July 4, 2023

စစ်မှုထမ်းဆောင်ကာလလျှော့ချဖို့ ထိုင်ဝမ်အတိုက်အခံပါတီသမ္မတလောင်း ကတိပြု

တိုင်ပေ၊ ဇူလိုင်(၅) ထိုင်ဝမ်မှာ လာမယ့်ဇန်ဝါရီလမှာစတင်အကျုံးဝင်မယ့် မဖြစ်မနေစစ်မှုထမ်းခြင်းကို ပြောင်းပြန်လှန်ပစ်မယ်လို့ အတိုက်အခံ သမ္မတ ကိုယ်စားလှယ်လောင်းက ပြောကြားခဲ့ပါတယ်။ တကယ့်လိုအပ်ချက်မဟုတ်တဲ့ ကာလရှည်ကြာ စစ်မှုထမ်းခြင်းကို တရုတ်အစိုးရနဲ့ပြေလည်ပါ က လျှော့ချနိုင် မှာဖြစ်တယ်လို့လည်း သူကဆက်လက်ပြောဆိုခဲ့ပါတယ်။ ဒီမိုကရေစီနည်းကျရွေးကောက်ခံ ထိုင်ဝမ်နဲ့ ဘေဂျင်းတို့ရဲ့ ဆက်ဆံရေးဟာ နောက်နှစ် ဇန်နဝါရီလ ၁၃ရက်နေ့ မှာ ကျင်းပမယ့်ရွေးကောက်ပွဲက အဓိ ပြဿနာတစ်ရပ်ဖြစ်နေပြီး လတ်တလောအချိန်မှာတော့…

အိန္ဒိယမှာ ရထားလမ်းပြုပြင်နေစဉ် အချက်ပြချိတ်ဆက်မှု ချို့ယွင်းခဲ့တဲ့အတွက် အဆိုးရွားဆုံး ပျက်ဆီးမှုဖြစ်ပေါ်

နယူးဒေလီ – ဇူလိုင်(၅) အိန္ဒိယနိုင်ငံမှာ မီးရထားလမ်းအတားအဆီးတစ်ခုကို ပြုပြင်နေတဲ့ အလုပ်သမားတွေဟာ ကွက်ရက်ပေါ်က အလိုအလျောက် အချက်ပြစနစ်မှာ ချိတ်ဆက်မှု မှားယွင်းခဲ့တဲ့အတွက် နှစ်(၂၀) အတွင်း နိုင်ငံရဲ့ အဆိုးရွားဆုံးလမ်းမတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ စုံစမ်းစစ်ဆေး မှုတွေအရသိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၂) ရက်နေ့ အိန္ဒိယနိုင်ငံအရှေ့ပိုင်း အိုဒီရှာ ပြည်နယ် ဘဟာနာဂါ ဘဇာ ဘူတာရုံ မှာ ရထားတိုက်မှု ဖြစ်ပွားခဲ့ပြီး…

တရုတ်ပိုင်နက်မြေပုံကို တဖက်သတ်ဖော်ပြတဲ့ ဇာတ်ဝင်ခန်းကြောင့် ဘာဘီရုပ်ရှင်ကို ဗီယက်နမ် အစိုးရပိတ်ပင်

ဟနွိုင်း – ဇူလိုင်(၅) ဘာဘီရုပ်ရှင်မှာ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ပိုင်နက်မြေပုံကိုသာ တဖက် သတ် ဖော်ပြခဲ့တဲ့ ဇာတ်ဝင်ခန်းတစ်ခုကြောင့် အဲဒီရုပ်ရှင်ကို ဗီယက်နမ်အစိုးရက ပိတ်ပင်လိုက်ပါ တယ်။ တောင်တရုတ်ပင်လယ်နေရာ အများအပြားတောင်းဆိုတဲ့ U အက္ခရာပုံသဏ္ဍာန်ရှိတဲ့ Nine Dash Line ကို တရုတ်မြေပုံတွေအဖြစ် ဖော်ပြထားတာဖြစ်ပြီး အဲဒီထဲမှာ ဗီယက်နမ်ရဲ့ လောင်စာဆီ ကြွယ်ဝတဲ့…

“ကျွန်တော်တို့ အခုပြည်နယ်အတွင်းမှာ စစ်ရေးအရညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက် ပြီးတော့မှ စစ်အာ ဏာရှင်ကို တိုက်ထုတ်နေတာ။ အဲဒီအောင်မြင်မှုက မြင်တွေ့နေရတဲ့ မယ်စဲ့ခရိုင်တိုက်ပွဲကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်”

နွေဦးတော်လှန်ရေးမှာ တခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ရင်ဘောင်တန်းပြီး အကြမ်းဖက်စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေပြီလို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF က ဇူလိုင် (၁)ရက်နေ့မှာ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ KNPLF ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့ကစတင်ပြီး KNDF၊ KA ပူးပေါင်းတပ်တွေနဲ့အတူ စစ်ကောင်စီရဲ့ မယ်စဲ့ ရဲစခန်း၊ဗျူဟာကုန်း နဲ့ နယ်စပ် တပ်စခန်းတွေကို သိမ်းပိုက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG၊…

တပ်မဟာ(၃)နယ်မြေက ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးသေဆုံး

ညောင်လေးပင် – ဇူလိုင်(၄) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃) နယ်မြေအတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွား ပြီး စစ်ကောင်စီဘက်က (၁၀) ဦးသေဆုံးကာ (၁၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၂) ရက်နဲ့ (၃) ရက်နေ့တွေမှာ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာနဲ့ ကျောက်ကြီးမြို့နယ် ရေတွင်းကုန်းကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့…

ဒီးမော့ဆို အနောက်ခြမ်းက စစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး (၃) ဦးဒဏ်ရာရ

ဒီးမော့ဆို – ဇူလိုင်(၄) ကယားပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းက လိုပူစစ်ရှောင်စခန်းကို စစ်ကောင်စီဘက်က လေယာဉ်နဲ့လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ(၃)ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ ဇူလိုင်လ(၄) ရက်နေ့ မနက်(၂) နာရီဝန်းကျင်က စစ်ကောင်စီလေယာဉ်ဟာ (၃)ကြိမ်လောက် ဝဲပြီးနောက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ရှောင်စခန်းနဲ့ စာသင်ဆောင်တွေပျက်စီးခဲ့တာပါ။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ကယားပြည်နယ်ထဲက အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာကာ အကြောက်တရားသွင်းနေတာဖြစ်တယ်လို့…

တနင်္သာရီမြို့နယ်မှာ တစ်ရက်တည်းတိုက်ပွဲ ၅ ကြိမ်ဖြစ်

တနင်္သာရီ၊ ဇူလိုင်(၄) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်မှာ ဇူလိုင်(၂)ရက်နေ့ တစ်ရက်တည်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ညောင်ပင်ကွင်းအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၅၆၁)က သကျက်တောကျေးရွာထဲကို စစ်ကြောင်းထိုးလာတဲ့အတွက် တစ်နေ့ကုန်နီးပါးအကြာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲဟာ သကျက်တော၊ လငုနဲ့တောင်ဘိန်းကျေးရွာတွေအထိ စစ်မျက်နှာကျယ်ပြန့်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ၅…

စစ်အာဏာသိမ်း (၈၈၃)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၇၄၄ ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်(၄) AAPP ရဲ့ ဇူလိုင်(၃)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၈၃)ရက်အတွင်း ပြည်သူ (၃၇၄၄)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၆၇၀ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၅၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…