ဘန်ကောက်၊ မေ(၁၂)
လူသန်းပေါင်းများစွာရဲ့ ချစ်ခင်နှစ်သက်ခြင်းနဲ့ ကဲ့ရဲ့ရှုတ်ချခြင်းကို တပြိုင်နက်တည်းခံနေရတဲ့ ထိုင်းဘီလျံနာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ ၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားချိန်ကတည်းက ထိုင်းနိုင်ငံရဲ့ ရုန်းကန်နေရဆဲ နိုင်ငံရေးကို ဆယ်စုနှစ်နှစ်ခုကျော်ကြာအောင် အကဲခတ်နေခဲ့ပါတယ်။
ဇူလိုင်လအတွင်းက ထုတ်ပြန်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ ပြည်တော်ဝင်အစီအစဉ်ကြောင့် လာမယ့် တနင်္ဂနွေနေ့မှာ မဲသွားပေးမယ့် ပြည်သူတွေကို သက်ရောက်မှုရှိနိုင်စေမယ်လို့ လေ့လာသူတွေက ပြောဆို နေကြပါတယ်။
သက်ဆင်ရဲ့သမီးဖြစ်သူ အသက် ၃၆ နှစ်အရွယ် ဖယ်တုံတန်ရှင်နာဝါထရာဟာ အတိုက်အခံ Pheu Thai ပါတီရဲ့ ထိပ်တန်းဝန်ကြီးချုပ်လောင်းတစ်ဦးဖြစ်ပါတယ်။
ဒါပေမယ့်လည်း စစ်တပ်လွှမ်းမိုးချုပ်ကိုင်မှုကို အဆုံးသတ်ဖို့ တခြားအတိုက်အခံပါတီတွေနဲ့ ညွှန့်ပေါင်းအစိုး ရဖွဲ့ဖို့ စတဲ့ ကတိကဝတ်တွေကို ပယ်ချပြီး ဖခင်ဖြစ်သူရဲ့ ပြည်တော်ဝင်ရေး အစီအစဉ်ကို အလေးအနက် ထားမယ်ဆိုရင်တော့ ရွေးကောက်ပွဲအလွန်မှာ ဖျူထိုင်းပါတီဟာ လူတွေယူဆထားတဲ့အတိုင်း ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာနိုင်တာပါ။
“သက်ဆင်ကို အိမ်ပြန်နိုင်စေဖို့အတွက် ဖီယူထိုင်းပါတီဟာ သူတို့ရဲ့ ပြိုင်ဘက်ဟောင်းတွေနဲ့ ပေါင်းစည်းနိုင်မယ့် သဘောတူညီချက်တစ်ခုကို ရှာဖွေနေကြောင်းကို အရိပ်အမြွက်ပြလာနိုင်တယ်” လို့ အူဘွန်ရတ်ချတ်ဌာနီ တက္က သိုလ်မှ နိုင်ငံရေးသိပ္ပံဌာနမှူး က ပြောကြားခဲ့ပါတယ်။
ထိုင်းစစ်တပ်ရဲ့ နောက်ဆုံးအကြိမ် ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုမှာ တရားရုံးတွေဟာ သက်ဆင်လိုလားတဲ့ အစိုးရအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို ဖယ်ရှားပြီး သူ့အပေါ်သစ္စာခံပါတီတွေကို ဖျက်သိမ်းဖို့ ကြားဝင် ဆောင်ရွက်ပေးခဲ့တာပါ။
လက်ရှိအချိန်မှာတော့ သက်ဆင်ကတော့ ထောက်ခံသူတွေနဲ့ ပြိုင်ဘက်တွေအကြား နှစ်ပေါင်းများစွာ သွေးထွက်သံယို ပရမ်းပတာဖြစ်စေခဲ့တဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ခုရဲ့ တည်ချက်နေရာကို ပြန်လည် ဝင်ရောက်လာနိုင်တဲ့ အခြေအနေရှိနေတယ်လို့လည်း သိရပါတယ်။
Ref; Straits Times