May 13, 2023

ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကာကွယ်ဆေးပံ့ပိုးပေးမယ့် အစီအစဉ်အသစ်ကို G7 နိုင်ငံတွေအကြား ဆွေးနွေးမယ်

တိုကျို၊ မေ(၁၄) G7 အဖွဲ့ဝင် နိုင်ငံတွေရဲ့ လာမယ့်အပတ်မှာကျင်းပမယ့် ထိပ်သီးခေါင်းဆောင်တွေအစည်းအဝေး မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေသို့ ကာကွယ်ဆေး‌ဖြန့်ဝေရေး အစီအစဉ်သစ်တစ်ခုကို တည်ဆောက်ဖို့ သဘောတူညီ ထားပြီးဖြစ်တယ်လို့ ဂျပန်နိုင်ငံက ရိုမီယူရီ သတင်းစာက ဖော်ပြထားပါတယ်။ G7 အပြင် အိန္ဒိယကဲ့သို့ G20 နိုင်ငံတွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၊ ကမ္ဘာ့ဘဏ်ကဲ့သို့သော နိုင်ငံတ ကာ အဖွဲ့တွေလည်း…

ရုရှားနဲ့ ယူကရိန်းနိုင်ငံတွေကို တရုတ်အထူးကိုယ်စားလှယ် သွားရောက်မယ်

မော်စကို – မေ(၁၄) ရုရှား၊ယူကရိန်းနဲ့ တခြားဥရောပနိုင်ငံတွေကို လာမယ့် မေလ(၁၅) ရက်နေ့ကစပြီး တရုတ်နိုင်ငံက အထူးသံတမန်တစ်ဦး စေလွှတ်သွားမှာဖြစ်ပြီး ရုရှားရဲ့ ကျူးကျော်စစ်စတင်ပြီးနောက်ပိုင်း စစ် ဒဏ်ခံနေရတဲ့ နိုင်ငံကို သွားရောက်မယ့် တရုတ်နိုင်ငံရဲ့ ထိပ်တန်း သံတမန်တစ်ဦး ဖြစ်တယ် လို့ သိရပါတယ်။ တရုတ်ဟာ ယူကရိန်းအရေးကနေ အရှေ့အလယ်ပိုင်းအထိ ကမ္ဘာ့အကျပ်အတည်းတွေကို ဖြေရှင်းရာမှာ ဦးဆောင်အခန်းကဏ္ဍကနေ ကြားဝင်ဖျန်ဖြေသူအဖြစ်…

ဘတ်ငွေသန်း(၃၀၀)ကျော်တန်ဖိုးရှိတဲ့ အလှူငွေအလွဲသုံးစားလုပ်တဲ့ ထိုင်းဘုန်းကြီး (၇) ပါး အပါအဝင် (၉) ဦးဖမ်းခံထားရ

ဘန်ကောက် – မေ(၁၄) ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက ဘုန်တော်ကြီး ကျောင်းတစ်ခုကို လှူဒါန်းထားတဲ့ ဘတ်ငွေ သန်း (၃၀၀) ကျော်တန်ဖိုးရှိတဲ့ ဝတ္ထုငွေ ဆက်စပ်ပစ္စည်းတွေကို အလွဲသုံးစားလုပ်တယ်လို့ သံသယရှိ တဲ့ ရဟန်း(၇) ပါး အပါအဝင် (၉) ဦးဖမ်းဆီးခံထားရပါတယ်။ အကျင့်ပျက်ခြစားမှုနဲ့ အလွဲသုံးစားပြုမှုတွေအတွက် ပြစ်မှုဆိုင်ရာရုံးတော်က ဘာသာရေး ဦးဆောင်တဲ့ ရဟန်းတွေရဲ့ လုပ်ရပ်ဟာ ဗုဒ္ဓဘာသာကို…

ရန်ကုန်မြို့မှာ ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲမှုတွေဖြစ်နေ

ရန်ကုန် – မေ(၁၃) ရန်ကုန်မြို့အတွင်းက မြို့နယ်တွေမှာ ဒီနေ့ မေလ(၁၃) ရက် ညနေပိုင်းမှာ ရုတ်တရက်လေပြင်း တိုက်ခတ်မှုတွေကြောင်း သစ်ပင်ပြိုလဲတာတွေ၊ဓာတ်တိုင်လဲတာတွေဖြစ်နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ သစ်ပင်ကျိုးတာနဲ့ ဓာတ်တိုင်ပြိုလဲမှုတွေကြောင့် လမ်းပိတ်ဆို့မှုတွေဖြစ်ပေါ်နေသလို လျှပ်စစ်မီး ပျက်တောက်မှုတွေလည်း ဖြစ်ပေါ်နေတာပါ။ လက်ရှိအချိန်မှာတော့ မီးသတ်တပ်ဖွဲ့ဝင်တွေက လမ်းပိတ်ဆို့နေတဲ့ နေရာတွေကို သွားရောက် ရှင်းလင်းနေတယ်လို့ အသိပေးထားပါတယ်။ ဓာတ်ပုံ –…

