မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတုသတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “မြန်မာ-ထိုင်းနယ်စပ် KNDF, KNPP ,KNPP,KAနဲ့ ပဒက်တို့ရဲ့စခန်းများ၊ အခြေချစခန်းများ ဆက်လက်သုတ်သင်ရှင်း လင်း“ဆိုတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို TRUTH MEDIAတယ်လီဂရမ်ကနေ ဇူလိုင်လ( ၁၂ )ရက်နေ့မှာ အွန်လိုင်းမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ ၂၀၂၃ခုနှစ် ဇူလိုင်လ ၁၂ရက်နေ့မနက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ်က ကရင်နီစစ်ရှောင်စခန်း ဗုံးကြဲခံရတာဖြစ်ပြီး စစ်ကောင်စီတပ်တွေ ရမ်းသမ်းပစ်ချမှုကြောင့် အရပ်သားစစ်ရှောင် ပြည်သူ၃ ဦးသေဆုံးခဲ့တယ်လို စိစစ်တွေ့ရှိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်၊ ကယား(ကရင်နီ)ပြည်နယ်ထဲက ဒေါနိူးကူးစစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ညအချိန် ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင်အရပ်သား ၃ ဦး သေဆုံးပြီး နောက် ထပ် ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေ ရမ်းသမ်းဗုံးကြဲမှုကြောင့် စစ်ရှောင်ကလေး စာသင်ကျောင်း၊ ဘုရားကျောင်းတစ်ကျောင်းနဲ့ စစ်ရှောင်စခန်းတဲတွေလည်း ပျက်စီးသွားတယ်လို့ ကရင်နီအမျိုး သားတိုးတက်ရေးပါတီ(KNPP)ကသတင်းထုတ်ပြန်ထားသလို လွတ်လတ်သော သတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်အရ သံလွင်တိုင်းမ်က စိစစ်တွေ့ရှိရပါတယ်။

၂၀၂၃ခုနှစ် ဇူလိုင်လ ၁၂ရက်နေ့မနက်ပိုင်းက ကရင်နီပြည်နယ်တွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ရှားတောနဲ့ မယ်ဟောင်ဆောင် ထိုင်းမြန်မာနယ်စပ်နားမှာ ဒုက္ခသည် ၅၀၀၀ ဝန်းကျင် ထွက်ပြေးခဲ့ရတယ်လို့ VOA သတင်းဌာနက သတင်းဖော်ပြချက်အရ သိရပါတယ်။

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “မြန်မာ-ထိုင်းနယ်စပ်ကKNDF , ,KNPP,KAနဲ့ပဒက်တိုရဲ့စခန်းများ၊ အခြေချစခန်းများ ဆက်လက်သုတ်သင်ရှင်းလင်း” ဟု ဖြန့်ချိနေတဲ့ဓာတ်ပုံပါအကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.