July 12, 2023

တောင်ကိုရီးယားနဲ့ ဂျပန်ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်

ပြုံယမ်း၊ ဇူလိုင်(၁၃) တောင်ကိုးရီးယားနဲ့ ဂျပန်ခေါင်းဆောင်တို့ဟာ နေတိုးထိပ်သီးအစည်းအဝေးမှာ နျူကလီး ယား လက်နက်ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားအပါအဝင် အခြားနိုင်ငံတွေ ခြိမ်းခြောက်မှုတွေကို ဆွေးနွေးဖို့ စီစဉ်ထားတာကြောင့် မြောက်ကိုရီးယားက သူ့ရဲ့တိုက်ချင်းပစ်ဒုံးကျည် (ICBM) လို့ ယူဆရတဲ့ ဒုံးကျည်ပစ်လွှတ်မှုကို ဇူလိုင်လ (၁၂) ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ မြောက်ကိုးရီးယားဟာ အမေရိကန်သူလျှိုလေယာဉ်တွေက သူတို့ရဲ့စီးပွားရေးဇုန်အတွင်း ဝေဟင်ပိုင်နက်ကို ချိုးဖောက်ဝင်ရောက်တယ်လို့စွပ်စွဲခဲ့တာပါ။ မကြာသေးမီရက်ပိုင်းက တောင်ကိုရီးယားကို…

ထိုင်းအာဏာသိမ်းစစ်ခေါင်းဆောင် နိုင်ငံရေးလောကကို စွန့်ခွါတော့မယ်လို့ ထုတ်ပြန်

ဘန်ကောက် – ဇူလိုင်(၁၃) လက်ရှိထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ပရရွတ်ချန်အိုချာဟာ နိုင်ငံရေးလောကကို စွန့်ခွာပြီး United Thai Nation ပါတီကနေလည်း နှုတ်ထွက်မှာဖြစ်တယ်လို့ ဇူလိုင်လ(၁၁) ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ပြီးနောက် အငြိမ်းစားစစ်ဗိုလ်ချုပ်ဟာ နိုင်ငံရေးကိုစွန့်ခွာတော့မယ်ဆိုတဲ့ သတင်းစကားကို သူ့ရဲ့ပါတီ လူမှုကွန်ရက်ကနေ အသိပေးခဲ့တာဖြစ်ပြီး အားပေးထောက်ခံခဲ့သူ တွေကို ကျေးဇူးတင်တယ်လို့လည်းအသိပေးထားပါတယ်။ “ကျွန်ုပ်အနေနဲ့ ပါတီအဖွဲ့ဝင်ကနေ နှုတ်ထွက်ပြီး…

နေတိုးအဖွဲ့ဝင်အဖြစ် အချိန်သတ်မှတ်ပေးဖို့ ငြင်းဆန်ခံရပြီးနောက် ခေါင်းဆောင်တွေနဲ့ သမ္မတ ဇယ်လန်းစကီးတွေ့ဆုံ

ဝါရှင်တန် – ဇူလိုင်(၁၃) ယူကရိန်းသမ္မတ ဇယ်လန်းစကီးက သူ့နိုင်ငံရဲ့အနာဂတ်ဟာ နေတိုးမဟာမိတ်အဖွဲ့အတွင်းမှာ ရှိနေတယ်လို့ ကြေညာထားပေမယ် အဖွဲ့ဝင်အဖြစ်အချိန်သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တာကို ငြင်းဆန်ခံရပြီးနောက် နေတိုးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဗေးနီးရပ်စ်မှာကျင်းပနေတဲ့ နေတိုးထိပ်သီးအစည်းအဝေး ဒုတိယနေ့မှာ နေတိုး-ယူကရိန်း ကောင်စီရဲ့ အဖွင့်အစည်းအဝေးအတွက် နေတိုးနဲ့ အဖွဲ့ဝင်(၃၁) နိုင်ငံကြား ဆက်ဆံရေးကို အဆင့်မြှင့်တင်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အတူပူးပေါင်းသွားမှာဖြစ်ပါတယ်။ ရုရှားကျူးကျော်မှုကြောင့် ဖြစ်ပွားခဲ့တဲ့…

ပေါက်က ပျူစောထီးကျေးရွာကို ပ.က.ဖ တွေဝင်ရောက်စီနင်းတိုက်ခိုက်

ပေါက် – ဇူလိုင်(၁၂) မကွေးတိုင်း၊ပေါက်မြို့နယ်မှာရှိတဲ့ ပျူစောထီးကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ မြိုင် ပ.က.ဖ က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၁) ရက်နေ့ မနက်ပိုင်းက ပေါက်မြို့နယ် တပ်ကုန်း-ရွာသစ် ပျူရွာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး စစ်သားနဲ့ ပျူစောထီးတွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့တာပါ။ “မနေ့က မနက်ပိုင်းမှာ ဝင်စီးခဲ့တာပေါ့။ သူတို့ဘက်ကထိခိုက်သေဆုံးမှုတွေများတယ်။ ပေါက် ကိုယ်တော်က…

