စစ်တွေ – ဇွန်(၁၃)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဒါးပိုင်(ရွာသစ်) ကျေးရွာမှာ ဆိုင်ခန်းအတွင်း ဖယောင်းတိုင်မီး ထွန်းထားတာကတဆင့် ဝါးထရံကို မီးကူးစက်လောင်ကျွမ်းပြီး နေအိမ်(၁) လုံးနဲ့ ဆိုင်ခန်း(၁၀) ခန်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇွန်လ(၁၂) ရက်နေ့ ညပိုင်းက ဒါးပိုင်(ရွာသစ်) ကျေးရွာမှာ ဖယောင်းတိုင်မီး ကတဆင့် မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပြီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးပါဘူး။

မီးလောင်ခဲ့တဲ့ နေရာကို မြို့နယ် မီးသတ်ဦးမှူးတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်(၃၀) ဦး၊အရန်မီးသတ် တပ်ဖွဲ့ဝင် (၁၀) ဦး၊ မီးငြိမ်းသတ်ယာဉ်(၂) စီး၊မီးသတ်ရေသယ်ယာဉ်(၂) စီး၊ အုပ်ချုပ်မှုယာဉ် (၁) စီးတို့နဲ့အတူ သွားရောက်ငြိမ်းသတ်ခဲ့ပြီး ည(၁၀) နာရီကျော်မှာ မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.