(FILES) Cambodia's Prime Minister Hun Sen (L) poses with his son Hun Manet (R) during a ceremony at a military base in Phnom Penh on October 13, 2009. Cambodian Prime Minister Hun Sen, one of the world's longest-serving leaders, said on July 26, 2023 he will resign and hand power to his son, after almost four decades of hardline rule. (Photo by TANG CHHIN Sothy / AFP)

ဖနွမ်းပင် – ဩဂုတ်(၈) 

ကမ္ဘောဒီးယားဘုရင်ဟာ ဟွန်မနတ်ကို နိုင်ငံခေါင်းဆောင်သစ်အဖြစ်ခန့်အပ်လိုက်ပြီး ဆယ်စုနှစ် (၄)ခုနီးပါးအုပ်ချုပ်ခဲ့တဲ့ ဖခင်ဖြစ်သူရဲ့ ရာထူးကိုထိုက်တန်စွာ ရရှိခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါ တယ်။

ပြီးခဲ့တဲ့ဇူလိုင်လမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုအနိုင်ရပြီးနောက် အာဏာ ရှင်ဟွန်ဆန်ဟာ ဝန်ကြီးချုပ်ရာထူးက အနားယူပြီး သူ့ရဲ့အကြီးဆုံးသားဖြစ်သူကို အာဏာလွှဲပေး မယ်လို့ ကြေညာထားတာပါ။ 

ကမ္ဘောဒီးယားရွေးကောက်ပွဲမှာ ပြိုင်ဘက်ပါတီကို ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ထားပြီး အာဏာ ရပါတီ တစ်ခုတည်းကသာ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တာဖြစ်ပါတယ်။

“ပါလီမန်၏ ၇ ကြိမ်မြောက် သက်တမ်းအတွက် ဒေါက်တာ ဟွန်မနတ်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်သည်” လို့ ကမ္ဘောဒီးယားရဲ့ တော်ဝင်အဆင့်ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် နိုင်ငံရဲ့ တရားဝင်ခေါင်းဆောင်ဖြစ်လာဖို့အတွက် အသက်(၄၅)နှစ်အရွယ် ဟွန်မနတ်နဲ့ သူ့ရဲ့အစိုးရအဖွဲ့ဟာ လာမယ့် ဩဂုတ်လ(၂၂) ရက်နေ့မှာ ကျင်းပမယ့် ပါလီမန်မှာ အာဏာရယူ ရေးနဲ့ သက်ဆိုင်တဲ့ မဲခွဲဆုံးဖြတ်မှုကို ရင်ဆိုင်ရဦးမှာဖြစ်တယ်လို့ သိရပါတယ်။ 

ကမ္ဘောဒီးယားနိုင်ငံရဲ့ အစိုးရသစ်မှာ ငယ်ရွယ်တဲ့ ဝန်ကြီးတွေသာ ပါဝင်လာဖွယ်ရှိနေပြီး သူတို့ရဲ့ ဖခင်ဖြစ်သူတွေဟာ သက်ဆိုင်ရာ ရာထူးတာဝန်တွေကနေအနားယူသွားဖို့ရှိနေတယ်လို့ လေ့လာ သူတွေက ဆိုထားပါတယ်။ 

ဇူလိုင်လအတွင်းကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မှုနဲ့ တရားမျှတမှု မရှိဘူးလို့ အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂနဲ့ ဥရောပ သမဂ္ဂတို့က ဝေဖန်ထားကြပြီး ဟွန်ဆန်က ဝေဖန်မှုတွေကို ပယ်ချထားပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်မယ့် ဟွန်မနက်ဟာ အင်္ဂလန်နဲ့အမေရိကန် တို့မှာ ပညာသင်ကြားခဲ့သူဖြစ်တဲ့အတွက် ဖခင်ဖြစ်သူဟွန်ဆက်ထက်ပိုပြီး ကျယ်ပြန့်တဲ့ နိုင်ငံရေး လမ်းကြောင်းကို ပုံဖော်နိုင်ဖို့ရှိနေတယ်လို့လည်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။ 

ဝန်ကြီးချုပ်ရာထူးက အနားယူခဲ့တဲ့ဟွန်ဆန်ဟာ လာမယ့်နှစ်အစောပိုင်းကစပြီး အထက် လွှတ်တော် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူမှာဖြစ်သလို ဘုရင်ဖြစ်သူ ပြည်ပထွက်ခွာ ချိန်မှာ နိုင်ငံရဲ့ ယာယီအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။ 

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.