ဝါရှင်တန် – ဇူလိုင်(၁၃) 

ယူကရိန်းသမ္မတ ဇယ်လန်းစကီးက သူ့နိုင်ငံရဲ့အနာဂတ်ဟာ နေတိုးမဟာမိတ်အဖွဲ့အတွင်းမှာ ရှိနေတယ်လို့ ကြေညာထားပေမယ် အဖွဲ့ဝင်အဖြစ်အချိန်သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တာကို ငြင်းဆန်ခံရပြီးနောက် နေတိုးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။  

ဗေးနီးရပ်စ်မှာကျင်းပနေတဲ့ နေတိုးထိပ်သီးအစည်းအဝေး ဒုတိယနေ့မှာ နေတိုး-ယူကရိန်း ကောင်စီရဲ့ အဖွင့်အစည်းအဝေးအတွက် နေတိုးနဲ့ အဖွဲ့ဝင်(၃၁) နိုင်ငံကြား ဆက်ဆံရေးကို အဆင့်မြှင့်တင်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အတူပူးပေါင်းသွားမှာဖြစ်ပါတယ်။ 

ရုရှားကျူးကျော်မှုကြောင့် ဖြစ်ပွားခဲ့တဲ့ ယူကရိန်းစစ်ပွဲကို တိုက်ခိုက်ဖို့အတွက် အမေရိကန်နဲ့ တခြားနေတိုးနိုင်ငံတွေဆီက လက်နက်ခြယမ်းမီးကျောက်တွေ ထပ်မံလိုအပ်နေတာကြောင့် ဇယ်လန်းစကီးဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့လည်း သီးခြားတွေ့ဆုံသွားမှာပါ။ 

အမေရိကန်၊ဗြိတိန်၊ပြင်သစ်နဲ့ ဂျာမနီတို့ဟာ ထိပ်သီးအစည်းအဝေးအပြီး မကြာခင် အဆင့်မြင့် လက်နက်တွေ၊ လေ့ကျင့်ရေးနဲ့ တခြားစစ်ရေးအကူအညီတွေကို ကိယက်ဗ်မြို့ကို ရေရှည်လုံခြုံ ရေး အထောက်အပံ့အဖြစ် ပေးအပ်ဖို့ အာမခံချက် ထုတ်ပေးသွားဖို့ရှိနေတယ်လို့ တာဝန်ရှိသူ တွေက ပြောပါတယ်။ 

တခြားနိုင်ငံတွေကတော့ သူတို့ရဲ့ နှစ်ဖက်ကတိကဝတ်တွေနဲ့ ဒီမူဘောင်ကို ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်တဘ်လို့ အရာရှိတွေက ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက ဗေးနီးရပ်စ် စုဝေးပွဲမှာ နေတိုးအဖွဲ့ဝင်အဖြစ် အချိန်သတ်မှတ်ချက်ကို ကမ်းလှမ်းခဲ့တာမရှိတဲ့ အတွက် စိတ်ပျက်မိတယ်လို့ ဇယ်လန်းစကီးက ပြောခဲ့ပါတယ်။ 

“ကျွန်ုပ်တို့ရဲ့ စစ်သည်တွေအတွက် နောက်ထပ် လက်နက်များဟာ ယူကရိန်းတစ်ခုလုံးအတွက် အသက်အန္တရာယ်ကို ပိုမိုကာကွယ်ပေးနိုင်ပါတယ်။ ယူကရိန်းအတွက် အရေးပါသော ကာကွယ်ရေးကိရိယာအသစ်များကို ယူဆောင်သွားပါမယ်။” လို့သူကပြောပါတယ်။

ဒါ့အပြင် နေတိုးက ယူကရိန်းကို ပိုလုံခြုံအောင်လုပ်မှာဖြစ်သလို ယူကရိန်းကလည်း နေတိုးကို ပိုအားကောင်းအောင် လုပ်မှာဖြစ်တယ်လို့ ဗေးနီးရပ်စ်မြို့က ထောင်နဲ့ချီတဲ့ လူအုပ်ကြီးကို သူက ပြောခဲ့ပါတယ်။​

“ကျွန်ုပ်တို့၏ကာကွယ်ရေးဟာ ထိပ်တန်းဦးစားပေးဖြစ်ပြီး ခြေလှမ်းသစ်များလုပ်ဆောင်ရန် ဆန္ဒရှိတဲ့အတွက် ကျွန်ုပ်တို့၏လုပ်ဖော်ကိုင်ဖက်များကို ကျေးဇူးတင်ပါသည်” လို့ ဇယ်လန်းစီးရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။ 

နေတိုးက ရုရှားနဲ့ စစ်ပွဲတွေ ဆက်ဖြစ်နေချိန်မှာ ယူကရိန်းက သူ့အခြေအနေနဲ့ ပါဝင်လို့ မရဘူးလို့ ဆိုထားပြီး ယူကရိန်းဟာ နေတိုးအဖွဲ့ဝင်အဖြစ် ၂၀၀၈ ခုနှစ်က ကတိပြထားတယ်လို့ ခေါင်း ဆောင်တွေက ပြောခဲ့သလို စစ်ပွဲပြီးဆုံးပြီးနောက် အလိုအလျောက်ဖြစ်လာမှာ မဟုတ်ဘူးလို့ ဆို ထားပါတယ်။ 

“မဟာမိတ်တွေ သဘောတူပြီး အခြေအနေတွေ ပြည့်မီတဲ့အခါ ယူကရိန်းကို မဟာမိတ်ဖွဲ့ဖို့ ဖိတ်ခေါ်ချက်ကို သက်တမ်းတိုးနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်” လို့ ခေါင်းဆောင်များက စာရေးသား ကြေငြာခဲ့ပါတယ်။ 

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းအနေနဲ့ နေတိုးအဖွဲ့ထဲဝင်မယ့်အခြေအနေဟာ ရုရှားကို ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

ထိပ်သီးအစည်းအဝေးမှာ အဖွဲ့ဝင်ဖြစ်လိုတဲ့ အရာကို မရရှိခဲ့ပေမယ့် ယူကရိန်းဟာ နေတိုးအဖွဲ့ဝင် တွေဆီက လက်နက်အသစ်တွေ ပေးအပ်ဖို့ ကတိပြုမှုတွေ ရရှိထားတယ်လို့ သိရပါတယ်။ 

ပြင်သစ်သမ္မတကလည်း တာဝေးပစ်ခရုဇ်ဒုံးကျည်တွေကို ထောက်ပံ့ပေးမယ်လို့ ပြောခဲ့ပြီး ပတ်ထရိုင့် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်နှစ်စင်း၊တင့်ကားတွေနဲ့ တိုက်ခိုက်ရေးယာဉ် တွေအပါအဝင် ယူရိုသန်း(၇၀၀) တန်ဖိုးရှိတဲ့ အကူအညီအသစ်တွေကို ပေးအပ်သွားဖို့ရှိတယ် လို့သိရပါတယ်။​

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.