ပြုံယမ်း၊ ဇူလိုင်(၁၃)
တောင်ကိုးရီးယားနဲ့ ဂျပန်ခေါင်းဆောင်တို့ဟာ နေတိုးထိပ်သီးအစည်းအဝေးမှာ နျူကလီး ယား လက်နက်ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားအပါအဝင် အခြားနိုင်ငံတွေ ခြိမ်းခြောက်မှုတွေကို ဆွေးနွေးဖို့ စီစဉ်ထားတာကြောင့် မြောက်ကိုရီးယားက သူ့ရဲ့တိုက်ချင်းပစ်ဒုံးကျည် (ICBM) လို့ ယူဆရတဲ့ ဒုံးကျည်ပစ်လွှတ်မှုကို ဇူလိုင်လ (၁၂) ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
မြောက်ကိုးရီးယားဟာ အမေရိကန်သူလျှိုလေယာဉ်တွေက သူတို့ရဲ့စီးပွားရေးဇုန်အတွင်း ဝေဟင်ပိုင်နက်ကို ချိုးဖောက်ဝင်ရောက်တယ်လို့စွပ်စွဲခဲ့တာပါ။
မကြာသေးမီရက်ပိုင်းက တောင်ကိုရီးယားကို အမေရိကန်နျူက လီးယားစွမ်းအင်သုံး ခရုစ်ဒုံး ကျည်တင် ရေငုပ်သင်္ဘော လာရောက်လည်ပတ်ခဲ့တာကိုလည်း ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
ဒီလိုလုပ်ဆောင်မှုတွေအပေါ် မြောက်ကိုရီးယားက လက်တုံ့ပြန်သွားမယ်လို့ ကတိပြုခဲ့ပြီးတဲ့ နောက် အခုလို ဒုံးကျည်ကို လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။
ICBM ဒုံးကျည်လို့ သံသယဖြစ်ဖွယ်ရှိတဲ့ ဒုံးကျည်ဟာ အမြင့်ပေ (၆၀၀၀) ကီလိုမီတာနဲ့ (၁၀၀၀) ကီလိုမီတာ အကွာအဝေးသို့ (၇၄) မိနစ်ကြာ ပျံသန်းခဲ့ကြောင်းဆိုခဲ့ပြီး ဂျပန်အစိုးရအဖွဲ့ အတွင်းဝန် ဟီရိုကာဆူ မတ်ဆူနိုက မြောက်ကိုရီးယားကပစ်တဲ့ ဒုံးကျည်တွေထဲမှာ ပျံသန်းချိန် အရှည်ဆုံးဖြစ်မယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒုံးကျည်ဟာ ကိုရီးယားကျွန်းဆွယ်အရှေ့ဘက် ကီလိုမီတာ (၅၅၀) အကွာမှာ ကျရောက်မယ်လို့ ဂျပန်ကမ်းခြေ စောင့်တပ်ဖွဲ့က ခန့်မှန်းထားပါတယ်။
ဧပြီလမှာ မြောက်ကိုရီးယားဟာ သူ့ရဲ့ပထမဆုံးသော ICBM ကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး အခုနှစ်အတွင်း ဒုံးကျည်တစ်ဒါဇင်ခန့် စမ်းသပ်မှုအတွင်းမှ တစ်ခုလည်းဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေဟာ အမေရိကန်ပြည်ထောင်စုရှိ ဘယ်နေရာက မဆို ပစ်မှတ်တွေ ကို တိုက်ခိုက်ဖို့ လုံလောက်စွာ ပျံသန်းနိုင်တယ်လို့ လေ့လာသူတွေက ယုံကြည် ကြပြီး ဒုံးပျံတွေမှာ တပ်ဆင် နိုင်တဲ့ နျူကလီးယားထိပ်ဖူးတွေကို တီထွင်နိုင်ဖွယ်ရှိတယ်လို့လည်း ဆိုကြပါတယ်။
Asan Institute for Policy Studies မှ အရာရှိတစ်ဦးကလည်း မေလမှာမြောက်ကိုးရီးယားရဲ့ ပထမဆုံးသော သူလျှိုဂြိုလ်တုကို လွှတ်တင်စဉ် မအောင်မြင်ခဲ့ပြီးတဲ့နောက် အဖတ်ဆယ်ဖို့ ပြန်လည်ကြိုးစားလာတာ ဖြစ်နိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
လစ်သူယေးနီးယားနိုင်ငံမှာ ကျင်းပနေတဲ့ နေတိုးထိပ်သီးအစည်းအဝေးမှာ တောင်ကိုရီးယားသမ္မတ ယွန်းဆုခ် ယိုက ဒုံးကျည်ပစ်လွှတ်မှုကို ဆွေးနွေးဖို့ အရေးပေါ် အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူ ပြီးတော့ ဒီလိုခြိမ်းခြောက်မှုတွေကိုရင်ဆိုင်ဖို့ နိုင်ငံတကာစည်းလုံးညီညွတ်မှုအား အခိုင်အမာတောင်းဆိုဖို့ အတွက် အဲဒီထိပ်သီးအစည်းအဝေးကို အသုံးပြုသွားမယ်လို့ ကတိပြုခဲ့ပါတယ်။
“ဒီလို ရန်စမှုတွေကို ကျွန်တော်တို့ ရှောင်လွှဲလို့ မရပါဘူး၊ နိုင်ငံတကာ အသိုက်အဝန်းရဲ့ ပြင်းထန်တဲ့ တုံ့ပြန် မှုတွေနဲ့ စည်းလုံးညီညွတ်မှုကနေ မြောက်ကိုရီးယားရဲ့ မဆင်မခြင်လုပ်ရပ်တွေကို တုံ့ပြန်ရမှာ ဖြစ်ပါတယ်” လို့ သမ္မတယွန်းက သူ့ရဲ့ရုံးမှတဆင့်ပြောခဲ့တာဖြစ်ပါတယ်။
အခုလိုဒုံးကျည်ပစ်လွှတ်မှုဟာ ဒေသတွင်းနဲ့နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေပြီး ဂျပန်ကဘေဂျင်းရှိ သံတမန်လမ်းကြောင်းတွေကတဆင့် ကန့်ကွက်ကြောင်းလည်း ဂျပန်ဝန်ကြီးချုပ် မတ်ဆူနိုက ပြောခဲ့ပါတယ်။
Ref: Reuters