လန်ဒန် – ဩဂုတ်(၂) 

ဗြိတိန်နိုင်ငံသားနှစ်ဦးကို လွှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ ရုရှားအတိုက်အခံနိုင်ငံရေးသမားဗလာဒီမာ ကာရာမာဇာကို နိုင်ငံရေးအရ လှုံ့ဆော်တဲ့ ပြစ်ဒဏ်ခတ်ခဲ့တဲ့အတွက် ရုရှားတရားသူကြီးတွေနဲ့ အစိုးရရှေ့နေတွေကို ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။ 

ရုရှားနဲ့ ဗြိတိန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ အသက်(၄၁)နှစ်အရွယ် ကာရာမာဇာကို နိုင်ငံတော် သစ္စာဖောက်မှုအပြင် တခြားပြစ်မှုတွေနဲ့ ဧပြီလမှာ ထောင်ဒဏ်ချမှတ်ခံ့တာဖြစ်ကာ ပြီးခဲ့တဲ့ ရက်ပိုင်းက ထောင်ဒဏ်(၂၅) နှစ် ချမှတ်ခံထားရတာနဲ့ပတ်သက်ပြီး အယူခံဝင်ချိန်မှာ ရှုံးနိမ့်ခဲ့ရတယ်လို့ နိုင်ငံပိုင် သတင်းဌာန RIA မှာ ဖော်ပြထားပါတယ်။ 

“ဒါဟာ စိတ်ပျက်စရာကောင်းပြီး အခြေအမြစ်မရှိဘူး” ဆိုပြီး ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆွန်နက်က လူမှုမီဒီယာပလပ်ဖောင်းမှာ ဖော်ပြခဲ့ပါတယ်။ ” @vkaramurza ရဲ့ အယူခံကို ငြင်းပယ်တာဟာ တရားမျှတမှု မရှိပါဘူး။ သူ့ကို ချက်ချင်း ပြန်လွှတ်ပေးသင့်တယ်။” လို့ သူကရေးသားခဲ့တာ ဖြစ်ပါတယ်။ 

မော်စကိုမြို့တရားရုံး တရားသူကြီး ဗီတာလီဘယ်လစ်စကီနဲ့ အက်ကာတီရီနာ တို့ကို ပိုင်ဆိုင်မှု ခေတ္တရပ်ဆိုင်းထားပြီး ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်လို့ ဗြိတိန်က ပြောပါတယ်။ 

ကာရာမာဇာဟာ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလမှာ မော်စကိုက သောင်းနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေ ယူကရိန်းကို စေလွှတ်ပြီးနောက် ရုရှားမှာနေထိုင်ခဲ့ပြီး သမ္မတ ဗလာဒီမာပူတင်ကို ဆန့်ကျင်တဲ့ အတိုက်အခံ အနည်းစုထဲက တစ်ဦးဖြစ်ပါတယ်။

ဗြိတိန်အစိုးရဟာ သူ့ရဲ့အမှုနဲ့ပတ်သက်ပြီး တခြားသူတချို့ကို အရင်က ဒဏ်ခတ်အရေးယူခဲ့ဖူး ပြီး ကာရာမာဇာရဲ့ တရားခွင်အကြိုထိန်းသိမ်းမှုကို ထပ်မံတိုးမြှင့်ပေးတဲ့ ဘက်စ်မန်နီ ခရိုင်တရား ရုံး တရားသူကြီးကိုလည်း ဒဏ်ခတ်အရေးယူခဲ့တယ်လို့ ဆိုပါတယ်။ 

“ကာရာမာဇာနှင့် ဗြိတိန်နိုင်ငံသားနှစ်ဦးဟာ ၎င်း၏စစ်ဆန့်ကျင်ရေး ရပ်တည်ချက်ကြောင့် ရုရှားအစိုးရ၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံနေရသည်” လို့ ဗြိတိန်အစိုး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ပိတ်ဆို့အရေးယူမှုမှာ ပစ်မှတ်ထားခံခဲ့ရတဲ့ တခြားအမှုလိုက်ရှေ့နေနှစ်ဦးနဲ့ ကာရာမာဇာ အဖမ်းခံ ရမှုအတွက် မှားယွင်းတဲ့ ဖြောင့်ချက်ပေးခဲ့တဲ့ ကျါမ်းကျင်သက်သေတစ်ဦးလည်းပါဝင်ပါတယ်။ 

ကာရာမာဇာဟာ ယူကရိန်စစ်ပွဲစတင်ပြီးနောက် နှစ်လအကြာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ သတင်းမှားဖြန့်တဲ့ နိုင်ငံခြားအေးဂျင့် အဖြစ် သတ်မှတ်ကြေညာခံရပြီး ဖမ်းဆီးခံခဲ့ ရတာဖြစ်ပါတယ်။ 

ရုရှားနိုင်ငံကို လူသတ်မားတွေ အုပ်ချုပ်နေတာလို့ ဖြေဆိုခဲ့တဲ့ CNN နဲ့ တွေ့ဆုံမေးမြန်း ခန်းကို ထုတ်လွှင့်ပြီး နာရီပိုင်းအကြာမှာ သူ့ကိုဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သူဟာ ၂၀၂၂ ခုနှစ်မတ်လမှာ အရီဇိုးနား အောက်လွှတ်တော်မှာ ပူတင်က ယူကရိန်းရဲ့ အိမ်တွေ၊ ဆေးရုံတွေနဲ့ ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ပြောဆိုခဲ့တဲ့ မိန့်ခွန်းကြောင့် လည်း နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲခံထားရပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.