July 2023

မလေးရှားမှာ အီလွန်မက်စ်ရဲ့ Stralink အင်တာနက်ဖြန့်ဝေဖို့ အစိုးရသဘောတူ

ကွာလာလမ်ပူ – ဇူလိုင်(၂၂) မလေးရှားနိုင်ငံအတွင်း အင်တာနက်ဝန်ဆောင်မှုကို ပံ့ပိုးပေးနိုင်ဖို့အတွက် အီလွန်မက်စ်ရဲ့ ဂြိုလ်တုဆက်သွယ်ရေးဖြစ်တဲ့ Starlink ကိုခွင့်ပြုပေးခဲ့တယ်လို့ ဆက်သွယ်ရေးဝန်ကြီးက ဇူလိုင်လ(၂၀) ရက်နေ့မှာ ပြောခဲ့ပါတယ်။ ဆက်သွယ်ရေးဝန်ကြီးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အီလွန်မက်စ်ရဲ့ SpaceX ကလုပ်ဆောင် ထားတဲ့ Starlink ကိုနိုင်ငံအတွင်းမှာရှိတဲ့ ကျောင်းတွေနဲ့ အထက်တန်းပညာရေးအဖွဲ့အစည်း တွေကို ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ ဆိုထားတာပါ။ နိုင်ငံအတွင်းက လူသိများရေပန်းစားတဲ့ ဧရိယာတွေမှာ…

တရုတ်မောင်းသူမဲ့ မော်တော်ယာဉ်နည်းပညာကြောင့် စိုးရိမ်မှုတွေ မြင့်တက်လာတယ်လို့ ကန်သယ်ယူပို့ဆောင်ရေးအကြီးအကဲဆို

ဝါရှင်တန် – ဇူလိုင်(၂၂) အမေရိကန်စျေးကွက်မှာ တရုတ်ရဲ့မောင်းသူမဲ့ မော်တော်ယာဉ်နည်းပညာကြောင့် အေဂျင်စီ အနေနဲ့ စိုးရိမ်မှုတွေ မြင့်တက်လာစေတယ်လို့ အမေရိကန်သယ်ယူပို့ဆောင်ရေး အကြီးအကဲ ကဇူလိုင်(၂၀) ရက်နေ့မှာ ပြောခဲ့ပါတယ်။ “ကျွန်တော်တို့ဟာ ဟာ့ဒ်ဝဲ ဒါမှမဟုတ် ဆော့ဖ်ဝဲလ်အကြောင်းတွေကိုဘဲ ပြောနေချိန်မှာ တယ်လီ ကွန်း ဒါမှမဟုတ် TikTok နဲ့ သယ်ယူပို့ဆောင်ရေးနည်းပညာနှင့်ပတ်သက်ပြီး စိုးရိမ်မှုတွေလည်း ရှိပါတယ်” လို့ ပို့ဆောင်ရေးအကြီးအကဲ…

စစ်ရေးအရအရေးပါတဲ့ မြဝတီလက်ခတ်တောင်စခန်းကုန်းကို KNLA ပူးပေါင်းတပ်သိမ်းပိုက်

မြဝတီ၊ ဇူလိုင် ၂၁ စစ်ရေးဗျူဟာအရအရေးပါတဲ့ ကရင်ပြည်နယ် မြ၀တီမြို့အနီးရှိ လက်ခတ်တောင်ကြောတစ်ခုလုံးကို ဒီကနေ့ ဇူလိုင် ၂၁ ရက်နေ့ မနက်ပိုင်းမှာ KNLA တပ်မဟာ(၆)ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။ တပ်မဟာ(၆)KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings ဒရုန်းပူးပေါင်းအဖွဲ့တို့က မြ၀တီမြို့အနီးရှိ စစ်ကောင်စီတပ်စွဲထားတဲ့ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပြီးခဲ့တဲ့ဇူလိုင် ၂၀…

ဒေါပုံ ဗ.က.သ ဥက္ကဋ္ဌဟောင်း ကိုဉာဏ်ဝင်းထက် ထောင်ဒဏ်အနှစ်​(၂၀) ချမှတ်ခံရ

ရန်ကုန် – ဇူလိုင်(၂၁) ရန်ကုန်တိုင်း၊ဒေါပုံမြို့နယ် ကျောင်းသားများသမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်) ဥက္ကဋ္ဌဟောင်း ဖြစ်သူ ကိုဉာဏ်ဝင်းထက်ကို စစ်ကောင်စီမတရားစွဲဆိုထားတဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ(၃)နဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ်(၅) နှစ်ချမှတ်လိုက်တယ်လို့ ဗ.က.သများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနှောင်းပိုင်းမှာ ကိုဉာဏ်ဝင်းထက်ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၁(ဂ) နဲ့ ထောင်(၈)နှစ်၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ(၃)နဲ့ ထောင်(၇)နှစ် ချမှတ်ခံထားရပြီး ဇူလိုင်လ(၂၀) ရက်နေ့မှာ…

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချပြီး စစ်ကောင်စီလော်ဘီတွေ သတင်းအမှားဖြင့် ဝါဒဖြန့်နေ (အမှန်/အမှား)

မင်္ဂလာပါရှင့်။သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေဖြန့်ဝေနေတဲ့ “ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ငြိမ်း ချမ်းရေးနိုဘယ်ဆုရှင်ရဲ့ သတင်းစကား” ဆိုပြီး လက်ကမ်းစာရွက်ဓာတ်ပုံတွေဖြန့်ချိနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ စစ်တပ်လော်ဘီပေ့ချ်တွေမှာ ဖြန့်ဝေနေတဲ့အကြောင်းအရာတွေထဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ရဲ့ သတင်းစကားဆိုပြီး NUGနဲ့PDF…

မပခတိုင်းမှူးဇနီးနဲ့ အရာရှိဇနီးတွေကိုပါ စစ်ကောင်စီဖမ်းဆီးပြီး စိန်ရွှေဝယ်ယူမှုကအစ စစ်ဆေးနေ

မြစ်ကြီးနား၊ ဇူလိုင်(၂၁) ကချင်ပြည်နယ်၊ မြစ်ကြီးနာမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်အပါအဝင် အရာရှိ ၇ ဦး ထက်မနည်း ဖမ်းဆီးစစ်ဆေးနေစဉ် သူတိုရဲ့ ဇနီးတွေကိုပါဖမ်းဆီးပြီး ပိုင်ဆိုင်မှုအသေးစိတ် စစ်ဆေးနေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။ စစ်ကောင်စီ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိုင်းမှူးအပါအဝင် အရာရှိတွေကို ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက် နေ့မှာ…

စစ်အာဏာသိမ်း (၉၀၀)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၈၁၃ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်(၂၁) AAPP ရဲ့ ဇူလိုင်(၂၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၉၉)ရက်အတွင်း ပြည်သူ (၃၈၁၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၉၆၂ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၈၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…

မော်လမြိုင်ရပ်ကွက်အများစုမှာ ရေပြန်ကျပြီ

မော်လမြိုင်၊ ဇူလိုင်(၂၁) မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဇူလိုင် ၂၀ ရက်နေ့ မနက်ပိုင်းကစပြီး ရေပြန်ကျလာပြီလို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့ ညပိုင်းကတည်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် မော်လမြိုင်မြို့ရှိ သီရိမင်္ဂလာ၊ သီရီမြိုင်၊ ရွှေပြည်အေးအပါအဝင် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေ…