May 2023

အတိုက်အခံတွေရဲ့ ဝင်ငွေလမ်းကြောင်းဖြတ်တောက်ဖို့ စစ်ကောင်စီကြံစည်

စစ်ကိုင်း၊ မေ(၃၁) အတိုက်အခံအင်အားစုတွေရဲ့ ထောက်ပို့တွေကတဆင့်ရရှိနေတဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ဖြတ်တောက်ရေးနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေရဲ့ အချက်အလက်တွေရရှိရေးအတွက် ဆင်းကတ်တွေကို မှတ်ပုံတင်ဖို့နဲ့ မှတ်ပုံမတင်ရင် အပြီးပိုင်ပိတ်သိမ်းဖို့ စစ်ကောင်စီကြံစည်လာတာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက်ကတည်းက အစပျိုးခဲ့တဲ့ ဆင်းကတ်မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှု စွပ်စွဲချက်နဲ့ နိုင်ငံ့အာဏာအရပ်ရပ်ကို သိမ်း ယူထားတဲ့ စစ်ကောင်စီက ဆက်လက်အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ…

စစ်ကောင်စီရဲ့ ဒေါ်လာငွေလိုအပ်ချက်ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ထပ်မံကြုံတွေ့လာနိုင်

မော်လမြိုင်၊ မေ(၃၁) စစ်ကောင်စီရဲ့ ဒေါ်လာငွေလိုအပ်ချက်ကြောင့် အခုရက်ပိုင်းအတွင်း ဒေါ်လာဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် အခြေခံကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ထပ်မံကြုံတွေ့လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ပြောဆိုပါတယ်။ ပြည်တွင်းဒေါ်လာဈေးနှုန်းဟာ ပြီးခဲ့တဲ့မေလတတိယပတ်အတွင်း အမေရိကန်တစ်ဒေါ်လာကို ပြင်ပပေါက်ဈေး ကျပ် ၂၈၀၀ ဝန်ကျင်းသာရှိရာကနေ အခုအခါမှာတော့ တစ်ဒေါ်လာကို ကျပ် ၂၉၆၀ ဝန်းကျင်ထိ ဈေးနှုန်းမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဒေါ်လာဈေးနှုန်းဟာ စစ်ကောင်စီရဲ့ ပို့ကုန်သွင်းကုန်ကဏ္ဍမှာ နိုင်ငံခြားလိုငွေတွေ…

ကျိူက်ထိုနဲ့သထုံမှာ မိုင်းထိပြီး အရပ်သား၂ ဦးဒဏ်ရာရ

ကျိုက်ထို၊ မေ(၃၁) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ သထုံမြို့နယ်တို့မှာ မြေမြှုပ်မိုင်းနင်းမိတာနဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် အရပ်သားပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့ ည ၇ နာရီအချိန်လောက်မှာ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့နေသူ ကိုချမ်းမြေ့အောင်ဟာ ဆိုင်ကယ်နဲ့ ကမ်းနီးကျေးရွာအသွား ကျေးရွာအဝင်လမ်းမှာ မြေမြှုပ်မိုင်းထိမှန်ခဲ့တာပါ။ မြေမြှုပ်မိုင်းထိမှန်တာကြောင့်…

ကျုံဒိုးရဲစခန်းတိုက်ခိုက်ခံရပြီး ရဲမှူးတစ်ဦးအပါအဝင် ၃ ဦးဒဏ်ရာရ

ကျုံဒိုး၊ မေ(၃၁) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့မရဲစခန်းဟာ မေ ၃၀ ရက်နေ့ မနက်ပိုင်းက တိုက်ခိုက်ခံရတာကြောင့် ရဲမှူးတစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ မနက် ၉ နာရီအချိန်လောက်မှာ ကျုံဒိုးမြို့၊ အမှတ် ၂ ရပ်ကွက်ရှိ ကျုံဒိုးရဲစခန်းကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဒရုန်းနဲ့လာရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် စခန်းအတွင်း…

စစ်တပ်အားပေး အဆိုတော် လီလီနိုင်ကျော် ပစ်သတ်ခံရ

ရန်ကုန် – မေ(၃၀) ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်မှာ စစ်တပ်အားပေး အဆိုတော် လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး ဆေးရုံမှာ သေဆုံးသွားတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ မေလ(၃၀) ရက်နေ့ ညပိုင်းက ရန်ကင်းမြို့နယ် အမှတ်(၂) ရပ်ကွက် ရန်အောင်လမ်းက နေအိမ်မှာပစ်ခတ်ခံခဲ့ရတာပါ။ ပစ်ခတ်ခံရပြီးနောက် ဆေးရုံကို အရေးပေါ် ပို့ဆောင်ကုသခဲ့ပေမယ့် CT…

