ရခိုင်ကမ်းရိုးတန်းကဒေသခံတွေ အမြန်ဆုံးတိမ်းရှောင်ကြဖို့ မိုးဇလပညာရှင်တွေတိုက်တွန်း
ကျောက်ဖြူ၊ မေ(၁၃) အင်အားပြင်း ဆိုင်ကလုန်းမိုခါမုန်တိုင်းဟာ မခန့်မှန်းနိုင်လောက်အောင် အဖျက်စွမ်းအားကြီးနိုင်တာကြေင့် ရခိုင်ကမ်းရိုးတန်းက ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကို အမြန်ဆုံးရွှေ့ပြောင်းကြဖို့ မိုးလေ ဝသပညာရှင်တွေက တိုက်တွန်းလိုက်ပါတယ်။ အားအလွန်ကောင်းတဲ့ မိုခါမုန်တိုင်းဟာ လာမယ့် မေ ၁၄ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ တောင်ပိုင်းနဲ့ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နဲ့ မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့ကြားကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။…