တရုတ်မြို့ကြီးတွေမှာ စံချိန်ကျိုးအောင်ပူနေပြီး ဆက်လက်မြင့်တက်ဖွယ်ရှိနေ
ဘေဂျင်း၊ မေ(၁၆) တရုတ်နိုင်ငံရှိ မြို့ကြီးတွေမှာ လျှပ်စစ်မီးရရှိမှု၊ ကောက်ပဲသီးနှံတွေနဲ့ စီးပွားရေးကို ခြိမ်းခြောက်နိုင်တဲ့ စံချိန်တင် အပူချိန် နောက်ထပ်တစ်နှစ်အထိ ကြုံတွေ့နေရတာကြောင့် အပူချိန် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။ တရုတ်နိုင်ငံဟာ မတ်လကတည်းက ဒေသအများအပြားမှာ အပူလှိုင်းဒဏ်ကို ခံစားခဲ့ရတာဖြစ်ပြီး ရာသီဥတု အေးလို့ နာမည်ကျော်လူသိများတဲ့ အနောက်တောင်ဘက် ယူနန်ပြည်နယ်မှာတောင် မကြာသေးမီက အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်အထိ ကြုံတွေ့ခဲ့ရတာပါ။…