ပေကျင်း – ဩဂုတ်(၁)
ရေဒီယိုသတ္တုကြွဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် ဂျပန်အစားအစာ တင်သွင်းမှုအပေါ်မှာ တရုတ်ဘက်က အထူးစစ်ဆေးကြပ်မတ်နေတာ သီတင်းပတ် (၃) ပတ်အထိကြာမြင့်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
ကိုဗစ်ကာလတည်းက စတင်ရုန်းကန်လာခဲ့ရတဲ့ တရုတ်စားသောက်တွေဟာ လက်ရှိ အချိန်မှာ တော့ ဖူကူရှီးမားဓာတ်ပေါင်းဖိုကနေ ပြန်လည်ပြင်ဆင်ထားတဲ့ ရေဆိုးတွေပင်လယ်ပြင်အတွင်း ထုတ်လွှတ်မယ့် ဂျပန်ရဲ့ အစီအစဉ်ကြောင့် စားသုံးသူနဲ့ ပင်လယ်စာကုန်စည် ပြတ်လပ်မှုနှစ်မျိုး လုံးကို ရင်ဆိုင်နေကြရတာပါ။
“ကျွန်ုပ်အနေနဲ့တော့ ဆိုင်ကို ဆက်ပြီး လည်ပတ်နိုင်ပါ့မလား စိုးရိမ်စရာပါပဲ။ အစားအစာ အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ တင်သွင်းခွင့်မရတဲ့ အခြေအနေဟာ ကျွန်ုပ်တို့အတွက်
ဘဝတစ်ခု သို့မဟုတ် သေစေနိုင်လောက်တဲ့ အခြေအနေပါပဲ” လို့ ဂျပန်စားသောက်ဆိုင်တစ်ဆိုင် ကပြောခဲ့ပါတယ်။
တရုတ်ဟာ ဂျပန်ထွက် ပင်လယ်စာကို အဓိက တင်သွင်းနေတာဖြစ်ပြီး ၂၀၁၁ ခုနှစ် ဆူနာမီနဲ့ ငလျင်ဒဏ်ကြောင့် ဖူကူရှီမာ ဓာတ်ပေါင်းဖို့ ပျက်စီးသွားတဲ့အတွက် ဂျပန်ရဲ့ ဒေသ(၅)ခုက အစားအသောက်နဲ့ စိုက်ပျိုးရေးထွက်ကုန် တင်သွင်းမှုကို ပိတ်ပင်ခဲ့ဖူးသလို နောက်ပိုင်းမှာလည်း ဂျပန်ဒေသ(၄၇) ခုထဲက ဒေသ(၁၀)ခုမှာထွက်တဲ့ ပစ္စည်းတွေကို တင်သွင်းခွင့်ပိတ်ပင်ထားခဲ့ဖူး ပါတယ်။
ဂျပန်ဟာ ဒေသတွင်း အကြီးဆုံး ပင်လယ်စာ ပြည်ပပို့ကုန် စျေးကွက်ကို ပိုင်ဆိုင်ထားသူဖြစ် တယ်လို့လည်း သိရပါတယ်။
ကုလသမဂ္ဂက ဂျပန်ရဲ့ ပြုပြင်ပြီးသား ရေဆိုးထုတ်လွှတ်ရေး အစီအစဉ်ကို အတည်ပြုပြီးနောက် တရုတ်ဟာ ဇူလိုင်လကစပြီး ဂျပန်ပင်လယ်စာတင်သွင်းကုန် ကန့်သတ်ချက်တွေကို မြှင့်တင် လိုက်တာဖြစ်ပါတယ်။
တရုတ်ဟာ ဂျပန်ရဲ့ အစီအစဉ်ကို ဝေဖန်ထားခဲ့ပြီး အဲဒီထုတ်လွှတ်မှုဟာ အဏ္ဏဝါသက်ရှိနဲ့ လူသားသက်ရှိတွေကို သေစေနိုင်တဲ့အထိ အန္တရာယ်ရှိစေနိုင်တယ်လို့ ဆိုပါတယ်။
ဂျပန်အရာရှိတချို့ကတော့ သွင်းကုန်တွေအပေါ် ရပ်တန့်စေမယ့် အခြေအနေ ပိုမိုဆိုးရွား လာမှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။
တရုတ်အစိုးရရဲ့ ပိုမိုတင်းကြပ်တဲ့ စစ်ဆေးမှုတွေကြောင့် အကောက်အခွန်မှာ ကြီးမားတဲ့ နှောင့်နှေးမှုတွေ ဖြစ်ပေါ်စေတာဖြစ်တယ်လို့ ဂျပန်က စွပ်စွဲထားပါတယ်။
“တရုတ်ဘက်က ဒီရေက ရေဆိုးလို့ ပြောနေချိန်မှာ ဂျပန်ကတော့ သန့်စင်ပြီးသား လိုပြောနေ တယ်။ အမြင်နှစ်ခု အကြား ကွဲပြားမှုက ကြီးမားလျှက်ရှိပါတယ် ဒါကြောင့်မို့လည်း ဒီအခြေ အနေအပေါ် နားလည်မှုအတိုင်းအတာကို သက်ရောက်မှု ရှိနေပြန်တယ်လေ” လို့ ဘေဂျင်းမှာ ဖွင့်လှစ်ထားတဲ့ ဂျပန်စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောခဲ့ပါတယ်။
Ref: The Straits Times