ဘန်ကောက်၊ မေ(၁၉)

ထိုင်းနိုင်ငံရွေးကောက်ပွဲရဲ့ တတိယအဆင့်အနိုင်ရပါတီဖြစ်တဲ့ ဖူမီကျိုင် (Thai Pride Party) ပါတီက နိုင်ငံရဲ့ တော်ဝင်အသိုင်းအဝိုင်းအပေါ် စောကြောဝေဖန်ခြင်းဆိုင်ရာ ဥပဒေတွေကို ပြင်ဆင်ရေးလုပ်ဆောင်မယ့် ဝန်ကြီးချုပ်မျိုးကို မဲပေးမှာမဟုတ်ဘူးလို့  မေ(၁၇)ရက်နေ့က ပြောကြားလိုက်ပါတယ်။

ဒီလိုပြောကြားလိုက်တာကြောင့် အစိုးရဖွဲ့တော့မယ့် အမြင့်ဆုံးခေါင်းဆောင်နှစ်ဦးရဲ့ လမ်းကြောင်းကို ပိုမို ရှုပ်ထွေးသွားစေခဲ့တာပါ။

“ဖူမီကျိုင် ပါတီအနေနဲ့ ပြည်သူလူထုကို အသိပေးလိုတာကတော့ ပါတီဟာ ပြစ်မှုဆိုင်ရာ ရာဇဝတ်ကျင့်ထုံးရဲ့ အခန်း ၁၁၂ ကို ပြင်ဆင်/ပယ်ဖျက်လိုတဲ့ မည်သည့်နိုင်ငံရေးပါတီနှင့်မျှ အစိုးရတစ်ရပ် ဖွဲ့သွားမယ့် အနေအထားတွင်မရှိပါ” လို့  ထုတ်ပြန်ချက်မှာ အတိအလင်း ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Move Forward ပါတီဟာ နိုင်ငံရည်ရွယ်ချက်တွေနဲ့ ထိုင်းဘုရင်ကို စောကြော ဝေဖန်ပါက ထောင်ဒဏ် ၁၅ နှစ်ထိချနိုင်တဲ့ ဥပဒေကို မဖျက်သိမ်းပဲ ပြင်ဆင်ရန် အတွက်သာ တောင်းဆိုခဲ့ တာပါ။

ဖူမီကျိုင်ခေါ် Thai Pride Party ကတော့ အောက်လွှတ်တော်မှာ ထိုင်ခုံ ၇၀ သာ အနိုင်ရရှိထားပြီး အလားအ လာရှိတဲ့ အုပ်ချုပ်သူအဖြစ် ဝန်ကြီးချုပ်ပရရွတ်ရဲ့ပါတီနဲ့အစိုးရတစ်ရပ် ဖွဲ့လိုခြင်းဖြစ် ပါတယ်။

အောက်လွှတ်တော်မှာနေရာအနည်းငယ်သာရရှိပြီး အစိုးရအဖြစ် အုပ်ချုပ်ဖို့ အခွင့်အလမ်းနည်း နေကြတဲ့  စစ် တပ်နဲ့ ဆက်နွယ်နေတဲ့ပါတီတွေဟာ အနည်းစုအစိုးရတစ်ရပ်ဖွဲ့နိုင်ရေးအတွက် သီအိုအားဖြင့် နည်းလမ်းရှာ နိုင်ပြီး ဝန်ကြီးချုပ်အဖြစ်ရွေးချယ်နိုင်ရေးအတွက် အထက်လွှတ် တော်ရဲ့ ထောက်ခံမှုကို မှီခိုလာနိုင်တာပါ။

တစ်ဖက်မှာလည်း ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲအနိုင်ရ ထိပ်တန်းပါတီနှစ်ပါတီနဲ့ အခြားသောပါတီ တွေပါဝင်တဲ့ စုစုပေါင်း ၆ ပါတီတို့ဟာ ညွှန့်ပေါင်းအစိုးရဖွဲ့ရေးအတွက် မနေ့က တွေ့ဆုံမှုတွေရှိခဲ့ ပါတယ်။  

အောက်လွှတ်တော်ထိုင်ခုံ ၅၀၀ အနက် ၃၀၀ ကျော်ပိုင်ဆိုင်မယ့် ခြောက်ပါတီညွှန့်ပေါင်းအဖွဲ့ ဖြစ်ပေါ် ရေးအတွက် ဆောင်ရွက်နေကြတာဖြစ်ပြီး  ဝန်ကြီးချုပ်ရာထူးကို ရရှိဖို့အတွက်ကတော့ အထက်လွှတ် တော်အပါအဝင် လွှတ်တော် နှစ်ရပ်စလုံးရဲ့ အများစုအင်အားကို ဖြတ်သန်းရမှာ ဖြစ်ပါတယ်။

အထက်လွှတ်တော်ကတော့  အရင်စစ်ခေါင်းဆောင်ရဲ့ လက်တင်ရွေးချယ်ထားတဲ့အဖွဲ့ဝင် ၂၅၀နဲ့ ဖွဲ့စည်းထား တာလည်း ဖြစ်ပါတယ်။

အချို့သော အထက်လွှတ်တော်အမတ်တွေကတော့ ဟားဗက်ပြန် ပညာတတ် ပီတာရဲ့ အတိုက်အခံပြုမှုနဲ့ ဆန်ကျင့်ရေးရပ်တည်ချက်တွေကို ပြင်းပြင်းထန်ထန်ဝေဖန်ထားကြတာပါ။

“ပီတာကို ဝန်ကြီးချုပ်အဖြစ် ကျွန်တော်လက်မခံပါဘူး။ ဝန်ကြီးချုပ်ဖြစ်မယ့် ကိုယ်စားလှယ် လောင်းဟာ နိုင်ငံနဲ့ ဘုရင့်အုပ်ချုပ်ရေးကို ချစ်ဖို့လိုအပ်ပါမယ်” လို့ အထက်လွှတ်တော်အမတ် တစ်ဦးက ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ သက်ဆင်ကလည်း  Pheu Thai ပါတီအနေနဲ့ Move Forward နှင့် ညွှန့်ပေါင်းဖွဲ့ဖို့ သဘောတူပြီးပါက ဘုရင့်အုပ်ချုပ်ရေးကို အန္တရာယ်ပြုမယ့် ဘယ်လိုအရာမျိုးကိုမှ  လုပ်ဆောင်ခြင်းပြုမှာမဟုတ်ကြောင်း ပြောကြားထားပြန်ပါတယ်။

သက်ဆင်ရဲ့ သမီးဖြစ်သူ Pheu Thai ပါတီ ဝန်ကြီးချုပ်ကိုယ်စားလှယ်ကတော့ ပါလီမန်အတွင်းမှာ ဝိဝါဒကွဲပြား စရာကောင်းနေတဲ့ ဘုရင့်ဥပဒေကို ပြင်ဆင်ဖို့ ဆွေးနွေးမှုတွေကို သူမရဲ့ပါတီအနေနဲ့ ကြိုဆိုဖွင့်လှစ်ထားပြီလို့ လည်းပြောကြားခဲ့ပါတယ်။

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.