မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာ ဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီ အကောင့်တုတွေဖြန့်ဝေနေတဲ့ “ထားဝယ်-ရေး-မော်လမြိုင် (အမှတ်၈ ပြည်ထောင်စုလမ်းမကြီးပေါ် ) အကြမ်းဖက် PDFတွေက ခရီးသွားကားသ မားများအား ဆက်ကြေးကောက်“ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို SAW BA MAUNG , Han nyein oo စတဲ့တယ်လီဂရမ်အကောင့်ကနေ ဇွန်လ( ၁၉ )ရက်နေ့မှာ အွန်လိုင်းမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ မွန်ပြည်နယ်၊ ရေးမြို့နဲ့ သံဖြူဇရပ်မြို့ကြားရှိ မော်လမြိုင်-ရေး-ထား ဝယ် (အမှတ်-၈ ပြည်ထောင်စုလမ်းမကြီးပေါ်) မှာ စစ်ကောင်စီတပ်တွေက အရပ်ဘက်သုံးယာဉ်တွေ အသုံးပြုပြီး လက်နက်ခဲယမ်းများသယ်ဆောင်ခြင်း စစ်အင်အားတိုးချဲ့တာတွေ လုပ်နေတဲ့အတွက် KNLA၊ S.O.F နဲ့ PDFပူးပေါင်းစစ်ကြောင်းများက နေ့စဉ်မပြတ် လုံခြုံ ရေးရယူ စောင့်ကြည့်စစ်ဆေးနေတဲ့ ဓာတ်ပုံမှတ်တမ်းများဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

ပြည်ထောင်စုလမ်းမကြီးတလျှောက် သွားလာနေကြတဲ့ကားတွေမှာ စစ်တပ်ရဲ့လက်နက်ခဲယမ်းအပါအဝင် စစ်အင်အားတိုးချဲ့နေတာတွေနဲ့ ပစ္စည်းတွေ သယ်ဆောင်လာတာတွေ ရှိနေတဲ့အတွက် စစ်ဆေးနေတာဖြစ်ပြီး အဆိုပါဓာတ်ပုံမှတ်တမ်းများကို စစ်တပ်ထောက်ခံသူတွေက PDFများ ဆက်ကြေးကောက်နေသယောင် လိုရာစွဲကာ သတင်းအမှားတွေကို ဖြန့်ဝေနေခြင်းသာ ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

ဇွန်လ (၁၈) ရက်နေ့က ပြည်ထောင်စုလမ်းမကြီးပေါ် KNLA၊ S.O.F နဲ့ PDFပူးပေါင်းစစ်ကြောင်းများက စစ်ဆေးစဉ်အတွင်း အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်သူ (၄) ဦးကို ဖမ်းဆီးရမိခဲ့ပြီး အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း အထူးစစ်ဆင်ရေးတပ် ဖွဲ့ – S.O.F၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်လင့်

https://shorturl.at/itv13

KIC သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/vGMV1

Than lwin time သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/bEFJ6

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့” ထားဝယ်-ရေး-မော်လမြိုင် (အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ် ) အကြမ်းဖက် PDFတွေက ခရီးသွား ကားသမားများအား ဆက်ကြေးကောက်” ဟု ဖြန့်ချိနေတဲ့ဓာတ်ပုံပါအကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.