August 4, 2023

အစ္စလာမ္မစ်နိုင်ငံတော် (IS) အဖွဲ့ခေါင်းဆောင် သေဆုံးကြောင်းကြေညာ

အယ်ဒီလစ်၊ သြဂုတ်(၅) IS အဖွဲ့ရဲ့ ခေါင်းဆောင် အဘူအယ်ဟူစိန် အယ်ဟူစိန်ကွာရာရှီဟာ ဆီးရီးယားနိုင်ငံ အနောက် မြောက်ပိုင်းရှိ ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်းမှာ သေဆုံးသွားခဲ့ပြီဖြစ်တယ်လို့ သြဂုတ် (၃) ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အယ်ဒီလစ်ပြည်နယ်ရှိ ဂျီဟတ်ဝါဒီအဖွဲ့ ဟိုက်ရက် တာဟယ်ရာအယ်ရှန်နဲ့ တိုက်ရိုက် ထိပ်တိုက် တွေ့ တိုက် ခိုက်မှုတွေအပြီးမှာ သူတို့ရဲ့ခေါင်းဆောင်ဟာ သေဆုံးသွားခဲ့ ရတာဖြစ်ကြောင်း IS အဖွဲ့မှ…

ထိုင်းဝန်ကြီးချုပ်ရွေးချယ်ပွဲ ထပ်မံရွှေ့ဆိုင်းခဲ့

ဘန်ကောက် -ဩဂုတ်(၅) ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ရွေးကောက်ပွဲကို ဩဂုတ်လ(၄) ရက်နေ့မှာကျင်းပဖို့ စီစဉ်ထားပေမယ့် ထပ်မံရွှေ့ဆိုင်းလိုက်တဲ့အတွက် အစိုးရသစ်ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး မရေရာမှုတွေနဲ့ ရင်ဆိုင်နေ ရပါတယ်။ ပြီးခဲ့တဲ့ မေလကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ Move Forward ပါတီအနိုင်ရခဲ့ပေမယ့် ပါတီ ခေါင်းဆောင် ဖိထာဟာ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းအဖြစ်ကနေ စစ်တပ် ကြောထောက် နောက်ခံပြုထားတဲ့ အထက်လွှတ်တော်အမတ်တွေရဲ့ ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင် နေရတာပါ။ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းအဖြစ်…

တရုတ်အတွက် သူလျှိုလုပ်မှုနဲ့ ရေတပ်အမှုထမ်းနှစ်ဦးကို အမေရိကန်အစိုးရဖမ်းဆီး

ဝါရှင်တန် – ဩဂုတ်(၅) တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးတယ်ဆိုတဲ့ စွဲချက်နဲ့ အမေရိကန်ရေတပ် အမှုထမ်း(၂) ဦးကို ဖမ်းဆီးထားတယ်လို့ အမေရိကန်တရားရေးဌာနက ဩဂုတ်လ(၃) ရက်နေ့မှာ ပြောခဲ့ပါတယ်။ သူတို့ဟာ စစ်သင်္ဘောတွေအတွက် လက်နက်စနစ်၊ရေဒါစနစ် အသေးစိတ်အချက်အလက်တွေနဲ့ အမေရိကန်စစ်ရေးလေ့ကျင့်မှုပြုလုပ်မယ့် အစီအစဉ် လျှို့ဝှက်ချက်တွေ တရုတ်ကိုရောင်းချခဲ့ တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံထားရတာပါ။ “ဒီဖမ်းဆီးမှုတွေဟာ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီစံနှုန်းကို ထိခိုက်စေပြီး ခုခံကာကွယ်သူတွေကို…

ကရင်ပြည်နယ်ရဲ့ မြို့နယ် ၆ မြို့နယ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေ

မြဝတီ၊ သြဂုတ်(၄) မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးလာတဲ့အတွက် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်(၆)နယ်ထဲက ကျေးရွာနဲ့ အနိမ့်ပိုင်းရပ်ကွက်တချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး ရေဘေးသင့် ပြည်သူတွေကို အရေးပေါ်ရွှေ့ပြောင်းနေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲမှာ ဩဂုတ် ၃ ရက်နေ့စပြီး သောင်ရင်းမြစ်ရေကြီးလာတဲ့အတွက် မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးမှုဖြစ်ပွားနေသလို ရွှေကုက္ကိုလ်မြို့သစ်၊ မဲပလဲ့ကျေးရွာဘက်မှာလည်း ရေကြီးရေလျှံနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဘားအံမြို့နယ်နဲ့…

အဓမ္မတပ်သားသစ်စုဆောင်းခံခဲ့ရတဲ့ စစ်သားတစ်ဦး မိုးဗြဲ PDF ထံ လက်နက်နဲ့ အလင်းပြန်ဝင်

မိုးဗြဲ – ဩဂုတ်(၄) အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ အဓမ္မတပ်သားသစ်စုဆောင်းခံရပြီးနောက် ရှေ့တန်းစစ်စခန်းကို အပို့ခံထားရတဲ့ တပ်သားတင်သိန်းဆိုသူဟာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို လက်နက်နဲ့ အတူ CDM ဝင်ရောက်လာတယ်လို့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၃) ရက်နေ့က အမှတ်(၁၀၀၁)၊မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)၊တပမ ခွဲ(၃) ကိုချိတ်ဆက်ပြီး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ လာရောက်ခိုလှုံတာတာဖြစ်ပြီး သူဟာ မိုးဗြဲအခြေစိုက် စစ်ကောင်စီ ခ.မ.ရ(၄၂၂) တပ်က ဖြစ်တယ်လို့ ဆိုထားပါတယ်။…

“NUG အစိုးရရဲ့ ရပ်တည်ချက်နဲ့ မွန်ပြည်ကာကွယ်ရေးတပ်ရဲ့ ရပ်တည်ချက်က တစ်ထပ်တည်းပဲ ပြောလို့ရတယ်”

နိုင်ငံတော် မတည်ငြိမ်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းစစ်ကောင်စီဟာ အရေးပေါ်ကာလကို သြဂုတ် ၁ ရက်နေ့ကနေ ဇန်နဝါရီ ၃၁ ရက်နေ့အထိ နောက်ထပ် ၆ လ သက်တမ်းထပ်တိုးထားပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NGU) ကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရင်လည်း တော်လှန် ရေးရပ်တည်ချက် ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့…

တိမ်းရှောင်နေရတဲ့ ထားဝယ် NLD အမတ် ဦးအောင်ဝင်းကွယ်လွန်

ထားဝယ်၊ သြဂုတ်(၄) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ် ဦးအောင်ဝင်းဟာ သြဂုတ် ၃ ရက်နေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တိမ်းရှောင်နေရတဲ့ NLD အမတ် ဦးအောင်ဝင်းဟာ ပါးစောင်ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်အချိန်မှာ အသက် ၆၉ နှစ်ရှိပြီလို့ သိရပါတယ်။ ဦးအောင်ဝင်းဟာ…

နှစ်ပတ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးရသူ ၂၀,၀၀၀ ကျော် ထပ်တိုးလာ

ရန်ကုန်၊ သြဂုတ်(၄) မြန်မာပြည်အရှေ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ ကရင်၊ ကယားနဲ့ ပဲခူးတိုင်းတို့မှာ ဖြစ်ပွားနေတဲ့ လက် နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၂၀,၀၀၀ ကျော် ထပ်တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က သြဂုတ် ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့ဟာ နိုင်ငံရဲ့ အရှေ့တောင်၊ အရှေ့မြောက်နဲ့…