မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည် စစ်ခေါင်းဆောင်၏ နေပြည်တော်ရှိဘုရားဖွင့်ပွဲသို့ လာသည့် သာသနာ့နွယ်ဝင်များကို ဗုံးခွဲတိုက်ခိုက်ခြင်းဖြစ်“ဆိုတဲ့ ဘာသာရေးလှုံ့ဆော်မှုများဖြင့် ဖြန့်ချိနေတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို ဇူလိုင်လ( ၃၀နဲ့၃၁)ရက်နေ့မှာ စစ်တပ်ပိုင် DGF21NEWS နဲ့Ba nyunt , Han Nyein Oo တယ်လီဂရမ်ချန်နယ်နဲ့ We Love Myanmar,မျိုးချစ်စတဲ့အွန်လိုင်းမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ သံလွင်တံတားစစ်ဆေးရေးဂိတ်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားတဲ့ဂိတ်တစ်ခုဖြစ်ပြီး နေ့စဉ်ဖြတ်သန်းသွားလာနေတဲ့ ခရီးသွားပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးခြင်း၊ ငွေတောင်းခံခြင်း၊ ခရီးသွားကားများအား ခြိမ်းခြောက်၍ ခရီးသွားကြန့်ကြာအောင်ပြုလုပ်ခြင်း၊ မှတ်ပုံတင်တွေသိမ်းဆည်းငွေညှစ်ခြင်း၊ ခရီးသွားပြည်သူတွေကို PDF တွေလို့ စွပ်စွဲကာဖမ်းဆီးခြင်းစတဲ့ နာမည်ဆိုးနှင့်ကျော်ကြားနေတဲ့ စစ်ဆေးရေးဂိတ်လည်း ဖြစ်ပါတယ်။

စစ်ဆေးရေးဂိတ်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်ရင်းများ၊ ရဲတပ်ဖွဲ့များနှင့် Non CDM လဝက ဝန်ထမ်းများဖြင့် အခိုင်အမာတပ်စွဲထားသည့်နေရာဖြစ်တဲ့အတွက် တော် လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ ဘားအံ- GUERILLA FORCE မြို့ပြ စစ်ဆင်ရေးအဖွဲ့နဲ့ လွတ်လပ်သောသတင်းဌာနတွေရဲ့ သတင်းထုတ်ပြန်ချက်အရ စိစစ်တွေ့ရှိရပါတယ်။

စစ်ကောင်စီနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေပြောဆိုချက်အရတော့ အခုဖြစ်စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး အရပ်သား ၁ ဦးသေဆုံး၊ ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ BBCသတင်းမှာဖော်ပြထားတာကို တွေ့ရှိရပါတယ်။

သံလွင်တံတား(ဘားအံ)ကို တိုက်ခိုက်ခြင်းသည် သာသနာ့နွယ်ဝင်များကို ဗုံးခွဲတိုက်ခိုက်ခြင်းဖြစ်ပြီး ဘာသာရေးလှုံ့ဆော်မှုများဖြင့် စစ်တပ်ထောက်ခံသူ ချန်နယ်များက ဖြန့်ချိနေတဲ့ အကြောင်းအရာသည် ထိရှလွယ်သော လူမျိုးစုတွေအကြား ပဋိပက္ခကို ဖြစ်စေအောင် လှုံဆော်ရေးသားတဲ့ ဘာသာရေးလှုံဆော်မှုဝါဒဖြန့်မှုသာဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။

ဘားအံ- GUERILLA FORCE မြို့ပြ စစ်ဆင်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်လင့်

https://shorturl.at/ciW79

BBC သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/mpwIJ

Myanmar nowသတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/qrzP5

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့” သံလွင်တံ တား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည် စစ်ခေါင်းဆောင်၏ နေပြည်တော်ရှိဘုရားဖွင့်ပွဲသို့လာသည့် သာသနာ့နွယ်ဝင်များကို ဗုံးခွဲတိုက်ခိုက်ခြင်းဖြစ်” ဟု ဖြန့်ချိနေတဲ့ဓာတ်ပုံပါအကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.