တိုင်ပေ – ဇူလိုင်(၁၉) 

ထိုင်ဝမ်ဟာ လေကြောင်းကာကွယ်ရေးစွမ်းရည်မြှင့်တင်တဲ့အနေနဲ့ ယူကရိန်းနိုင်ငံအတွင်း အသုံး ပြုနေတဲ့ National Advanced Surface-to-Air Missile System ဒါမှမဟုတ် Nasams ကို အမေ ရိကန်ပြည်ထောင်စုဆီက ဝယ်ယူဖို့ ကြိုးစားနေတယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ 

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို သူတို့ရဲ့ပိုင်နက်နယ်မြေအဖြစ် ပြောဆိုပြီးစစ်ရေးနဲ့ နိုင်ငံရေးအရ လွှမ်းမိုးဖို့ လွန်ခဲ့တဲ့ (၃) နှစ်ထဲက စတင်ကြိုးပမ်းလာတာပါ။ 

Nasams စနစ်ဟာ ယူကရိန်းစစ်ပွဲအတွင်း အသုံးပြုဖို့ အမေရိကန်ဘက်က ပံ့ပိုးပေးထားတာဖြစ် ပြီး ရုရှား ပဲ့ထိန်းဒုံးတွေကို ကြားဖြတ်တိုက်ခိုက်ရာမှာ (၁၀၀) ရာခိုင်နှုန်းအောင်မြင်မှုရရှိထားပါ တယ်။ 

အဲဒီစနစ်ကို Raytheon Technologies နဲ့ Norway Kongsberg Gruppen တို့က တည်ဆောက် ထားတာဖြစ်ပြီး တာတို၊တာလတ်ပစ် မြေစိုက် လေကြောင်းကာကွယ်ရေး စနစ်ဖြစ်ကာ ဒရုန်း၊ ပဲ့ထိန်းဒုံးတွေနဲ့ လေယာဉ်တွေကို တိုက်ခိုက်နိုင်တယ်လို့ သိရပါတယ်။ 

Nasams ဝယ်ယူရေးနဲ့ ပတ်သက်ပြီး မေးမြန်းမှုတွေကိုတော့ ကာကွယ်ရေးဝန်ကြီးက သူတို့အနေ နဲ့ ဝယ်ယူနိုင်ဖို့ သေချာသလောက်ရှိနေပြီဖြစ်တယ်လို့ ဆိုပါတယ်။ 

“ဒီဆောင်ရွက်ချက်က ရန်သူ့အခြေအနေနှင့် အလိုက်သင့်ဆောင်ရွက်တာဖြစ်ပါတယ်။ ရုရှား ယူကရိန်းစစ်ပွဲကနေ ဒီလက်နက်ရဲ့ အားသာချက်ကို ကျွန်ုပ်တို့ မြင့်တွေ့ရပြီးပါပြီး” လို့ သူက ပြောခဲ့ပါတယ်။

ထိုင်ဝမ်အစိုးရအနေနဲ့ အမေရိကိဆီက တရားဝင်အသိပေးချက်မရရှိထားသေးပေမယ့် ဝယ်ယူ ရေးလုပ်ငန်းစဉ်တွေကို ဖြစ်နိုင်သမျှ မြန်အောင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

အမေရိကန်ဟာ ထိုင်ဝမ်အတွက် အဓိက လက်နက်အရင်းအမြစ်ဖြစ်ပြီး ကျွန်းနိုင်ငံအတွက် လက်နက်တွေ ရောင်းချဖို့ တရားဝင်ပြောဆိုထားပါတယ်။

ထိုင်ဝမ်ဟာ ကိုယ်ပိုင်ကာကွယ်ရေးဥပဒေအရ လုပ်ဆောင်နေတာဖြစ်တယ်လို့ အမေရိကန်က ပြောထားပေမယ့် တရုတ်အစိုးရကတော့ လက်နက်ရောင်းချပေးနေတာကို ရှုတ်ချထားပါတယ်။

လက်ရှိအချိန်မှာတော့ ထိုင်ဝမ်ဟာ ဒရုန်းအသုံးပြုတာအပါအဝင် အကြီးစားကာကွယ်တုံ့ပြန်နိုင် ဖို့ ယူကရိန်းစစ်ပွဲကို လေ့လာစောင့်ကြည့်နေတယ်လို့ သိရပါတယ်။ 

Ref:The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.