သာကေတက ကြယ်စင်လင်းရွှေဆိုင် သေနတ်ပြ လုယက်ခံရ

ရန်ကုန် – မေ(၁၃) ရန်ကုန်တိုင်း၊သာကေတမြို့နယ် (၉) ရပ်ကွက်၊ ဧရာဝဏ်လမ်းမှာဖွင့်ထားတဲ့ ကြယ်စင်လင်း ဆိုတဲ့ ရွှေဆိုင်ကို လူလေးဦးက သေနတ်ပြ လုယက်သွားခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ နဲ့နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ မေလ(၁၃) ရက်နေ့ မနက်(၁၀) နာရီခွဲလောက်က ပရိုဘောက်စ် ကားအဖြူရောင် နဲ့ လူ(၄)ဦးကပစ္စတိုသေနတ်ပြပြီး ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြီး…

တောင်ကုတ်မြို့ နယ်ရှိ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်တဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ဘုန်းကြီးကျောင်းတွေဆီ မုန်တိုင်းခိုလှုံဖို့ပြောင်းရွှေ့ပေး

တောင်ကုတ်၊ မေ (၁၃) မိုခါမုန်တိုင်းကျရောက်မယ်လို့ ကြိုတင်ခန့််မှန်းထားတဲ့ ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်ရှိ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်တဲ့ ပင်လယ်ကမ်းခြေကျေးရွာတွေက ဒေသခံတွေကို ခရိုင်သဘာဝဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီက မုန်တိုင်းဘေးလွတ်ရာနေရာ ယာယီစခန်းအဖြစ် သတ်မှတ်ထားတဲ့ မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတွေဆီကို ပြောင်းရွှေ့ပေးနေတယ်လို့သိရပါတယ်။ ယာယီခိုလှုံရာစခန်းတွေဆီကို ရွှေ့ပြောင်းနေတဲ့ ဒေသခံတွေဟာ ငမောက်ချောင်း ကျေးရွာအုပ်စု ၊ ဖောင်းခါးကျေးရွာအုပ်စု ၊…

ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီကမ်းခြေရဲ့ မေလ(၁၃) ရက်နေ့ မနက်ပိုင်းအခြေအနေ

သံတွဲ – မေ(၁၃) ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ငပလီကမ်းခြေရဲ့ ဒီနေ့ မေလ(၁၃) ရက်နေ့ မနက်ပိုင်းအခြေအနေ မြင်ကွင်းကို ဖော်ပြပေးလိုက်ပါတယ်။ မုန်တိုင်းအန္တရာယ်ကြောင့် လေကြောင်းလိုင်းတွေကို ယာယီရပ်နားလိုက်တဲ့ အတွက် ငပလီကမ်းခြေက ပြန်မရဖြစ်နေတဲ့ ခရီးသွားဧည့်သည်တွေကို မုန်တိုင်းပြီးချိန်အထိ ဆက်လက်နားခိုခွင့်ပေးထားတယ်လို့ သိရပါတယ်။ ဓာတ်ပုံ – CJ

ရခိုင်ပြည်နယ် စစ်တွေမြို့ရဲ့ မေလ(၁၃) ရက်နေ့ မနက်ပိုင်းမြင်ကွင်း

စစ်တွေ – မေ(၁၃) ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရဲ့ ဒီနေ့ မေလ(၁၃) ရက်နေ့ မနက်ပိုင်း အခြေအနေမြင်ကွင်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။ စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ရခိုင်ပြည်နယ်က မြို့နယ်(၇) မြို့နယ်ကို အနီရောင်အဆင့်အဖြစ် သတ်မှတ်ထားပြီး အဲဒီမြို့နယ်တွေထဲမှာ စစ်တွေမြို့လည်း အပါအဝင်ဖြစ်ပါ တယ်။ လက်ရှိအချိန်မှာတော့ စစ်တွေမြို့ခံတွေဟာ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ…

မိုခါမုန်တိုင်း ရခိုင်မြောက်ပိုင်းကိုဦးတည်နေပြီး တစ်နာရီ ၁၃၂ မိုင်ကနေ ၁၄၀ မိုင်အထိ တိုက်ခတ်နိုင်

ရန်ကုန်၊ မေလ (၁၃) မိုခါမုန်တိုင်းဟာ ရခိုင်မြောက်ပိုင်းကို ဦးတည်နေပြီး တစ်နာရီ ၁၃၂ မိုင်ကနေ ၁၄၀ မိုင်အထိ လေပြင်းတွေတိုက် ခိုက်နိုင်တယ်လို့ မိုးလေဝသ ပညာရှင်စုစုစံက ပြောပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိပြုကြဖို့နဲ့ အဲဒီဒေသကို ဦးတည်နေတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ အဖျက်စွမ်းအားအပြင်းထန်ဆုံးလို့ သတ်မှတ်ထားတဲ့ တစ်နာရီလေတိုက်ခတ် နှုန်း ၁၃၂ မိုင်နဲ့ လေပြင်းတိုက်ချိန် ၁၄၀မိုင်တိုက်ခတ်နိုင်တယ်လို့…