ့မှာ ဖော်ပြထားပြီး အဲဒီလုပ်ဆောင်ချက်ဟာ အစိုးရကို အမေရိကန်နဲ့ တရုတ်ကြား ဘဏ္ဍာရေးဆိုင်ရာ လွှဲပြောင်းမှုတွေမှာ ကောင်းစွာမြင်သာစေမှာဖြစ်တယ်လို့ သိရပါတယ်။
ဘိုင်ဒန်ရဲ့ အမိန့်ဟာ အဆိုပြုထားတဲ့ စည်းမျဉ်းတွေချမှတ်ခြင်းဆိုင်ရာ သတိပေးချက်ကို ထုတ်ပြန်ဖို့ ညွှန်ကြားဖွယ်ရှိပြီး ချက်ခြင်းအကျိုးသက်ရောက်မှာဖြစ်တယ်လို့ မျှော်လင့်မထားဘဲ အပြီးသတ်မလုပ်ဆောင်ခင် လုပ်ငန်းဆိုင်ရာ မှတ်ချက်တွေကို ထည့်သွင်းစဉ်းစားတဲ့ကာလကို စီစဉ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
Ref:Reuters