May 2023

အာဏာရှင်ဟောင်း ဦးသန်းရွှေ နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံမယ်

နေပြည်တော် – မေ(၂) တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်းဟာ ဒီနေ့ မေလ(၂) ရက်နေ့မှာ နေပြည်တော်ကို ရောက်လာမှာဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပြင် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ ဝါဒဖြန့်မီဒီယာတွေမှာဖော်ပြထား ပါတယ်။ ပြီးခဲ့တဲ့ မေလ(၁) ရက်နေ့က မစ္စတာချင်ကန်းဟာ ဘေဂျင်းမှာ ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်ဟေဇာနဲ့ တွေ့ဆုံထားပြီး…

ပေါင်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရ

ပေါင်၊ မေ(၂) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာရှိ စစ်ကောင်စီသြဇာခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးချစ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်သွားပြီး နေအိမ်ရှိ သေနတ် ၂ လက်ကိုလည်း သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မေ ၁ ရက်နေ့ မနက်ပိုင်းက နေအိမ်မှာရှိတဲ့ ပြည်သူ့စစ်ခေါင်းဆောင်ဦးဖိုးချစ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ရှင်းလင်းစဉ် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီးနောက် ဦးဖိုးချစ်ထွက်ပြေးလွတ်မြောက်သွားတာ ဖြစ်ပါတယ်။…

အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်အရေးယူမယ်လို့ NUG ပြော

ရန်ကုန်၊ မေ(၂) စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေကို အသွင်ကူးပြောင်းရေးကာလမှာ ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရေးဝန်ကြီးဌာနက မေ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ လူထုတွေ မဲပေးရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရကနေ မတရားအာဏာသိမ်းယူမှုဟာ မြန်မာနိုင်ငံကို ကြီးမားစွာထိခိုက်နစ်နာစေခဲ့ပြီး အလွှာအသီးသီးက လုပ်သားပြည်သူတွေရဲ့ အခြေခံရပိုင်ခွင့်တွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းများစွာ ဆုံးရှုံးခဲ့ရတယ်လို့ တရားရေးဝန်ကြီးဌာနက…

အိန္ဒိယအဝယ်လိုက်နေတာကြောင့် မွန်ပြည်နယ်မှာ မတ်ပဲဈေးထပ်တက်လာ

မော်လမြိုင်၊ မေ(၂)မွန်ပြည်နယ်မှာ အိန္ဒိယနိုင်ငံကနေ မတ်ပဲမှာယူမှုများပြီး အဝယ်လိုက်နေတာကြောင့် ပဲလက်ကျန် နည်းပါးတဲ့အထိ အရောင်းသွက်နေသလို ဈေးကွက်အတွင်းမှာလည်း ပဲဈေးနှုန်းထပ်မံမြင့်တက်လာတယ်လို့ ပဲလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အိန္ဒိယနိုင်ငံဟာ သူတို့ဒေသတွင်း ရာသီဥတုအခြေအနေတွေကြောင့် ဒီနှစ်မှာပဲထွက်ရှိမှု နည်းပါးခဲ့တဲ့အတွက် ပဲလိုအပ်ချက်ကြောင့် ပြည်တွင်းကထွက်ရှိတဲ့ မတ်ပဲတွေကို အဓိကမှာယူတင်သွင်းနေတာ ဖြစ်ပါတယ်။အိန္ဒိယမှာယူမှုကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ပထမပတ်အတွင်း (၂၀) ပိဿာ တစ်တင်းကို ကျပ်(၅၃၀၀၀)…

KNU ဗဟိုခေါင်းဆောင်တချို့ကို စုံစမ်းစစ်ဆေးပေးဖို့ တပ်မဟာ(၅) တောင်းဆို

ကော်သူးလေ၊ မေ(၂) တရားမဝင်လောင်းကစားလုပ်ငန်းတွေနဲ့ အခြားသော ရာဇဝတ်မှုမကင်းတဲ့ လုပ်ငန်းတွေမှာ ဆက်နွယ်ပတ်သက်တဲ့ KNU ဗဟိုက ခေါင်းဆောင်တချို့ကို စုံစမ်းစစ်ဆေးပြီး ဆက်နွယ်ပတ်သက်တဲ့လူတွေအားလုံးကို ဖော်ထုတ်အရေးယူဆောင်ရွက်ဖို့ အပါအဝင် အချက်(၃)ချက်ကို KNU တပ်မဟာ(၅)က ဧပြီလ(၂၇)ရက်နေ့ ရက်စွဲနဲ့ KNU ဗဟိုကို တောင်းဆိုအကြံပြုထားတယ်လို့ သိရပါတယ်။ တရားမဝင်လောင်းကစားလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်မြို့သစ်စီမံကိန်းတွေမှာ KNU ဗဟိုခေါင်းဆောင်တချို့ ပါဝင်ပတ်သက်နေမှုအပေါ် KNU…

တနင်္သာရီမြို့နယ်မှာ အသက် ၉ နှစ်အရွယ် ကလေးငယ်နဲ့မိခင်ဖြစ်သူတို့ အသတ်ခံရ

တနင်္သာရီ၊ မေ (၃) တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မောတောင်မြို့ တန်ကူဘက်ခြမ်းဥယျာဉ်ခြံမှာ အလုပ်လာလုပ်တဲ့ အသက် ၉ နှစ်အရွယ်ကလေးငယ်နဲ့ မိခင်ဖြစ်သူတို့ဟာ သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ဥယျာဉ်ခြံထဲ အလုပ်လာလုပ်တဲ့ အသက် ၂၅ နှစ်အရွယ် မိခင်ဖြစ်သူ မဇာခြည်ဦးနဲ့ သားဖြစ်သူ အသက်…

လောင်းလုံးမှာ ဘုန်းကြီး ၄ ပါးအပါအဝင် ၆ ဦး ဖမ်းဆီးခံရ

လောင်းလုံး၊ မေ(၂) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပဉ္စသီမော်ကျေးရွာ ဘုန်းကြီးကျောင်းမှာ အလှူလာလုပ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတစ်ဦး ပစ်သတ်ခံရပြီးနောက် ဘုန်းကြီး ၄ ပါးအပါအဝင် ၆ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့က ပဉ္စသီမော်ကျေးရွာ ဘုန်းကြီးကျောင်းမှာ အလှူလာလုပ်တဲ့ လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ယာဉ်မောင်းတစ်ဦးဖြစ်တဲ့ကိုမင်းဝါကို…

ကယား​​ပြည်နယ်မှာ ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်သား ၂၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ PKPF ထုတ်ပြန်

လွိုင်ကော် – မေ(၁) တိုက်ပွဲတွေပြင်းထန်နေတဲ့ ကယားပြည်နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ၆၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၁၉၉၅) ဦးသေဆုံးထားတယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု PKPF က သတင်းထုတ်ပြန်ထားပါတယ်။ အခုထုတ်ပြန်ထားတဲ့ စာရင်းတွေဟာ စစ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဧပြီလ(၃၀) ရက်နေ့အထိ (၂)…