သည်ဟိတ် – မေ(၅) 

ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ယူကရိန်းကျူးကျော်စစ်အတွက် တရားမျှတမှုနဲ့ ရင်ဆိုင်ရ မယ်လို့ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက နိုင်ငံတကာ ရာဇဝတ်တရားရုံး(ICC) အခြေစိုက်တဲ့ The Hague ကိုရောက်ရှိချိန်မှာသတိပေးခဲ့ပါတယ်။ 

ယူကရိန်းကလေးငယ်တွေကို ပြည်နှင်ဒဏ်ပေးခဲ့တာနဲ့ပတ်သက်ပြီး ICC တရားရုံးက ပူတင်ကို ဖမ်းဝရမ်းထုတ်ထားပြီး ဥရောပကော်မရှင်ကလည်း ရုရှားက ယူကရိန်းမှာ ရန်စမှုကျူးလွန်ခြင်း ဆိုင်ရာ နိုင်ငံတကာ ဗဟိုဌာနကို သည်ဟိတ်မှာ အကောင်အထည်ဖော်သွားမယ်လို့ ပြောခဲ့တာပါ။

“နိုင်ငံတကာဥပဒေရဲ့ မြို့တော်ဖြစ်တဲ့ သည်ဟိတ်မှာ သူ့ရဲ့ရာဇ၀တ်မှုတွေအတွက် ဒဏ်ခတ် အရေးယူခံထိုက်သူအဖြစ် မတူညီတဲ့ ဗလာဒီမာကို ကျွန်တော်တို့အားလုံး တွေ့ချင်ကြပါတယ်” လို့  ဇယ်လန်းစကီးက ပူတင်ကိုရည်ညွှန်းပြီး သူ့ရဲ့မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။ 

ဒါ့အပြင် စစ်ပွဲအနိုင်ရတဲ့အချိန်မှာ အဲဒီလိုမြင်ကွင်းမျိုးကို မြင်ရမှာဖြစ်သလို စစ်ကိုသယ်ဆောင် လာသူ ဘယ်သူမဆို တရားစီရင်ခြင်းကို ခံရမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။ 

ICC အဖွဲ့ဝင်မဟုတ်တဲ့ ရုရှားကတော့ သူ့အပေါ်တရားစီရင်ပိုင်ခွင့်ကို ငြင်းပယ်ထားပြီး အိမ်နီး ချင်း နိုင်ငံကို စစ်ရေးကင်းရှင်းရေးအတွက် အထူးစစ်ဆင်ရေးလို့ ခေါ်တဲ့ စစ်ပွဲမှာ ယူကရိန်းနိုင်ငံ အပေါ် ကျူးလွန်တဲ့ ပဋိပက္ခအတွင်းက ရက်စက်မှုတွေကို ငြင်းဆန်ထားပါတယ်။ 

နယ်သာလန်နိုင်ငံက ယူကရိန်းကို ထောက်ခံထားသလို ရုရှားနဲ့ နေတိုး ပဋိပက္ခဆီ မရောက်သရွေ့ ယူကရိန်းအတွက် ဘယ်လိုစစ်ရေးထောက်ပံ့မှုမျိုးကိုမှ ပယ်ချမှာမဟုတ်ဘဲ ဆက်လက်ထောက်ပံ့ သွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ရုတီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ပြောထားပါတယ်။ 

ဥရောပ ကော်မရှင်အကြီးအကဲက ယူကရိန်းမှာ ကျူးကျော်မှု ကျူးလွန်ခြင်းဆိုင်ရာ နိုင်ငံတကာ ဗဟိုဌာနကို သည်ဟိတ်မှာ အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ယူကရိန်းမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် ICC က တရားစွဲနိုင်ပေမယ့် အဲဒီနေရာမှာ ရုရှား က ရန်စတဲ့ ရာဇဝတ်မှုတွေ အတွက်တော့ တရားစီရင်ပိုင်ခွင့်မရှိဘူးလို့ ပြောခဲ့ပါတယ်။ 

လက်ရှိအချိန်မှာတော့ ယူကရိန်းဟာ တောင်ပိုင်းနဲ့ အရှေ့ဘက်မှာရှိတဲ့ ရုရှား သိမ်းပိုက်ထားတဲ့ နယ်မြေကို ပြန်လည်သိမ်းယူဖို့ တန်ပြန်ထိုးစစ်အတွက် ပြင်ဆင်နေသလို ရုရှားကလည်း တိုက်ခိုက် မှုတွေကို အရှိန်မြှင့်ခဲ့ပြီး ခါဆွန်မြို့တောင်ပိုင်း ရှေ့တန်း ဒေသမှာ ရုရှားရဲ့ ပစ်ခတ်မှု ကြောင့် အနည်းဆုံး အရပ်သား (၂၃) ဦးသေဆုံးထားတယ်လို့ သိရပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.