အာဏာရှင်ဟွန်ဆန်ရဲ့သားကို ဝန်ကြီးချုပ်အဖြစ် ကမ္ဘောဒီးယားဘုရင်ခန့်အပ်
ဖနွမ်းပင် – ဩဂုတ်(၈) ကမ္ဘောဒီးယားဘုရင်ဟာ ဟွန်မနတ်ကို နိုင်ငံခေါင်းဆောင်သစ်အဖြစ်ခန့်အပ်လိုက်ပြီး ဆယ်စုနှစ် (၄)ခုနီးပါးအုပ်ချုပ်ခဲ့တဲ့ ဖခင်ဖြစ်သူရဲ့ ရာထူးကိုထိုက်တန်စွာ ရရှိခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါ တယ်။ ပြီးခဲ့တဲ့ဇူလိုင်လမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုအနိုင်ရပြီးနောက် အာဏာ ရှင်ဟွန်ဆန်ဟာ ဝန်ကြီးချုပ်ရာထူးက အနားယူပြီး သူ့ရဲ့အကြီးဆုံးသားဖြစ်သူကို အာဏာလွှဲပေး မယ်လို့ ကြေညာထားတာပါ။ ကမ္ဘောဒီးယားရွေးကောက်ပွဲမှာ ပြိုင်ဘက်ပါတီကို ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ထားပြီး အာဏာ…