“နောင်တစ်ချိန် အထောက်အထားမဲ့တွေကို အကြိမ်ကြိမ်လုပ်ဖို့က ထိုင်းနိုင်ငံကလည်း သိပ်အခြေအနေရှိမှာ မဟုတ်ဘူး။ ဒီတချိန်မှာတော့ အမှန်အကန်ဆုံးနည်းလမ်းနဲ့ တရားဝင်စာရွက်စာတမ်းတွေ ရရှိအောင် အမြန်ဆုံး ကြိုးပမ်းဖို့ ကျွန်တော်တိုက်တွန်းလိုပါတယ်”

ထိုင်းနိုင်ငံအစိုးရက ပြီးခဲ့တဲ့အပတ်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပါအဝင် တရားမဝင် အလုပ် လုပ်ကိုင်နေသူတွေနဲ့ နေထိုင်သူတွေအတွက် အလုပ်လုပ်ကိုင်ခွင့်နဲ့ သက်သေခံကတ် လျှောက်ထားကြဖို့ ကြေညာချက် တစ်စောင်ထုတ်ပြန်ပါတယ်။ ဒါကြောင့် ထိုင်းအစိုးရရဲ့ ထုတ်ပြန်ကြေညာချက်၊ တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်မှုအခြေအနေ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ လတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်း(LRF) ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်နဲ့ ဆက်သွယ်မေးမြန်းချက်။ ၁။…

ကယားပြည်နယ်ကို စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ

လွိုင်ကော် – ဇူလိုင်(၁၂) တိုက်ပွဲတွေပြင်းထန်နေတဲ့ ကယားပြည်နယ်ကို စစ်ကောင်စီတပ်က ပင်လောင်း-ဖယ်ခုံလမ်းက တဆင့် တောက်လျှောက်အင်အားဖြည့်တင်းနေတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့အပတ်က ပင်လောင်းကနေ လွိုင်ကော်အထိ စစ်ကားအစီး(၆၀) ကျော်အထိ အင်အား ဖြည့်တင်းတာတွေလုပ်နေပြီး အဲ့ဒီစစ်ကြောင်းမှာ အင်အားအရေအတွက်နဲ့ ဘယ်တပ်ရင်းတွေ ပါလဲဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။ စစ်ကောင်စီဟာ ပြည်ထောင်စုလမ်းမကြီးကိုသုံးပြီး နှစ်ပတ်တစ်ကြိမ် တပ်အင်အားနဲ့ ရိက္ခာ ဖြည့်တင်းတာတွေရှိနေသလို အခုလို…

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့

ဂျကာတာ၊ ဇူလိုင် (၁၂) ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက သူဟာစစ်တပ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရတဲ့ မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာသေးခင်က တွေ့ဆုံခဲ့ရတယ်လို့ ဇူလိုင် ၁၁ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ပြောကြားခဲ့ပါတယ်။ ဒွန်ရဲ့ဆက်သွယ်တွေ့ဆုံမှုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆင့်မြင့်နိုင်ငံခြားအစိုးရ အရာရှိတစ်ယောက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား ပထမဆုံးအတည်ပြုပြောဆိုတဲ့ တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ဒွန်ဟာ ဇူလိုင် ၉ရက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုကနေ ရရှိခဲ့တဲ့ သတင်းစကားကို…

တပ်တွင်းစည်းရုံးကြဖို့ စစ်ခေါင်းဆောင်ထပ်မှာနေရ

စစ်တွေ၊ ဇူလိုင်(၁၂) တစ်နိုင်ငံလုံးနီးပါး စစ်မျက်နှာဖွင့်ထားတဲ့ အာဏာသိမ်းစစ်တပ်အနေနဲ့ တပ်တွင်းစည်းလုံးမှုမပြိုကွဲစေရေး အထူးဂရုစိုက်ကြဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူရဲ့ရခိုင်ခရီးစဉ်မှာ ထပ်မံမှာကြားခဲ့တယ်လို့ ဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ပါတယ်။ ဇူလိုင် ၁၀ ရက်နေ့က ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့တဲ့ သူရဲ့ခရီးစဉ်မှာ ရသေ့တောင်နဲ့ဘူးသီးတောင် တပ်နယ်ရှိ အရာရှိ၊ စစ်သည်တွေအပါအဝင် တပ်မိသားစုဝင်တွေနဲ့တွေ့ဆုံစဉ် စစ်ခေါင်းဆောင်က တပ်တွင်းစည်းရုံးဖို့ ထပ်မံသတိပေးခဲ့ရတာ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်က…