ဘန်ကောက် – မေ(၉)
ထိုင်းနိုင်ငံရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ကြိုတင်မဲပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ပရာယွတ်ခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကိုတိုင်ကြားချက်တွေ လူမှုကွန်ရက် မှာဝေဖန်မှုတွေ မြင့်တက်လာပြီးနောက် ကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေ ပါတယ်။
အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေး လူထုကွန်ရက်အဖွဲ့က အမည်တွေမပါဝင်တာ၊ မဲဆန္ဒလွှာမှာ လူမှားယွင်းတာ၊ မဲရုံရှိ ယှဉ်ပြိုင်ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်း မပြည်စုံတာ စတဲ့ တိုင်တန်ချက်(၃၀၀) ကျော်ကို ရွေးကောက်ပွဲအကြိုကာလမှာ ပေးပို့ခဲ့တာပါ။
လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး (၈) နှစ်အတွင်း ဒုတိယ အကြိမ် အာဏာသိမ်းပြီးနောက် ကိုးနှစ်ကျော်ကြာတဲ့အထိ အုပ်ချုပ်နေတဲ့ အစိုးရက ဦးဆောင် ကျင်းပမဲ့ ရွေးကောက်ပွဲကို လာမယ် မေလ(၁၄) ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်ကတော့ တိုင်တန်းချက် (၉၂) ခုကို လက်ခံရရှိထားသလို စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ဆိုကာ ရွေးကောက်ပွဲနေ့မှာ အလားတူအမှားမျိုး မဖြစ်စေရဘူးလို့ အာမခံထားပါတယ်။
ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့နဲ့ ထိုင်းနိုင်ငံ NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ iLaw ရဲ့ ဒါရိုက်တာဖြစ်သူက ဒီအမှားတွေဟာ ကြီးမားတဲ့ အမှားမျိုးမဟုတ်ဘဲ မြေပြင်ဝန်ထမ်းတွေရဲ့ သင်တန်းမရထားတာနဲ့ နားလည်မှု အားနည်းတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။
“ သူတို့က စနစ်ကို နားမလည်ဘူး၊ ဒါကြောင့် သူတို့ နားလည်သလိုပဲ လုပ်နေကြတာ။ ဒီဖြစ်စဥ် တွေအတွက်တော့ ကျွန်ုပ်အထင်ဆို ရိုးသားတဲ့ အမှားမျိုးတွေပါပဲ” လို့ သူက ပြောပါသေးတယ်။
လက်တလောဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ထိုင်းရွေးကောက်ပွဲကော်မရှင်ဟာ ၂၀၁၄ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာ ခန့်အပ်ထားတဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ။
ထိုင်းနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ကတော့ အမှားတွေနဲ့ပတ်သက်ပြီး ငြင်းဆိုထားသလို အမှား တွေကို ပြင်ဆင်ဖို့ ပြန်လည်ရေတွက်ဖို့တွေကို ရွေးကောက်ပွဲအမီဖြစ်ဖို့ အချိန်လိုအပ်တယ်လို့ ပြောပါတယ်။
Ref: Reuters