People transport a man, who was injured after a blast in Bajaur district of Khyber Pakhtunkhwa, at the Lady Reading Hospital in Peshawar, Pakistan July 30, 2023. REUTERS/Fayaz Aziz

အစ္စလာမ်မာဘတ်- သြဂုတ်(၁) 

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ဘာပက်ခ်ထဝန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ (၃၀) ရက်နေ့က နိုင်ငံရေးစုဝေးပွဲအတွင်း အသေခံဗုံးဖောက်ခွဲခဲ့မှုကြောင့် အနည်းဆုံး လူ (၄၂) ဦး သေဆုံးပြီး (၁၃၀) ကျော် ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ကယ်ဆယ်ရေး တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

 အာဖဂန်နစ္စတန်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဘာဂျူအာရဲ့ မျိုးနွယ်စုနယ်မြေဟောင်းမှာ ဖြစ်ပွားခဲ့တာပါ။ 

သဘောထားအစ္စလာမ်နိုင်ငံရေးနဲ့ ဆက်နွယ်တယ်လို့ လူသိများနေတဲ့ ကွန်ဆာဗေးတစ် ဂျန်မီးရပ် အူလမ်မာ အစ္စလာမ်ဖဲလ် (JUI-F) ပါတီရဲ့ နိုင်ငံရေးဆိုင်ရာစုဝေးပွဲတစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။ 

ဘာဂျူအာဆေးရုံတွေနဲ့ အနီးနားရှိ ဧရိယာတွေမှာ ဒဏ်ရာရသူအများစုကို အရေးပေါ်အခြေ အနေ ကြေညာ ထားကြောင်း ခရိုင်ရဲအရာရှိကပြောဆိုခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရသူတွေကို ပြည်နယ်မြို့တော် ပက်ရှဝါရှိ ဆေးရုံများသို့ စစ်ရဟတ်ယာဉ်တွေနဲ့ ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

ပထမဆုံး တုံ့ပြန်တဲ့ကယ်ဆယ်ရေးအဖွဲ့ဖြစ်တဲ့ Rescue 1122 ရဲ့ ထုတ်ပြန်ချက်မှာတော့ သေဆုံး သူ (၄၂) ဦး ရှိသွားပြီလို့ ဆိုထားပြီး ခါလ်မြို့ ဘာဂျူအာရှိအဲဒီပါတီမှ အလုပ်သမား တွေစည်း ဝေးပွဲမှာ ပေါက်ကွဲမှုကြောင့် လူ (၁၃၀) ကျော် ဒဏ်ရာရခဲ့တာပါ။ 

လူအများအပြားမှာ ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း ရဲအရာရှိခမ်းက ပြောပါတယ်။ ပေါက်ကွဲမှုဟာ အသေခံဗုံးကြောင့်ဖြစ်ပွားရတာလို့ ပြည်နယ်ရဲချုပ် အက်တကာဟိုက်ရပ်က ရိုက်တာသို့ ပြောခဲ့ ပါတယ်။ တယ်ဟယ်အီးကေ တာလီဘန်ပါကစ္စတန်(TTP)နဲ့ အစ္စလာမ်ဘတ်တို့ကြား အပစ် အခတ်ရပ်စဲရေး ပျက်ပြား သွားချိန်မှစပြီး အစ္စလာမ္မစ်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေက ပြန်လည်စတင်လာတာပါ။ 

ပီရှာဝါရှိ ဗလီဗုံးခွဲမှုတစ်ခုမှာ အခုနှစ်အစောပိုင်းက လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့တာဖြစ်ပါ တယ်။ 

အိမ်နီးချင်း အာဖဂန်နစ္စတန်ရှိ တာလီဘန်တွေရဲ့တိုက်ရိုက် အစိတ်အပိုင်း မဟုတ်သော်လည်း TTP ဟာ သစ္စာခံကြောင်း ကတိပြုထားပါတယ်။ 

အာဖဂန်နစ္စတန်မှာ သူတို့ရဲ့ခိုအောင်းရာနေရာတွေရှိတယ်လို့ ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့တွေက ဆိုထားပါတယ်။ TTP အဖွဲ့ဟာ အဲဒီဒေသမှာ တိုက်ခိုက်မှုတွေကို လုပ်ဆောင်တဲ့ တစ်ခုတည်း သော စစ်သွေးကြွအဖွဲ့ မဟုတ်သော်လည်း IS အဖွဲ့ရဲ့ ဒေသအခန်းကဏ္ဍတစ်ခုဖြင့်လည်းကျ ရောက်ခဲ့တာ ဖြစ်ပါတယ်။

 နိုဝင်ဘာလမှာ ကျင်းပမယ့် အမျိုးသားရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ဝန်ကြီးချုပ်ရဲ့ ညွန့်ပေါင်းအစိုးရက အဓိကမဟာမိတ်ဖြစ်တဲ့ အဲဒီပါတီရဲ့ပေါက်ကွဲမှုကို ရှုတ်ချပြီး ဒါဟာ ပါကစ္စတန်ရဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်ကို တိုက်ခိုက်မှုလို့ ခေါ်ဆိုခဲ့ကာ တာဝန်ရှိတဲ့သူတွေကို အပြစ်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

 အစ္စလာမာဘတ်ရှိ အမေရိကန်သံရုံးနဲ့ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းတို့ကလည်း လူမှုကွန်ရက်ပေါ် မှာ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီးရှုတ်ချခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.