June 2, 2023

တီယန်မင်ပြတိုက်သစ်ကို နှစ်ပတ်လည်နေ့မတိုင်ခင် နယူးယောက်မှာ ဖွင့်လှစ်ခဲ့

နယူးယောက်၊ ဇွန်(၃) တီယန်မင်ရင်ပြင်တစ်ဝိုက်ရှိ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေကို တရုတ်အစိုးရက ဖြိုခွင်းခဲ့မှု (၃၄) နှစ် မြောက်နှစ်ပတ်လည်နေ့မတိုင်မီမှာ ပြတိုက်အသစ်ကို ဇွန်လ (၂) ရက်နေ့မှာ ဖွင့်လှစ်ခဲ့ကြောင်း ပြပွဲစီစဉ်သူ တွေက ပြောပါတယ်။ ဟောင်ကောင်ရှိ အလားတူပြတိုက်တစ်ခုကို အာဏာပိုင်တွေရဲ့ အလားတူဖိအားပေးမှုအောက်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ပိတ်သိမ်းခဲ့ရတာပါ။ နယူးယောက်ရှိ ဇွန် (၄) ရက်နေ့အထိမ်းအမှတ်ပြတိုက်ကတော့…

မဏိပူရ် ပြည်နယ်ထိတွေ့တိုက်ပွဲတွေမှာ စစ်သွေးကြွ (၃၀) လောက်သေဆုံးတယ်လို့ ပြော

မဏိပူရ – ဇွန်(၃) အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မဏိပူရ်ပြည်နယ်မှာ တိုင်းရင်းသားအချင်းချင်းထိတွေ့တိုက်ပွဲ တွေရဲ့ နောက်ဆက်တွဲအဖြစ် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတစ်ခုမှာ မျိုးနွယ်စု စစ်သွေး ကြွ (၃၀) ဦးသတ်ဖြတ်ခံခဲ့ရတယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ အဲဒီပြည်နယ်မှာ မကြာသေးခင်က တင်းမာမှုတွေမြင့်တက်လာပြီး နောက်ဆူပူမှုတွေနဲ့ ထိတွေ့တိုက်ပွဲတွေကြောင့် အနည်းဆုံးလူ (၆၀) လောက်သေဆုံးခဲ့ပြီး (၃၅၀၀၀) နီးပါး ရွှေ့ပြောင်းခဲ့ရတာပါ။…

ဟေတီ အကျဉ်းထောင်တွေက လူမဆန်မှုတွေကို လူ့အခွင့်အရေးအဖွဲ့တွေ ဝေဖန်

ပေါ့တ်အော်ရ်ပရင့်စ် – ဇွန်(၃) ဟေတီရဲစခန်းတွေက လူပြည့်ကျပ်နေတဲ့ အကျဉ်းခန်းတွေမှာ အကျဉ်းသားတွေအပေါ် လူမဆန်မှု နဲ့ သိက္ခာ ကျဆင်းစေတဲ့ အခြေအနေမှာ အပြစ်ဒဏ်ကျခံနေရပြီး ရဲတပ်ဖွဲ့ ဟာ မလုံခြုံမှုနဲ့ လျော့ရဲနေတဲ့ တရားစီရင်ရေး မဏ္ဍိုင်ကြားက ယာယီအကျဉ်ထောင်တွေကို မှီခို နေရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ Port-au-Prince ရဲတပ်ဖွဲ့ ကော်မရှင်ရုံးမှာ အကျဉ်းသား (၉၂) ဦးကို…

NUG ကြားကာလ ဗဟိုဘဏ် စတင်တည်ထောင်

မော်လမြိုင် – ဇွန်(၂) မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းကို ထိရောက်စွာ တည့်မတ်နိုင်ဖို့အတွက် စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနကို ကြားကာလ ဗဟိုဘဏ် (Interim Central Bank) အဖြစ် အာဏာအပ်နှင်းလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းထုတ်ပြန်ထားပါတယ်။ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကို ကြားကာလ ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် လက်ရှိတာဝန်တွေအပြင် ပူးတွဲတာဝန်ထမ်းဆောင်ဖို့…

“ကျွန်တော်တို့ ပြည်နယ်မှာ စစ်ကောင်စီ အုပ်ချုပ်ရေးတွေက လက်တံရောက်နိုင်ဖို့ နေနေသာသာ သူ့ရဲ့နေရာတွေ မှာ လူထုတွေကို လူသားဒိုင်းသဖွယ် တားတာကလွဲလို့ အုပ်ချုပ်ရေးကို မတည်ဆောက်နိုင်ဘူးဖြစ်ပါတယ်။ လူထုတွေရဲ့ ဆုံးဖြတ်ချက်နဲ့ပါဝင်မှုတွေကြောင့်မို့ပဲ ကရင်နီပြည်မှာ စစ်ကောင်စီထိန်းချုပ်နိုင်စွမ်းမရှိတာ အဓိက ဖြစ်ပါတယ်”

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေ ၃၁ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး အခုအခါမှာတော့ KNDF ထူထောင်တာ ၂ နှစ်ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။ KNDF ဟာ စတင်ဖွဲ့ စည်းတဲ့ ၂ နှစ်အတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်းအကြိမ် ၁၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ တပ်စခန်း ၁၀…

ကျိုက်ထိုမှာ လက်နက်ကြီးထိမှန်ပြီး မိသားစုဝင် ၆ ဦး ထိခိုက်ဒဏ်ရာရ

ကျိုက်ထို၊ ဇွန်(၂) မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် လှည်းလမ်းကူးကျေးရွာထဲကို စစ်ကောင်စီ အမြောက်တပ်ကနေ လက် နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာနေ မိသားစုဝင် ၆ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်မ (၄၄)လက်အောက်ခံ အမှတ်(၆၀၂) အမြောက်တပ်ဟာ ပြီးခဲ့တဲ့ မေ ၃၁ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်လောက်မှာ လှည်းလမ်းကူးလမ်းကျေးရွာထဲကို တိုက်ပွဲမရှိဘဲ…

မူးမြို့နယ်ကအရပ်သားတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်

မူး၊ ဇွန်(၂) ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင် တပ်မဟာ (၃) မူးမြို့နယ် မရမ်းစိန်လေးကျေးရွာ ဒေသခံအရပ်သားပြည်သူတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ KNU ဗဟိုက ဇွန် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့က လယ်ထဲသွားဖို့ ထွက်လာတဲ့ မရမ်းစိန်လေးရွာသား အသက် ၃၁ နှစ်အရွယ်…

စစ်အာဏာသိမ်း (၈၅၁) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၆၀၄ ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်(၂) AAPP ရဲ့ ဇွန်(၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၈၅၁)ရက်အတွင်း ပြည်သူ (၃၆၀၄)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၂၈၉၄ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၂၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…