ရာဇဝတ်ဂိုဏ်းသားတစ်ဦးအား ဖူးခက်မှာပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ကနေဒါစစ်သားဟောင်းတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်

ဘန်ကောက်၊ မေ(၃၁) ၂၀၂၂ ခုနှစ်မှာ ရာဇဝတ်ဂိုဏ်သားတစ်ဦးအသတ်ခံရမှုနဲ့ ဆက်စပ်နေတဲ့ ကနေဒါနိုင်ငံသား မတ်တူဒျူပရီအား ထိုင်းနိုင်ငံသို့ အောင်မြင်စွာလွှဲပြောင်းလိုက်ပြီဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက မေ(၂၉)ရက်က ပြောကြား ခဲ့ပါတယ်။ အသက် ၃၈ နှစ်အရွယ် ကနေဒါစစ်သားဟောင်း ဒျူပရီဟာ ရာဇဝတ်သားတစ်ဦးဖြစ်တဲ့ ဂျီမီဆန်ဟူကို ပစ် သတ်ခဲ့တယ်လို့ ထိုင်းနိုင်ငံဗဟို စုံစမ်းထောက်လှမ်းရေး ကော်မရှင်နာက မီဒီယာကွန့်ဖရင့်ကို ပြောကြားခဲ့တာပါ။ “သတ်ဖြတ်ရှင်းလင်းခံရသူဟာ United…

AI ကြောင့် လူတိုင်း ပရိုဂရမ်မာတစ်ဦး ဖြစ်လာနိုင်ပြီလို့ အန်ဗီဒီယာ ဆော့ဝဲလ်ကုမ္ပဏီအကြီး အကဲပြော

ဝါရှင်တန် – မေ(၃၁) AI နည်းပညာကြောင့် လူတွေဟာ ကွန်ပျူတာနဲ့ စကားပြောဆိုရုံသာ လိုအပ်သောကြောင့် လက်ရှိ အချိန်မှာ ကွန်ပျူတာပရိုဂရမ်မာ ဖြစ်လာနိုင်ပြီး နည်းပညာပိုင်းခြားမှုကို အဆုံးသတ်စေပြီဖြစ် တယ်လို့ အန်ဗီဒီယာ ဆော့ဝဲလ် ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဂျန်ဆန်ဟွာက ပြောပါတယ်။ အန်ဗီဒီယာဟာ (AI) အတွက် ချစ်ပ်တွေနဲ့ ကွန်ပျူတာ စနစ်တွေကို အဓိကတင်ပို့သူဖြစ်တာ ကြောင့်…

ခရစ်ပတို ငွေပေးချေနည်းအသုံးပြုနေတာ ရပ်တန့်ဖို့ ခရီးသည်တွေကို ဘာလီအုပ်ချုပ်ရေးရုံး သတိပေး

ဘာလီ – မေ(၃၁) အင်ဒိုနီးရှားနိုင်ငံရဲ့ ရေပန်းစားတဲ့ အပန်းဖြေ ကျွန်းပေါ်မှာ Crypto ငွေကြေးသုံးစွဲပြီး ကုန်ပစ္စည်း တွေကို ငွေပေးချေနေတာတွေရပ်တန့်ဖို့ ခရီးသွားတွေကို ဘာလီကျွန်းခရိုင်ဒေသန္တရရုံးက သတိပေးခဲ့ပါတယ်။ သတိပေးချက်ဟာ အင်ဒိုနီးရှားမီဒီယာဖြစ်တဲ့ Kompas ရဲ့ သတင်းအစီရင်ခံမှု နောက်ဆက်တွဲ ထွက်ပေါ်လာတာဖြစ်ပြီး ဘာလီကျွန်းတောင်ဘက် ကမ်းခြေအချက်အချာနေရာဖြစ်တဲ့ စမီရက် မှာရှိတဲ့ စားသောက်ဆိုင်၊တရားထိုင်အနားယူစတူဒီယို၊ မော်တော်ဆိုင်ကယ်ငှားရမ်းတဲ့နေရာတွေ မှာ Crypto…