July 17, 2023

ဆောမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး PDF ဘက်က (၆) ဦးကျဆုံးထား

ဆော – ဇူလိုင်(၁၇) မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်ကောင်စီတပ်က အင်အား(၅၀၀) နီးပါးနဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ထိုးစစ်ဆင်နေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က (၆) ဦးထက်မနည်းကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ စစ်ကောင်စီရဲ့ စစ်ကြောင်းဟာ ရင်းကဲကျေးရွာကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ပတ်ဝန်းကျင် ကျေးရွာတွေဖြစ်တဲ့ ဆွဲလွဲကျင်း၊အင်ဘူးနဲ့ နတ်ကောင်းကျင်းရွာက ဒေသခံ (၂)ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတာပါ။ လက်ရှိအချိန်မှာတော့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ…

ကရင်နီစစ်ရှောင်စခန်း ဗုံးကြဲခံရတာကို PDF များကို တိုက်ခိုက်တာလို့ စစ်ကောင်စီလော်ဘီတွေ သတင်းမှားဖြန့်နေ(အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတုသတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “မြန်မာ-ထိုင်းနယ်စပ် KNDF, KNPP ,KNPP,KAနဲ့ ပဒက်တို့ရဲ့စခန်းများ၊ အခြေချစခန်းများ ဆက်လက်သုတ်သင်ရှင်း လင်း“ဆိုတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို…

ဆန်ဖရန်စစ္စကိုမှာ NUG လူကယ်ပြန်ဝန်ကြီးနဲ့ ပြည်သူတွေ တွေ့ဆုံဆွေးနွေး

ဆန်ဖရန်စစ္စကို – ဇူလိုင်(၁၇) အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့မှာ NUG အစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ နွေဦးတော်လှန်ရေး ထောက်ပို့ပြည်သူတွေ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၆) ရက်နေ့က တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ပြည်သူ (၁၀၀) ကျော်တက်ရောက်ခဲ့ကာ နွေဦးတော်လှန်ရေးအတွက် အလှူငွေ အမေရိကန်ဒေါ်လာ သောင်းနဲ့ချီထည့်ဝင်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။ ဓာတ်ပုံ – NUG